သုံးရလွယ်ကူစေသည့် Link များ

ကန်သမ္မတထရမ့် နဲ့ ဗြိတိန်ဝန်ကြီးချုပ်မေ တွေ့ဆုံ


 ဗြိတိန်ဝန်ကြီးချုပ် Theresa May နှင့် အမေရိကန်သမ္မတ Trump
ဗြိတိန်ဝန်ကြီးချုပ် Theresa May နှင့် အမေရိကန်သမ္မတ Trump

အမေရိကန်သမ္မတ Donald Trump နဲ့ ဗြိတိန်ဝန်ကြီးချုပ် Theresa May တို့ဟာ ဂျာမနီနိုင်ငံမှာကျင်းပနေတဲ့ G-20 စက်မှုထိပ်သီးနိုင်ငံများ ညီလာခံ နောက်ဆုံးနေ့ဖြစ်တဲ့ ဒီကနေ့စနေနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

စနေနေ့ အရုဏ်မတက်ခင်အချိန်မှာပဲ ၊ တက်ကြွလှုပ်ရှားသူတွေ ၊ ညီလာခံကိုမကျေနပ်တဲ့အတွက် ဆန္ဒပြခဲ့ကြပြီး၊ ၂ ညဆက်တိုက် အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ပါတယ်။ ဟမ်းဘာ့ဂ်ရဲတပ်ဖွဲ့က အဆောက်အအုံတခုထဲကို ဝင်ရောက်ခဲ့တဲ့သူ ၁၃ ယောက်ကိုဖမ်းဆီးလိုက်ပါတယ်။

ညီလာခံရဲ့ ဒုတိယနေ့ဆွေးနွေးပွဲမှာတော့ အာဖရိကနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်ရေး၊ ရွှေ့ပြောင်းအခြေချနေထိုင်မှု နဲ့ ကျန်းမာရေး၊ ဒစ်ဂျစ်တယ်လ် နည်းပညာတွင်ကျယ်လာစေဖို့၊ အမျိုးသမီးတွေ အလုပ်အကိုင် နဲ့ လုပ်ပိုင်ခွင့်ရရှိရေး ကိစ္စရပ်တွေကိုအလေးပေး ဆွေးနွေးခဲ့ ကြပါတယ်။

အမေရိကန် သမ္မတ ထရမ့်ဟာ အင်ဒိုနီးရှား၊ စင်ကာပူ ၊ ဂျပန် နဲ့ တရုတ် နိုင်ငံခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် သမ္မတ ထရမ့်ဟာ ရုရှားသမ္မတ ပူတင် နဲ့ တွေ့ဆုံချိန်မှာတော့ အမေရိကန်ရွေးကောက်ပွဲမှာ ရုရှားရဲ့ ကြားဝင်နှောက်ယှက်မှု နဲ့ ပတ်သက်ပြီး ခေါင်းဆောင် ၂ ယောက်ဆွေးနွေးခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က ပြောကြားခဲ့ပါတယ်။ ဒီတွေ့ဆုံဆွေးနွေးမှုဟာ မျှော်လင့်ထားတာထက် ပိုပြီးကောင်းမွန်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး Tillerson က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG