သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား စွက်ဖက်မှု ကန်ရွေးကောက်ပွဲ ရလဒ်အပေါ် သက်ရောက်မှု မတွေ့ရ


အမေရိကန် အမိမြေ လုံခြုံရေး ဝန်ကြီးဟောင်း Jeh Johnson အောက်လွှတ်တော် ကော်မတီ ရှေ့မှောက် ထွက်ဆို။
အမေရိကန် အမိမြေ လုံခြုံရေး ဝန်ကြီးဟောင်း Jeh Johnson အောက်လွှတ်တော် ကော်မတီ ရှေ့မှောက် ထွက်ဆို။

မနှစ်က ကျင်းပတဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ အိမ်ခြံမြေ လုပ်ငန်းရှင် သူဌေးကြီး Donald Trump အနိုင်ရအောင် ရုရှားက ကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက် စွက်ဖက်ခဲ့တယ်ဆိုတာ မေးခွန်းထုတ်စရာမလိုကြောင်း အမေရိကန် အရာရှိတွေက လွှတ်တော်အမတ်တွေကို ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် မဲရလဒ်တွေ ပြောင်းလဲသွားအောင် ရုရှားအစိုးရက လုပ်ဆောင်နိုင်ခဲ့တယ်ဆိုတဲ့ အထောက်အထားတော့ မတွေ့ရဘူးလို့ ဆိုပါတယ်။

ဝါရှင်တန် ဒီစီမြို့မှာရှိတဲ့ ဒီမိုကရက်ပါတီ ဌာနချုပ်က ကွန်ပြူတာတွေထဲကို ရုရှားက ထိုးဖောက် ဝင်ရောက်ခဲ့တာနဲ့ ပြည်နယ် ရွေးကောက်ပွဲ မှတ်တမ်းဌာနတွေကို ထိုးဖောက် ဝင်ရောက်ခဲ့မှုဟာ အမေရိကန် ရွေးကောက်ပွဲအပေါ် သြဇာသက်ရောက်ရုံ သက်သက်ထက် သိသိသာသာ ကျော်လွန်ခဲ့ကြောင်း အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီမှာ ကျင်းပတဲ့ ကြားနာပွဲအတွင်း အမိမြေလုံခြုံရေးဌာန ဝန်ကြီးဟောင်း Jeh Johnson က ပြောကြားလိုက်ပါတယ်။

၂၀၁၆ ခုနှစ်အတွင်း သမ္မတ Vladimir Putin ရဲ့ ညွန်ကြားချက်နဲ့ ရွေးကောက်ပွဲအပေါ်သြဇာ သက်ရောက်စေရေး ရည်ရွယ်ချက်နဲ့ ရုရှားက Cyberattack လို့ခေါ်တဲ့ ကွန်ပြူတာကနေ ထိုးဖောက် ဝင်ရောက်မှုတွေ ပြုလုပ်ခဲ့ကြောင်း Jeh Johnson က ပြောကြားလိုက်ပြီး လာမယ့် နှစ်တွေအတွင်းမှာ အမေရိကန် ရွေးကောက်ပွဲတွေမှာ ရုရှားရဲ့ Cyberattack တွေဟာ တိုးမြင့်လာမှာ ဖြစ်ကြောင်း ပြောပါတယ်။

အမေရိကန်က ကွန်ပြူတာတွေကို ရုရှား ထိုးဖောက် ဝင်ရောက်မှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ ပြောဆိုမှုကို သမ္မတ ပူတင်က ငြင်းဆိုထားပါတယ်။ ဒါပေမယ့် မျိုးချစ် ကွန်ပြူတာ ထိုးဖောက်သူတွေက ပြုလုပ်ကောင်း ပြုလုပ်နိုင်ခဲ့တယ်လို့တော့ သမ္မတ ပူတင်က ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG