သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump လက်ထောက်နဲ့တွေ့တဲ့ ရှေ့နေကို မသိရှိဟု ရုရှားငြင်းဆို


ရုရှား အစိုးရ ပြောခွင့်ရ Dmitry Peskov
ရုရှား အစိုးရ ပြောခွင့်ရ Dmitry Peskov

အမေရိကန် သမ္မတ Donald Trump ရဲ့ အကြီးတန်း တာဝန်ရှိသူတွေနဲ့မစ္စတာ Trump ရဲ့ ပြိုင်ဘက် ဒီမိုကရက် သမ္မတလောင်း Hillary Clinton ကို အထိနာစေမယ့် သတင်းအချက်အလက်တွေ ပေးမယ်လို့ ကတိပြုတဲ့ ရုရှား ရှေ့နေတဦး တဦးတို့ရဲ့ ၂၀၁၆ ခုနှစ် အတွင်းက တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး မသိဘူးလို့ ရုရှားအစိုးရက ဒီကနေ့ တနလာၤနေ့မှာ ပြောဆိုလိုက်ပါတယ်။

ရုရှား ရှေ့နေ Natalia Veselnitskaya ကို မသိဘူးလို့လည်း ရုရှား အစိုးရ ပြောခွင့်ရ Dmitry Peskov က ပြောဆိုပြီး ရုရှားရှေ့နေတွေ၊ နောက်သူတို့ရဲ့ နိုင်ငံရပ်ခြားက အဆက်အသွယ်တွေတိုင်းကို ခြေရာခံ မစောင့်ကြည့်နိုင်ဘူးလို့လည်း ပြောပါတယ်။

ရီပတ်ပလီကန်ပါတီရဲ့ သမ္မတလောင်း အဖြစ်Donald Trump ရွေးချယ်ခံရပြီးနောက် မကြာခင် ၂၀၁၆ ဇွန်လမှာ ရုရှား ရှေ့နေနဲ့ တွေ့ဆုံခဲ့တာလို့ သမ္မတ Trump ရဲ့ သားကြီး ဖြစ်သူ Donald Trump Jr. က ပြောဆိုပြီး ဒီတွေ့ဆုံပွဲမှာတော့ မစ္စတာ Trump ရဲ့ မဲဆွယ်စည်းရုံးရေး အဖွဲ့ ခေါင်းဆောင် Paul Manafort၊ မစ္စတာTrump ရဲ့ သားမက် Jared Kushner လည်း ပါဝင်တယ်လို့ ပြောပါတယ်။

ရုရှား ရှေ့နေ Natalia Veselnitskaya က ဟီလာရီ ကလင်တန်ရဲ့ မဲဆွယ်စည်းရုံးရေး အပေါ် အထိနာစေမယ့် သတင်းအချက်အလက်တွေ ပေးမယ်လို့ ပြောခဲ့တာပါ။ ဒါပေမယ့်လည်းပြောထားတဲ့ အတိုင်း သတင်းအချက်အလက်တွေ မပေးခဲ့ဘူးလို့လည်း သမ္မတ Trump ရဲ့ သားက ပြောဆိုခဲ့ပြီး ရုရှား ရှေ့နေထံမှာ ဒီလို အချက်အလက်တွေ မရှိဘူးဆိုတာကိုလည်း ခပ်မြန်မြန်ဘဲ သိရှိခဲ့ပါတယ်လို့ ပြောပါတယ်။ ဖခင်ဖြစ်သူ Donald Trump ကတော့ ဒီတွေ့ဆုံပွဲ အကြောင်း မသိခဲ့ဘူးလို့ လည်း သားဖြစ်သူ Doanld Trump Jr. က ပြောပါတယ်။

XS
SM
MD
LG