သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးဆွေးနွေးဖို့ ကန်သမ္မတ ပြင်သစ်ရောက်ရှိ


French President Emmanuel Macron greets U.S. President Donald Trump
French President Emmanuel Macron greets U.S. President Donald Trump

ပြင်သစ်သမ္မတ Emmanuel Macron နဲ့ အကြမ်းဖက်ဝါဒ တန်ပြန်တိုက်ဖျက်ရေး ဆွေးနွေးဖို့၊ ပထမကမ္ဘာစစ်ကို အမေရိကန်တပ်ဖွဲ့တွေ ပါဝင်ဆင်နွဲှတဲ့ ရာပြည့်အထိမ်းအမှတ်နဲ့အတူ Bastille Day ပြင်သစ်နိုင်ငံတော် အားလပ်ရက်နေ့ အခန်းအနားကို တက်ရောက်ဖို့ အမေရိကန် သမ္မတ Donald Trump ပြင်သစ်နိုင်ငံမှာ ရောက်နေပါတယ်။

လွန်ခဲ့တဲ့ တနှစ်လောက်တုန်းကတော့ ပြင်သစ်နိုင်ငံ ပါရီမြို့ဟာ အကြမ်းဖက်သမားတွေ လှုပ်ရှားရာ နယ်မြေတခုအဖြစ် အင်မတန့်အင်မတန်ကို ထိန်းချုပ်ရခက်ခဲပြီး၊ အန္တရာယ်ကြီးလှတဲ့ မြို့တမြို့အဖြစ် သမ္မတ Trump က ပြောဆိုထားတာပါ။

IS အစ္စလာမ်စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ပါရီမြို့တော်ဟာ ခရီးသွားတွေကြား ရေပမ်းစားတဲ့ ကမ္ဘာ့အဆင့်မီ မြို့တော်အဖြစ်ကနေ လျော့ကျလာနေတဲ့ သဘောမျိုးလည်း မကြာသေးခင်ကပဲ ပြောဆိုထားပါတယ်။ ကာဗွန်ဓာတ်ငွေ့ ထုတ်လုပ်မှုတွေကို ထိန်းချုပ်ဖို့ ရည်ရွယ်ထားတဲ့ ၂၀၁၅ ပါရီ ရာသီဥတုဆိုင်ရာ သဘောတူညီချက်က အမေရိကန် နှုတ်ထွက်ကြောင်း ကြေညာရာမှာလည်း၊ အမေရိကန် ပြည်ထောင်စု Pittsburgh မြို့ကို ကိုယ်စားပြုတဲ့ သမ္မတသာဖြစ်ပြီး၊ ပါရီကို ကိုယ်စားပြု ရွေးကောက်တင်မြှောက်ခံထားရသူ မဟုတ်ကြောင်း ပြောဆိုထားတာပါ။

ဒါပေမဲ့လည်း ပြင်သစ်နိုင်ငံမှာ နှစ်စဉ်ကျင်းပတဲ့ နိုင်ငံတော် အားလပ်ရက် အခန်းအနားကို တက်ရောက်ဖို့ ပြင်သစ်သမ္မတရဲ့ မကြာသေးခင်က ဖိတ်ကြားချက်ကိုတော့ သမ္မတ Trump က လက်ခံခဲ့ပါတယ်။ သမ္မတ Trump ရဲ့ ဒီကနေ့ ခရီးစဉ်မှာတော့ ပြင်သစ်သမ္မတ Macron နဲ့ တွေ့ဆုံမှာဖြစ်သလို၊ အမေရိကန် စစ်ဘက်ဆိုင်ရာ အရာရှိတွေနဲ့ နေ့လည်စာသုံးဆောင်ပြီး၊ ပြင်သစ်ဧကရာဇ်ဟောင်း Napoleon Bonaparte ရဲ့ အုတ်ဂူကိုလည်း သွားရောက် လည်ပတ်ဖို့ စီစဉ်ထားပါတယ်။

အမေရိကန်နဲ့ ပြင်သစ်ခေါင်းဆောင်တို့ တွေ့ဆုံရာမှာ ဆီးရီးယားအရေး ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ၊ အကြမ်းဖက်ဝါဒ တန်ပြန်တိုက်ဖျက်ရေး ကိစ္စရပ်တွေကို အဓိက ဆွေးနွေးဖြစ်မယ်လို့ မျှော်လင့်ရသလို၊ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ဂျာမနီနိုင်ငံမှာ ကျင်းပခဲ့တဲ့ စီးပွားရေးထိပ်သီး နိုင်ငံပေါင်း ၂၀ G-20 အစည်းအဝေးပွဲနဲ့ ပတ်သက်လို့ နောက်ဆက်တွဲ ကိစ္စတွေကိုလည်း ဆွေးနွေးကောင်း ဆွေးနွေးဖြစ်နိုင်ကြောင်း အမေရိကန် အကြီးတန်းအရာရှိတဦးက ပြောဆိုထားတာပါ။ သမ္မတ ၂ ဦးကြား ဆက်ဆံရေးဟာ အင်မတန်မှ ကောင်းမွန်နေကြောင်းလည်း အမေရိကန် အစိုးရ အဆင့်မြင့်တာဝန်ရှိသူတဦးက ပြောဆိုထားပါတယ်။

အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးဆွေးနွေးဖို့ ကန်သမ္မတ ပြင်သစ်ရောက်ရှိ
please wait

No media source currently available

0:00 0:01:30 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG