သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာသီဥတုပြောင်းလဲမှုဆိုင်ရာစာချုပ်ကိစ္စ သမ္မတTrump ကတိပေးပြောဆိုတာ မရှိ


ပါရီ ရာသီဥတုဆိုင်ရာ သဘောတူညီချက် ပြုလုပ်ထားရာကနေ အမေရိကန်ပြည်ထောင်စုက နှုတ်ထွက် လိုက်တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက် ပြောင်းလဲဖို့နဲ့ ပတ်သက်ပြီး သမ္မတDonald Trump အနေနဲ့ ပြင်သစ်နိုင်ငံ ခရီးစဉ် ပထမနေ့မှာ ဘယ်လို ကတိကဝတ်မှ မပေးခဲ့ပါဘူး။

ပါရီသဘောတူ စာချုပ် အပေါ်လေးစားသမှုနဲ့ တစုံတခုဖြစ်နိုင်တယ်လို့ ကြာသပတေးနေ့မှာ ပြင်သစ် သမ္မတEmmanuel Macron နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီးတဲ့ နောက်မှာ သမ္မတ Donald Trump က ပြောဆိုလိုက်ပါတယ်။

"ဘာဖြစ်မလဲဆိုတာ ကျနော်တို့ မြင်ကြရပါလိမ့်မယ်။ ဒါပေမဲ့ ကျနော်တို့ ရှေ့ဆက် ဒီအကြောင်းအရာကို ဆွေးနွေး ကြပါလိမ့်မယ်။ အဲဒါပြီးရင်တော့ အံ့အားတသင့် ဖြစ်ရပါလိမ့်မယ်။ နောက်ပြီး အဲဒီလိုဖြစ်မလာခဲ့ရင်လည်း အဆင်ပြေသွားမှာပါ"လို့ ပြောပါတယ်။

အမေရိကန်သမ္မတနဲ့ အိမ်ရှင်ပြင်သစ် နိုင်ငံတို့ကြား ရာသီဥတုဆိုင်ရာနဲ့ ကုန်သွယ်မှု ကိစ္စတွေမှာ သဘောထား မတိုက်ဆိုင်မှုတွေ ဖြစ်နေချိန်မှာပဲ မစ္စတာ Trump နဲ့ ပြင်သစ်နိုင်ငံ သမ္မတသစ် Emmanuel Macron တို့ဟာ ဆီးရီးယားအရေးနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး အစရှိတဲ့ နှစ်ဦး နှစ်ဖက်ကြား တူညီတဲ့ ကိစ္စတွေကို ရှာဖွေပြီး အာရုံစိုက် ဆွေးနွေးကြပါတယ်။

ရုရှားအရေးကိစ္စနဲ့ သူ့ရဲ့ ရွေးကောက်ပွဲ မဲဆွယ်ကာလ ကိစ္စ စတာတွေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေရှိနေပေမဲ့ အမေရိကန် သမ္မတဟာ ပြင်သစ်နိုင်ငံဘက်က ပူပန်နေတဲ့ ပါရီရာသီဥတု သဘောတူညီချက်ကနေ နှုတ်ထွက်ခဲ့တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီးတော့လည်း အလေးဂရုပြု ပြောဆိုနေရပါတယ်။

ရာသီဥတုပြောင်းလဲမှုဆိုင်ရာစာချုပ်ကိစ္စ သမ္မတTrump ကတိပေးပြောဆိုတာ မရှိ
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG