သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဥတုရာသီေဖာက္ျပန္မႈ တားဆီးေရး ကမာၻအႏွံ႔ ႏႈိးေဆာ္


ရာသီဥတု ေဖာက္ျပန္ေျပာင္းလဲမႈ တုိက္ဖ်က္ေရး အေမရိကန္ႏုိင္ငံ ဝါရွင္တန္ဒီစီၿမိဳ႕တြင္ ဆႏၵျပေနၾကသူမ်ား။ (စက္တင္ဘာ ၂၀၊ ၂၀၁၉)

ရာသီဥတု ေဖာက္ျပန္ေျပာင္းလဲမႈ တိုက္ဖ်က္ေရးအတြက္ ကမာၻတ၀ွမ္း ဆႏၵျပ လႈပ္ရွားေနၾကတာမွာ လူေပါင္းတသန္းေက်ာ္ ပါ၀င္မယ္လို႔ ဆႏၵျပေရး စည္း႐ုံးလႈံ႕ေဆာ္သူေတြက ေျပာပါတယ္။

ဒါဟာ လူသားေတြေၾကာင့္ ကမာၻႀကီးပူေႏြးလာတယ္ ဆိုတာကို သိေအာင္ ေျပာဆိုၾကမယ့္ လူအမ်ားဆံုးပါဝင္တဲ့ ဆႏၵျပပြဲႀကီး ျဖစ္လာဖို႔လည္း ရွိပါတယ္။

အာရွေဒသတလႊားမွာ ေသာၾကာေန႔က ဆႏၵျပပြဲေတြ စတင္ရာမွာ ေက်ာင္းသားေက်ာင္းသူေတြ အပါအဝင္ လူေပါင္း သန္းနဲ႔ခ်ီ လမ္းမေတြေပၚ ထြက္လာၿပီး ကုလသမဂၢ ညီလာခံမွာ ရာသီဥတုေဖာက္ျပန္မႈ တိုက္ဖ်က္ေရးကို အေလးထားေျဖရွင္းဖုိ႔ ေတာင္းဆိုခဲ့ၾကပါတယ္။

အာဖရိကနဲ႔ ဥေရာပတလႊား ႏိုင္ငံေတြမွာလည္း အလားတူ ဆႏၵျပေတာင္းဆုိခဲ့ၾကၿပီး လူအေတာ္မ်ားမ်ား ပါ၀င္ခဲ့ၾကပါတယ္။ ၾသစေၾတးလ်ႏိုင္ငံ တႏုိင္ငံတည္းမွာတင္ ကေလး လူႀကီး ၃ သိန္းေက်ာ္ ဆႏၵျပခဲ့ၾကၿပီး ေဒသအာဏာပိုင္ေတြ၊ ေက်ာင္းေတြနဲ႔ စီးပြားေရးလုပ္ငန္းေတြကလည္း ေထာက္ခံခဲ့ၾကပါတယ္။

ႏိုင္ငံတြင္း မိုးေခါင္၊ ေရႀကီးၿပီး ေတာမီးေတြ အႀကီးအက်ယ္ ေလာင္ကၽြမ္းတဲ့အျပင္ နာမည္ေက်ာ္ သႏၱာေက်ာက္တန္းႀကီးပါ အေရာင္ေျပာင္းခဲ့တဲ့အထိ ရာသီဥတုေျပာင္းလဲမႈဒဏ္ကို ခံခဲ့ရတာျဖစ္ၿပီး အခုဆႏၵျပမႈႀကီးဟာ ၾသစေၾတးလ်သမိုင္းမွာ ရာသီဥတု ေဖာက္ျပန္မႈအတြက္ အႀကီးမားဆံုး ဆႏၵျပၾကတာ ျဖစ္ပါတယ္။ အာရွတိုက္တလႊားက ဖိလစ္ပိုင္၊ ေဟာင္ေကာင္နဲ႔ အိႏၵိယ ႏုိင္ငံေတြမွာလည္း ဆႏၵျပတာေတြ ေတြ႔ရပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာေတာ့ ဆႏၵျပမႈေပါင္း ၈၀၀ ေက်ာ္ လုပ္သြားမယ္လို႔ စီစဥ္သူေတြက ေျပာပါတယ္။ နယူးေယာက္မွာ အႀကီးမားဆံုး ဆႏၵျပပြဲ က်င္းပမွာျဖစ္ၿပီး အစိုးရေက်ာင္းေပါင္း ၁၈၀၀ ေလာက္က ေက်ာင္းသားတသန္းေက်ာ္ေလာက္ ေက်ာင္းမတက္ဘဲ ပါဝင္ဖုိ႔ရွိပါတယ္။

တနလၤာေန႔ ကုလသမဂၢ ဥတုရာသီေျပာင္းလဲမႈဆိုင္ရာ ညီလာခံမွာ ကုလအတြင္းေရးမွဴးခ်ဳပ္ Antonio Guterres က ကမာ႔ၻေခါင္းေဆာင္ေတြကို သူတို႔ရဲ႕ ၂၀၁၅ ဥတုရာသီဆိုင္ရာ ပါရီသေဘာတူညီခ်က္ကို ျပည့္မီေအာင္ လုပ္ေဆာင္ၾကဖို႔ တိုက္တြန္းမွာျဖစ္သလို ရာသီဥတုဆုိင္ရာ တက္ႂကြလႈပ္ရွားသူ ဆီြဒင္က နာမည္ေက်ာ္ ဆယ္ေက်ာ္သက္ Greta Thunberg လည္း စကားေျပာမွာ ျဖစ္ပါတယ္။

------------------------

(Unicode)

ဥတုရာသီဖောက်ပြန်မှု တားဆီးရေး ကမ္ဘာ့အနှံ့ နှိုးဆော်

ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု တိုက်ဖျက်ရေးအတွက် ကမ္ဘာတဝှမ်း ဆန္ဒပြ လှုပ်ရှားနေကြတာမှာ လူပေါင်းတသန်းကျော် ပါဝင်မယ်လို့ ဆန္ဒပြရေး စည်းရုံးလှုံ့ဆော်သူတွေက ပြောပါတယ်။

ဒါဟာ လူသားတွေကြောင့် ကမ္ဘာကြီးပူနွေးလာတယ် ဆိုတာကို သိအောင် ပြောဆိုကြမယ့် လူအများဆုံးပါဝင်တဲ့ ဆန္ဒပြပွဲကြီး ဖြစ်လာဖို့လည်း ရှိပါတယ်။

အာရှဒေသတလွှားမှာ သောကြာနေ့က ဆန္ဒပြပွဲတွေ စတင်ရာမှာ ကျောင်းသားကျောင်းသူတွေ အပါအဝင် လူပေါင်း သန်းနဲ့ချီ လမ်းမတွေပေါ် ထွက်လာပြီး ကုလသမဂ္ဂ ညီလာခံမှာ ရာသီဥတုဖောက်ပြန်မှု တိုက်ဖျက်ရေးကို အလေးထားဖြေရှင်းဖို့ တောင်းဆိုခဲ့ကြပါတယ်။

အာဖရိကနဲ့ ဥရောပတလွှား နိုင်ငံတွေမှာလည်း အလားတူ ဆန္ဒပြတောင်းဆိုခဲ့ကြပြီး လူအတော်များများ ပါဝင်ခဲ့ကြပါတယ်။ သြစတြေးလျနိုင်ငံ တနိုင်ငံတည်းမှာတင် ကလေး လူကြီး ၃ သိန်းကျော် ဆန္ဒပြခဲ့ကြပြီး ဒေသအာဏာပိုင်တွေ၊ ကျောင်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကလည်း ထောက်ခံခဲ့ကြပါတယ်။

နိုင်ငံတွင်း မိုးခေါင်၊ ရေကြီးပြီး တောမီးတွေ အကြီးအကျယ် လောင်ကျွမ်းတဲ့အပြင် နာမည်ကျော် သန္တာကျောက်တန်းကြီးပါ အရောင်ပြောင်းခဲ့တဲ့အထိ ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံခဲ့ရတာဖြစ်ပြီး အခုဆန္ဒပြမှုကြီးဟာ သြစတြေးလျသမိုင်းမှာ ရာသီဥတု ဖောက်ပြန်မှုအတွက် အကြီးမားဆုံး ဆန္ဒပြကြတာ ဖြစ်ပါတယ်။ အာရှတိုက်တလွှားက ဖိလစ်ပိုင်၊ ဟောင်ကောင်နဲ့ အိန္ဒိယ နိုင်ငံတွေမှာလည်း ဆန္ဒပြတာတွေ တွေ့ရပါတယ်။

အမေရိကန်ပြည်ထောင်စုမှာတော့ ဆန္ဒပြမှုပေါင်း ၈၀၀ ကျော် လုပ်သွားမယ်လို့ စီစဉ်သူတွေက ပြောပါတယ်။ နယူးယောက်မှာ အကြီးမားဆုံး ဆန္ဒပြပွဲ ကျင်းပမှာဖြစ်ပြီး အစိုးရကျောင်းပေါင်း ၁၈၀၀ လောက်က ကျောင်းသားတသန်းကျော်လောက် ကျောင်းမတက်ဘဲ ပါဝင်ဖို့ရှိပါတယ်။

တနင်္လာနေ့ ကုလသမဂ္ဂ ဥတုရာသီပြောင်းလဲမှုဆိုင်ရာ ညီလာခံမှာ ကုလအတွင်းရေးမှူးချုပ် Antonio Guterres က ကမာ့္ဘခေါင်းဆောင်တွေကို သူတို့ရဲ့ ၂၀၁၅ ဥတုရာသီဆိုင်ရာ ပါရီသဘောတူညီချက်ကို ပြည့်မီအောင် လုပ်ဆောင်ကြဖို့ တိုက်တွန်းမှာဖြစ်သလို ရာသီဥတုဆိုင်ရာ တက်ကြွလှုပ်ရှားသူ ဆွီဒင်က နာမည်ကျော် ဆယ်ကျော်သက် Greta Thunberg လည်း စကားပြောမှာ ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG