သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတထရမ့်ပ်နဲ့ သမ္မတပူတင်တို့ ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေး


သမ္မတထရမ့်ပ်နဲ့ သမ္မတပူတင်တို့ ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေး (ဇူလိုင် ၇-၂၀၁၇)
သမ္မတထရမ့်ပ်နဲ့ သမ္မတပူတင်တို့ ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေး (ဇူလိုင် ၇-၂၀၁၇)

အမေရိကန်သမ္မတ Donald Trump နဲ့ ရုရှားသမ္မတ Vladimir Putin တို့ သောကြာနေ့က ပထမဆုံးအကြိမ်လူချင်းတွေ့ဆုံချိန် အတွင်း မနှစ်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရုရှားတို့ ဝင်နှောင့်ယှက်ခဲ့တဲ့ကိစ္စကို ဖိအားပေးပြောဆိုခဲ့တယ်လို့အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကပြောပါတယ်။

ဒီအကြောင်းအရာအပေါ် ခေါင်းဆောင် နှစ်ဦးတို့ အချိန်တော်ကြာ အပြန်အလှန် ဆွေးနွေးခဲ့ကြပေမယ့် အမေရိကန်ရွေးကောက်ပွဲမှာ ရုရှားတို့ ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ ပူတင်ကြ ငင်းဆိုကြောင်း မစ္စတာ Tillerson ကပြောပါတယ်။ရွေးကောက်ပွဲမှာ ရုရှားတို့ ပါဝင်ပတ်သက်မှုအပေါ် သမ္မတ Trump က တကြိမ်ထက်မနည်း ဖိအားပေးပြောဆိုခဲ့တယ်လို့ မစ္စတာ Tillerson ကအစည်းအဝေးအပြီး သတင်းထောက်တွေကိုပြောပါတယ်။

ဂျာမဏီနိုင်ငံမှာကျင်းပမယ့် G-20 ကမ္ဘာ့စက်မှုထိပ်သီး ညီလာခံဘေးပန်းမှာ ခုလိုတွေ့ဆုံဆွေးနွေးကြတာပါ။ အမေရိကန်ရွေးကောက်ပွဲမှာ ရုရှားတို့ ဝင်နှောင့်ယှက်ခဲ့တာမရှိဘူးဆိုတဲ့ မစ္စတာ ပူတင်ရဲ့ ပြောကြားချက်ကို သမ္မတ Trump ကလက်ခံသွားတယ်လို့ အစည်းအဝေးမှာ ပါဝင် ခဲ့တဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က နောက်ပိုင်းမှာ ပြောပါတယ်။

အမေရိကန်နိုင်ငံရဲ့ အနာဂတ် ကိစ္စရပ်တွေမှာ ရုရှားဘက်က ဝင်ရောက်နှောင့်ယှက်တာမျိုး မလုပ်ဘူးဆိုတဲ့ ကတိစကား သေချာအောင် ခေါင်းဆောင် နှစ်ဦးတို့ ဆက်လက်ဆွေးနွေး သွားဖို့ သဘောတူခဲ့ကြတယ်လို့လည်း ဝန်ကြီး Tillerson ကပြောပါတယ်။ဒီကိစ္စနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ သဘောတူညီမယ့် လက္ခဏာတွေ မတွေ့ရတဲ့ အတွက် ဆက်လက်ဆွေးနွေးဖို့ ခေါင်းဆောင်နှစ်ဦး အာရုံစိုက်ရတာဖြစ်တယ်လို့လည်း မစ္စတာ Tillerson ကပြောပါတယ်။

သမ္မတထရမ့်ပ်နဲ့ သမ္မတပူတင်တို့ ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေး
please wait

No media source currently available

0:00 0:01:00 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG