သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာသီဥတု ပြောင်းလဲမှုအရှိန် မြန်ဆန်လာ


ရာသီဥတုပြောင်းလဲတာကို ထိန်းသိမ်းဖို့ ဆန္ဒပြနေသူများ
ရာသီဥတုပြောင်းလဲတာကို ထိန်းသိမ်းဖို့ ဆန္ဒပြနေသူများ

မကြားသေးခင်က အမေရိကန်ပြည်ထောင်စု အနောက်ဘက်ခြမ်းဒေသမှာ မိုးခေါင်တာတွေ၊ ပင်လယ်ကမ်းရိုးတန်း တလျှောက်မှာ ဟာရီကိန်း မုန်တိုင်းနဲ့ ရေကြီးတဲ့ ရာသီဥတုဖေါက်ပြန်မှုတွေဟာ ဒေသကြီးတခုထဲမှာ ဖြစ်ပွားခဲ့တာပါ။

ဒါတွေဟာ ရာသီဥတု ဖေါက်ပြန်မှုကြောင့် ဖြစ်လာတယ်ဆိုတာ သံသယဖြစ်စရာ မလိုဘူးလို့ NASA အဖွဲ့ရဲ့ အဏ္ဏဝါဗေဒ သိပ္ပံပညာရှင် Bill Patzert ကပြောပါတယ်။ ဆောင်းတွင်းမှာ ပူနွေးနေတာမျိုး၊ အချိန်လွန်ပြီးမှ နှင်း ကျတာမျိုးတွေ ဖြစ်နေပြီး၊ မိုးခေါင်တာတွေဟာ အထူးသဖြင့် ကာလီဖိုးနီးယား ပြည်နယ်မှာ ပိုဆိုးလာကြောင်း သူကပြောပါတယ်။

ကမ္ဘာလူဦးရေ (၁၀)ယောက်မှာ (၁)ယောက်က မြေနိမ့်ပိုင်း ပင်လယ် ကမ်းရိုးတန်းတလျှောက်မှာ နေထိုင်ကြတာပါ။ ကမ္ဘာ့လူဦးရေ တိုးလာ သလို ၊ ပင်လယ် ရေမျက်နှာပြင်ကလဲ မြင့်တက်လာတာနဲ့အမျှ ၊ အဲဒီမှာ နေကြတဲ့ လူတွေရဲ့နေအိမ်တွေအတွက် စိုးရိမ်စရာ ဖြစ်လာပါတယ်။ ပင်လယ် ကမ်းရိုးတန်းတလျှောက် လူနေများတဲ့ အမေရိကန်ပြည်ထောင်စုရော ၊ တရုတ် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဗီယက်နမ်လို၊ အင်ဒိုနီးရှား နိုင်ငံတွေဟာလဲ ခြိမ်းခြောက်မှု အန္တရယ်နဲ့ ရင်ဆိုင်နေရပါတယ်။

နှစ်သိန်းပေါင်းများစွာအတွင်း ကမ္ဘာ့ရာသီဥတုဟာ သဘာဝအရ နှစ်စဉ်အပြောင်းအလဲ အတက်အကျတွေ ဖြစ်နေတတ်ပေမယ့် မကြာသေးခင် နှစ်တွေအတွင်း ဖြစ်ပျက်ခဲ့တာတွေကို ကြည့်ရင် ရာသီဥတုဟာ အင်မတန်မှ အပြောင်းအလဲ မြန်လာတာကို တွေ့ရမှာ ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG