သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်သမ္မတရွေးကောက်ပွဲ ဒီကနေ့ စတင်မဲပေး


ဒီကနေ့လုပ်မယ့် အမေရိကန်သမ္မတရွေးကောက်ပွဲဟာ မိမိတို့ခေတ်ရဲ့ စမ်းသပ်မှုဖြစ်တယ်လို့ ဒီမိုကရက်သမ္မတလောင်း ဟီလာရီ ကလင်တန်ကပြောပြီး ဒေါ်နယ်လ်ဒ် ထရမ့်ပ်ကတော့ ဒီကနေ့ဟာ မိမိတို့ရဲ့ လွတ်လပ်ရေးနေ့ဖြစ်တယ်လို့ ပြောပါတယ်။ မဲဆွယ်စည်းရုံးရေး နောက်ဆုံးနေ့အဖြစ် တနင်္လာညသန်းခေါင်ကျော် အင်္ဂါနေ့မနက် အစောပိုင်းအထိ မဲဆွယ်စည်းရုံးပွဲတွေ အတွင်း အဲဒီလိုပြောကြတာပါ။

ကလင်တန်က မြောက်ကာရိုလိုင်းနားမှာ၊ ထရမ့်ပ်က မီရှီဂန်မှာ အသီးသီး မဲဆွယ်စည်းရုံးနေကြချိန်မှာပဲ ရွေးကောက်ပွဲနေ့မှာ လူ ကိုယ်တိုင်မဲပေးကြတာတွေကနေ ပထမဆုံးရလဒ်တွေ ထွက်လာပါတယ်။ New Hampshire ပြည်နယ်က Dixville Notch ဆိုတဲ့ မြို့လေးကထွက်တဲ့ အစောပိုင်းရလဒ်တွေမှာ ကလင်တန်က လေးမဲရတဲ့အချိန် ထရမ့်ပ်က နှစ်မဲပဲ ရထားပါတယ်။

ဒီ New Hampshire နဲ့ တခြားပြည်နယ် ၄၉ ခုအပြင် ဒီစီက မဲရုံတွေအားလုံး ပိတ်သွားတဲ့အချိန်ထိ မဲရလဒ်တွေကို တရားဝင် ကြေညာဦးမှာတော့ မဟုတ်သေးပါဘူး။ ဝါရှင်တန်ဒီစီမြို့တော်စံတော်ချိန် အင်္ဂါည ၈ နာရီမှာတော့ အမေရိကန် အရှေ့ပိုင်းနဲ့ အလယ်ပိုင်း ပြည်နယ်အများစုက မဲရုံတွေ ပိတ်ပါလိမ့်မယ်။ ဒီပြည်နယ်တွေမှာ သမ္မတရွေးချယ်ရေးကိုယ်စားလှယ်မဲ စုစုပေါင်း အရေအတွက် ၅၃၈ မဲထဲက ထက်ဝက်ကျော်အရေအတွက်ရှိပါတယ်။

မြောက်ကာရိုလိုင်းနားမှာပြောတဲ့ နောက်ဆုံးမိန့်ခွန်းထဲမှာတော့ ကလင်တန်က ညီညွတ်ရေးလေသံ နည်းနည်း ထည့်ပြောလာပါ တယ်။ သူ့အတွက် မဲပေးသူ၊ မဲမပေးသူ အားလုံးရဲ့သမ္မတ ဖြစ်ချင်ပါတယ်လို့ ကလင်တန်က ပြောပါတယ်။

ထရမ့်ပ်ကတော့ သူအနိုင်ရတယ်ဆိုရင် တိုင်းပြည်မှာ တကယ့် အပြောင်းအလဲဖြစ်လာမယ်၊ တိုင်းပြည်ကို အုပ်ချုပ်ခဲ့တဲ့ - သူ့အဆို အားဖြင့် - အကျင့်ပျက်ခြစားတဲ့ နိုင်ငံရေးသမားတွေနဲ့ ကိုယ်ကျိုးစီးပွား ရှေ့တန်းတင်သူတွေကို အလုပ်သမားလူတန်းစားက ပြန်ပြီး တုန့်ပြန်နိုင်မယ်လို့ မီရှီဂန်မဲဆွယ်စည်းရုံးပွဲအတွင်း ပြောသွားပါတယ်။

ဒီကနေ့မတိုင်ခင် နောက်ဆုံးထွက်ထားတဲ့ လူထုသဘောထားစစ်တမ်းတွေမှာတော့ ကလင်တန်က ထရမ့်ပ်ထက် ၂ မှတ် ၃ မှတ် အကွာနဲ့ ဦးဆောင်နေပါတယ်။

အမေရိကန်သမ္မတရွေးကောက်ပွဲ ဒီကနေ့ စတင်မဲပေး
please wait

No media source currently available

0:00 0:01:37 0:00
တိုက်ရိုက် လင့်ခ်

ဒီကနေ့မှာတော့ အမေရိကန်အရှေ့ဖက်ခြမ်းမှာ စပြီး မဲပေးနေကြပါပြီ။ ဗာဂျီးနီးယားပြည်နယ်မှာရှိတဲ့မဲရုံတရုံမှာ ကိုယ်တိုင်သွားရောက်သတင်းယူနေတဲ့ ဗွီအိုအေ ဝိုင်းတော်သားမခင်ဖြူထွေးကို ကိုသားညွှန့်ဦးက တိုက်ရိုက်ဆက်သွယ်မေးမြန်းထားတဲ့အသံဖိုင်အပြည့်အစုံ နားဆင်နိုင်ပါတယ်။

ခင်ဖြူထွေး သတင်းတိုက်ရိုက်ပေးပို့။
ခင်ဖြူထွေး သတင်းတိုက်ရိုက်ပေးပို့။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG