သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

G-20 ထိပ်သီးမတိုင်မီ Trump ဂျာမဏီခေါင်းဆောင် Merkel နဲ့ တွေ့ဆုံမည်


Workers build a podium that President Donald Trump will speak from during a visit to Poland this week in Krasinski Square in Warsaw, Poland, July 3, 2017.

သမ္မတ Donald Trump ဟာ အခုသီတင်းပတ်နှောင်းပိုင်း ဂျာမနီနိုင်ငံ၊ Hamburg မြို့မှာ ကျင်းပဖို့ရှိတဲ့ G 20 ကမ္ဘာ့စီးပွားအင်အားအကြီးဆုံး နိုင်ငံ ၂၀ ရဲ့ ထိပ်သီး စည်းဝေးပွဲမတိုင်ခင် ဂျာမန်ဝန်ကြီးချုပ် Angela Merkel နဲ့ တွေ့ဆုံလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ခေါင်းဆောင် ၂ ဦးဟာ G 20 ထိပ်သီးစည်းဝေးပွဲမစခင်၊ ကြာသပတေး ညနေပိုင်းမှာ တွေ့ဆုံလိမ့်လို့ ၀န်ကြီးချုပ် Merkel ရဲ့ ပြောခွင့်ရ Steffen Seibert က ပြောပါတယ်။

တနင်္လာနေ့ မနက်ပိုင်းမှာ ၀န်ကြီးချုပ် Merkel နဲ့ တယ်လီဖုန်းနဲ့ စကားပြောကြားမှာဖြစ်ပြီး အမေရိကန်ရဲ့ မဟာမိတ် ၂ နိုင်ငံက ခေါင်းဆောင်တွေဖြစ်တဲ့ ပြင်သစ်သမ္မတ Emmanuel Macron နဲ့ အီတလီဝန်ကြီးချုပ် Paolo Gentiloni တို့နဲ့လည်း စကားပြောကြားမှာ ဖြစ်ကြောင်း သမ္မတ Trump က Twitter လူမှုကွန်ယက်ကတဆင့် ပြောကြားခဲ့ပါတယ်။ အဲဒီလို တယ်လီဖုန်းနဲ့ ပြောကြားခဲ့မှုတွေရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ သမ္မတ အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။

G 20 ထိပ်သီးစည်းဝေးပွဲအတွင်း အရေးပါတဲ့ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးကိစ္စကို ခေါင်းဆောင်တွေအနေနဲ့ သဘောတူနိုင်ကြမှာ ဖြစ်ပေမယ့် တခြားအကြောင်းအရာတွေကိုတော့ သဘောတူကြမှာ မဟုတ်ဘူးလို့ ၀န်ကြီးချုပ် Merkel က တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG