သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတရွေးကောက်ပွဲ ရုရှားစွက်ဖက်မှု ရုရှားအစိုးရညွှန်ကြားခဲ့ဟု New York Times ဖေါ်ပြ


ကန်သမ္မတရွေးကောက်ပွဲ Donald Trump Jr. စကားပြောနေစဉ်
ကန်သမ္မတရွေးကောက်ပွဲ Donald Trump Jr. စကားပြောနေစဉ်

ပြီးခဲ့တဲ့နှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲ အတွင်း ဟီလာရီကလင်တန်ရဲ့ ရွေးကောက်ပွဲ စည်းရုံးရေးကို အထိနာစေနိုင်တဲ့ သတင်းအချက်အလက်တွေရဲ့ မူရင်းပိုင်ရှင်က ရုရှား အစိုးရ ဖြစ်တယ်ဆိုပြီး Donald Trump Jr. နဲ့ ရုရှား ရှေ့နေတဦးတို့ကို ပြီးခဲ့တဲ့နှစ်က တွေ့ဆုံဖို့ စီစဉ်ပေးခဲ့တဲ့ အမျိုးသားက Trump ဆီကို ပေးပို့တဲ့ အီးမေလ်းထဲမှာ ရည်ညွှန်း ခဲ့တယ်လို့ New York Times သတင်းစာကြီးက မနေ့ တနလာၤနေ့ နှောင်းပိုင်းမှာ ရေးသားပါတယ်။

ဒီအချက်အလက်တွေဟာဆိုရင် မစ္စစ် ကလင်တန် အပေါ် အနိုင်ရရေး အတွက် Donald Trump ကို ရုရှားအစိုးရဘက်က အားထုတ် ကူညီမှု တစိတ်တပိုင်း ဖြစ်တယ်လို့ Donald Trump Jr. ထံ ပေးပို့ခဲ့တယ်ဆိုတဲ့ Rob Goldstone ရဲ့ အီးမေလ်းကို သိရှိထားသူ သုံးဦးဆီက ရရှိတဲ့ အချက်အလက်တွေကို အခြေခံပြီး New York Times သတင်းစာကြီးက သတင်းရေးသားခဲ့တာပါ။

ရီပတ်ပလီကန် သမ္မတလောင်း အဖြစ် Donald Trump ရွေးကောက်ခံရပြီးနောက် သတင်း ၂ ပတ် အကြာ၊ နောက် လျို့ဝှက် အချက်အလက်တွေကို ဖွင့်ချနေတဲ့ Wikileaks က မစ္စစ် ကလင်တန် အကြပ်ရိုက်စေမယ့် အီးမေလ်းတွေ စတင် ဖွင့်မချခင် သီတင်းပတ်တွေ ကလို ပြီးခဲ့တဲ့နှစ် ဇွန်လ အတွင်း ရုရှား ရှေ့နေ Natalia Veselnitskaya နဲ့ တွေ့ဆုံမှုဟာဆိုရင် အမေရိကန် ရွေးကောက်ပွဲ စည်းရုံးရေး ကာလအတွင်း ရုရှား အစိုးရ အကျိုးစီးပွား လိုလားသူတွေနဲ့ မစ္စတာ Trump ရဲ့ ရွေးကောက်ပွဲ စည်းရုံးရေး အကြီးတန်း တာဝန်ရှိသူတွေကြား ပထမဆုံး စတင် ဆက်သွယ်မှု ဖြစ်ပုံရပါတယ်။ Donald Trump Jr. ရဲ့ ရှေ့နေ Alan Futerfas ကတော့ New York Times ရဲ့ သတင်းက အရေးမကြီးတာကို ပြသနာရှာ နေတာဆိုပြီး ပယ်ချထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG