သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ရွေးကောက်ပွဲ ရုရှား ဝင်ရောက် စွက်ဖက်ဖို့ ရည်ရွယ်ချက်မရှိ


Kremlin နန်းတော်ရဲ့ သမ္မတပြောရေးဆိုခွင့်ရှိသူ Dmitry Peskov။
Kremlin နန်းတော်ရဲ့ သမ္မတပြောရေးဆိုခွင့်ရှိသူ Dmitry Peskov။

ရုရှားတို့ အနေနဲ့ အမေရိကန် ရွေးကောက်ပွဲကို စွက်ဖက်ဖို့ ရည်ရွယ်ချက် မရှိဘူးလို့ ရုရှားသမ္မတနန်းတော် သမ္မတရဲ့ ပြောခွင့်ရ Dmitry Peskov က အမေရိကန် မဲဆန္ဒရှင်တွေကို အသိပေးချက် ထုတ်တဲ့ အထဲမှာ ပြောဆိုထားပါတယ်။ အမေရိကန် သမ္မတ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု နောက်ဆုံးနာရီပိုင်းကို ချဉ်းကပ်လာချိန်မှာ ရုရှားဘက်က အခုလို ထုတ်ပြန်တာ ဖြစ်ပါတယ်။

ရုရှား အစိုးရက အမေရိကန် ဒီမိုကရက် ပါတီရဲ့ ကွန်ပျူတာတွေကို ဖောက်ထွင်းပါတယ်လို့ အမေရိကန် အစိုးရရဲ့ စွပ်စွဲချက်ကိုလည်း စိတ်ထဲ မထားပါဘူးလို့ ဆိုပြီး ဟီလာရီ ကလင်တန်ရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး အဖွဲ့ရဲ့ အီးမေလ်းတွေကို ဝီကီလိခ်က ဖွင့်ချလိုက်တဲ့ ကိစ္စအပေါ်မှာ အမေရိကန် ထောက်လှမ်းရေးတွေက ရုရှား လျို့ဝှက်ထောက်လှမ်းရေး အဖွဲ့တွေထံက ဒီအချက်အလက်တွေ ရရှိခဲ့တာလို့ စွပ်စွဲထားတဲ့ အပေါ်မှာလည်း ရုရှား အနေနဲ့ အရေးမထားဘူး၊ ရုရှား နိုင်ငံပိုင် သတင်းမီဒီယာကနေ အမေရိကန် သမ္မတလောင်းတွေထဲမှာ တဦးကို ဦးစားပေး စည်းရုံးမှုတွေကို ပြည်တွင်း ပြည်ပ တောက်လျှောက် လုပ်နေတယ်ဆိုတဲ့ ပြောဆိုချက်ကိုလည်း အလေးမထားဘူးလို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ရုရှားဘက်က ဝင်ရောက် စွက်ဖက်မှု မရှိဘဲနဲ့ကို အမေရိကန်ဟာ ကိုယ့်ပြသနာနဲ့ကိုယ် ရှုပ်နေတာ ဖြစ်တယ်လို့လည်း ရုရှား သမ္မတနန်းတော် သမ္မတရဲ့ ပြောခွင့်ရ မစ္စတာ Peskov က ပြောပါတယ်။

အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ဘယ်သူဘဲ အနိုင်ရသည် ဖြစ်စေ အမေရိကန် ဒီမိုကရေစီရဲ့ ပျက်ဆီးမှုတွေ အကျင့်ပျက်ချစားမှုတွေကို ရွေးကောက်ပွဲ ရလဒ်က သက်သေပြမှာ ဖြစ်တယ်။ ဒီအတွက် ရုရှား အစိုးရက ပြင်ဆင်ထားတယ်လို့လည်း ဖော်ပြထားပါတယ်။

XS
SM
MD
LG