သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာကြီး ပူနွေးမှု အဆိုးဆုံး အခြေနေရာက်ရှိ


ရာသီဥတုဆိုင်ရာ ညီလာခံ
ရာသီဥတုဆိုင်ရာ ညီလာခံ

ကမ္ဘာကြီးပူနွေးလာမှုဟာ အဆိုးရွားဆုံးအခြေအနေကို ရောက်ရှိနေကြောင်း ပိုလန်နိုင်ငံမှာ စတင် ကျင်းပတဲ့ ရာသီဥတုဆိုင်ရာ ညီလာခံအစမှာ ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ အကြီးအကဲ Patricia Espinosa က ပြောကြားလိုက်ပါတယ်။

အခုနှစ်ဟာ အပူဆုံး ၄ နှစ်ထဲမှာ တနှစ်အပါအဝင်ဖြစ်ကြောင်းနဲ့ ရာသီဥတုပြောင်းလဲမှုရဲ့ သက်ရောက်မှုတွေဟာ အဆိုးရွားဆုံး ဖြစ်ကြောင်း၊ ဒီ လက်ရှိဖြစ်ပေါ်မှုဟာ ရာသီဥတုပြောင်းလဲလာမှုအတွက် အားလုံးက အများကြီး လုပ်ဆောင်ဖို့ လိုအပ်နေတယ်ဆိုကို ပြသနေခြင်း ဖြစ်ကြောင်း Ms. Espinosa က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

နိုင်ငံပေါင်း ၂၀၀ နီးပါးက ကိုယ်စားလှယ်တွေဟာ ၂၀၁၅ ခုနှစ်မှာ ရရှိခဲ့တဲ့ သမိုင်းဝင် ပဲရစ် သဘောတူညီချက်ကို အကောင်အထည် ဖော်ရေး အတွက် ပိုလန်နိုင်ငံတောင်ပိုင်း Katowice မြို့မှာ သီတင်း ၂ ပတ်ကြာ တွေ့ဆုံ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ပဲရစ် သဘောတူညီချက်မှာ လက်မှတ်ထိုးထားကြတဲ့ နိုင်ငံတွေက ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လုပ်မှု လျော့ချကြဖို့နဲ့ ၂၀၃၀ ခုနှစ်မှာ ကမ္ဘာ့ အပူချိန်ကို ၂ ဒီဂရီ ဆဲလ်စီယပ် လျော့ချကြဖို့ သဘောတူထားကြတာပါ။

အပြင်ကကြည့်ရင်တော့ ဒါဟာ ဖြစ်နိုင်ခြေမရှိတဲ့ ကိစ္စလို့ ထင်စရာရှိကြောင်း၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က အားလုံး ဝိုင်းဝန်း လုပ်ဆောင်ကြဖို့ မျှော်လင့်ထားတာကြောင့် သူတို့အတွက် တခြား ရွေးချယ်စရာ နည်းလမ်းမရှိကြောင်း ပိုလန် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လက်ထောက်ဝန်ကြီး Michal Kurtyka က အေပီ သတင်းဌာနကို ပြောပါတယ်။

တချိန်ထဲမှာဘဲ - ပိုလန်နိုင်ငံမှာ ကျင်းပနေတဲ့ ရာသီဥတုဆိုင်ရာ ညီလာခံကို ထောက်ခံတဲ့အနေနဲ့ Belgium နိုင်ငံ၊ Brussels မြို့မှာ လူပေါင်း ခြောက်သောင်းခွဲလောက် တနင်္ဂနွေနေ့က ချီတက် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ မိသားစုတွေပါ ပါဝင်တဲ့ ငြိမ်းချမ်းစွာ ချီတက် ဆန္ဒပြကြသူတွေထဲက ကလေးငယ်တွေက - နိုင်ငံရေးသမားတွေအနေနဲ့ အနာဂတ်မှာ စိမ်းလန်းစိုပြေအောင် အပြင်းအထန် ကြိုးစား လုပ်ဆောင်ကြဖို့ တောင်းဆိုထားတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG