သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမၻာ့ဥတုရာသီညီလာခံ ႏိုင္ငံ့ေခါင္းေဆာင္ ၆၀ တက္ေရာက္


ႏိုင္ငံတကာေခါင္းေဆာင္ေတြ တက္ေရာက္ၾကမယ့္ ကမာၻႀကီး ပူေႏြးေဖာက္ျပန္လာမႈ တိုက္ဖ်က္ေရးညီလာခံကို New York ၿမိဳ႕က ကုလသမဂၢဌာနခ်ဳပ္မွာ ဒီကေန႔ စတင္က်င္းပပါတယ္။

သမၼတနဲ႔ ဝန္ႀကီးခ်ဳပ္ စုစုေပါင္း ၆၀ ေလာက္ တက္ေရာက္မိန္႔ခြန္းေျပာမယ္လို႔ ေမွ်ာ္လင့္ရတဲ့ ညီလာခံမွာ ေလထုညစ္ညမ္းေစတဲ့ ေက်ာက္မီးေသြးအစား ျပန္ျပည့္ၿမဲစြမ္းအင္ကို ေျပာင္းသံုးေရး၊ သဘာဝေဘးဒဏ္ေတြကို ကာကြယ္ တံု႔ျပန္ေရးနဲ႔ ရာသီဥတု တိုက္ဖ်က္ေရးအတြက္ ဘ႑ာေငြသံုးစဲြေရးဆိုင္ရာ ကိစၥေတြကို ေဆြးေႏြးၾကမွာ ျဖစ္ပါတယ္။

ဒီညီလာခံရဲ႕ အေရးပါမႈကို ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres က မီးေမာင္းထိုးျပမွာ ျဖစ္သလို ကမာၻ႔ေခါင္းေဆာင္ေတြအေနနဲ႔ စကားလွလွေတြသံုးၿပီး မိန္႔ခြန္းေျပာတာထက္ ကမာၻႀကီးပူေႏြးလာမႈ တိုက္ဖ်က္ေရးအတြက္ ခိုင္မာတဲ့ အစီအစဥ္ေတြခ်ျပဖုိ႔ ေျပာၾကားမယ္လို႔ ခန္႔မွန္းရပါတယ္။ ဒီညီလာခံကို အေမရိကန္သမၼတ Donald Trump ေတာ့ တက္ေရာက္မွာမဟုတ္ပါဘူး။

ဒီေန႔ တေန႔ထဲမွာ က်င္းပတဲ့ လူနည္းစုဘာသာဝင္ေတြ၊ အထူးသျဖင့္ ခရိယာန္ ဘာသာဝင္ေတြအေပၚ ႏွိပ္ကြပ္ခံေနရတဲ့ ကိစၥဆိုင္ရာ ေဆြးေႏြးပြဲကုိ သမၼတ Trump တက္ေရာက္မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ Pakistan, Poland, New Zealand, Singapore, Egypt နဲ႔ ေတာင္ Korea ေခါင္းေဆာင္ေတြနဲ႔လည္း အေမရိကန္သမၼတ သီးျခားစီေတ႔ြဆံုဖုိ႔ အစီအစဥ္ ႐ွိပါတယ္။

ကမာၻႀကီး ပူေႏြးလာမႈ တိုက္ဖ်က္ေရး လႈပ္႐ွားသူေတြကေတာ့ Washington ၿမိဳ႕ေတာ္ တခုလံုး လံုးဝရပ္နားသြားေစဖို႔ ရည္႐ြယ္ခ်က္နဲ႔ ၿမိဳ႕ထဲက အဓိကလမ္းမေတြ၊ အဝင္အထြက္လမ္းေတြ၊ လမ္းဆံုေတြကို ပိတ္ဆို႔ ဆႏၵျပေနၾကပါတယ္။ ေက်ာင္းေတြ၊ အလုပ္ေတြ၊ မသြားၾကဘဲ သူတို႔နဲ႔အတူ ပါဝင္ဆႏၵျပၾကဖုိ႔လည္း ဆႏၵျပသူေတြက ေဆာ္ၾသထားၾကပါတယ္။

ၿပီးခဲ့တဲ့ ေသာၾကာေန႔တုန္းကလည္း ဒီေန႔စတင္တဲ့ ကုလသမဂၢညီလာခံမစခင္ အခ်ိန္ကိုက္ၿပီး ကမာၻ႔ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ ေက်ာင္းသား ေက်ာင္းသူေတြ ဦးေဆာင္တဲ့ ရာသီဥတုဆိုင္ရာ ဆႏၵျပပြဲေတြ က်င္းပခဲ့တာမွာ လူေပါင္း သန္းနဲ႔ခ်ီ ပါဝင္ခဲ့ၾကပါတယ္။

ကမာၻ႔ရာသီဥတု ပူေႏြးလာမႈ တိုက္ဖ်က္ေရးညီလာခံ မတိုင္ခင္ ႏိုင္ငံတကာ မိုးေလဝသအဖဲြ႔ႀကီးက ျပဳစုတဲ့ အစီရင္ခံစာကို ကုလသမဂၢက ထုတ္ျပန္ခဲ့ပါတယ္။ အဲဒီထဲမွာ ကာဘြန္ဓါတ္ေငြ႔ေၾကာင့္ ေလထုညစ္ညမ္းမႈ အ႐ွိန္ျမန္ျမန္ ျမင့္တက္ေနတဲ့အျပင္ ကမာၻႀကီးကလည္း ပုိၿပီးပူေႏြးလာေနသလို ေရခဲထုႀကီးေတြ အရည္ေပ်ာ္က်ၿပီး ေရမ်က္ႏွာျပင္ေတြ ျမင့္တက္မႈကလည္း အ႐ွိန္ျမန္ေနတယ္လို႔ ေဖာ္ျပထားပါတယ္။

[Unicode Version]

နိုင်ငံတကာခေါင်းဆောင်တွေ တက်ရောက်ကြမယ့် ကမ္ဘာကြီး ပူနွေးဖောက်ပြန်လာမှု တိုက်ဖျက်ရေးညီလာခံကို New York မြို့က ကုလသမဂ္ဂဌာနချုပ်မှာ ဒီကနေ့ စတင်ကျင်းပပါတယ်။

သမ္မတနဲ့ ဝန်ကြီးချုပ် စုစုပေါင်း ၆၀ လောက် တက်ရောက်မိန့်ခွန်းပြောမယ်လို့ မျှော်လင့်ရတဲ့ ညီလာခံမှာ လေထုညစ်ညမ်းစေတဲ့ ကျောက်မီးသွေးအစား ပြန်ပြည့်မြဲစွမ်းအင်ကို ပြောင်းသုံးရေး၊ သဘာဝဘေးဒဏ်တွေကို ကာကွယ် တုံ့ပြန်ရေးနဲ့ ရာသီဥတု တိုက်ဖျက်ရေးအတွက် ဘဏ္ဍာငွေသုံးစွဲရေးဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဒီညီလာခံရဲ့ အရေးပါမှုကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က မီးမောင်းထိုးပြမှာ ဖြစ်သလို ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ စကားလှလှတွေသုံးပြီး မိန့်ခွန်းပြောတာထက် ကမ္ဘာကြီးပူနွေးလာမှု တိုက်ဖျက်ရေးအတွက် ခိုင်မာတဲ့ အစီအစဉ်တွေချပြဖို့ ပြောကြားမယ်လို့ ခန့်မှန်းရပါတယ်။ ဒီညီလာခံကို အမေရိကန်သမ္မတ Donald Trump တော့ တက်ရောက်မှာမဟုတ်ပါဘူး။

ဒီနေ့ တနေ့ထဲမှာကျင်းပတဲ့ လူနည်းစုဘာသာဝင်တွေ၊ အထူးသဖြင့် ခရိယာန် ဘာသာဝင်တွေအပေါ် နှိပ်ကွပ်ခံနေရတဲ့ကိစ္စဆိုင်ရာ ဆွေးနွေးပွဲကို သမ္မတ Trump တက်ရောက်မှာဖြစ်ပါတယ်။ ဒါ့အပြင် Pakistan, Poland, New Zealand, Singapore, Egypt နဲ့ တောင် Korea ခေါင်းဆောင်တွေနဲ့လည်း အမေရိကန်သမ္မတ သီးခြားစီတေ့ွဆုံဖို့ အစီအစဉ် ရှိပါတယ်။

ကမ္ဘာကြီးပူနွေးလာမှု တိုက်ဖျက်ရေး လှုပ်ရှားသူတွေကတော့ Washington မြို့တော် တခုလုံး လုံးဝရပ်နားသွားစေဖို့ ရည်ရွယ်ချက်နဲ့ မြို့ထဲက အဓိကလမ်းမတွေ၊ အဝင်အထွက်လမ်းတွေ၊ လမ်းဆုံတွေကို ပိတ်ဆို့ ဆန္ဒပြနေကြပါတယ်။ ကျောင်းတွေ၊ အလုပ်တွေ၊ မသွားကြဘဲ သူတို့နဲ့အတူ ပါဝင်ဆန္ဒပြကြဖို့လည်း ဆန္ဒပြသူတွေက ဆော်သြထားကြပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့တုန်းကလည်း ဒီနေ့စတင်တဲ့ ကုလသမဂ္ဂညီလာခံမစခင် အချိန်ကိုက်ပြီး ကမ္ဘာ့နိုင်ငံတော်တော်များများမှာ ကျောင်းသား ကျောင်းသူတွေဦးဆောင်တဲ့ ရာသီဥတုဆိုင်ရာ ဆန္ဒပြပွဲတွေကျင်းပခဲ့တာမှာ လူပေါင်း သန်းနဲ့ချီပါဝင်ခဲ့ကြပါတယ်။

ကမ္ဘာ့ရာသီဥတု ပူနွေးလာမှု တိုက်ဖျက်ရေးညီလာခံမတိုင်ခင် နိုင်ငံတကာ မိုးလေဝသအဖွဲ့ကြီးက ပြုစုတဲ့ အစီရင်ခံစာကို ကုလသမဂ္ဂက ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထဲမှာ ကာဘွန်ဓါတ်ငွေ့ကြောင့် လေထုညစ်ညမ်းမှု အရှိန်မြန်မြန် မြင့်တက်နေတဲ့အပြင် ကမ္ဘာကြီးကလည်း ပိုပြီးပူနွေးလာနေသလို ရေခဲထုကြီးတွေ အရည်ပျော်ကျပြီး ရေမျက်နှာပြင်တွေ မြင့်တက်မှုကလည်း အရှိန်မြန်နေတယ်လို့ ဖော်ပြထားပါတယ်။

တိုက္႐ိုက္ လင့္ခ္
XS
SM
MD
LG