သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ရွေးကောက်ပွဲ နိုင်ငံကအဖွဲ့တွေ စောင့်ကြည့်ခွင့်ရ

နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် သမ္မတနဲ့ လွှတ်တော်ရွေးကောက်ပွဲတွေ အတွက် မဲဆန္ဒရှင်တွေ မဲပေး
နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် သမ္မတနဲ့ လွှတ်တော်ရွေးကောက်ပွဲတွေ အတွက် မဲဆန္ဒရှင်တွေ မဲပေး

အမေရိကန်ပြည်ထောင်စုမှာ နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် သမ္မတနဲ့ လွှတ်တော်ရွေးကောက်ပွဲတွေ အတွက် မဲဆန္ဒရှင်တွေ မဲပေးကြတဲ့အခါ နိုင်ငံတကာက ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူတွေက မဲပေးတဲ့ အခြေအနေတွေကို စောင့်ကြည့်နေကြမှာ ဖြစ်ပါတယ်။

အမေရိကန်ရွေးကောက်ပွဲကို စောင့်ကြည့် လေ့လာကြမယ့် နိုင်ငံတကာ အဖွဲ့အစည်း ၂ ခုဟာ ရွေးကောက်ပွဲတွေ ကို ကာလ ရှည်ကြာစွာ စောင့်ကြည့်ခဲ့ကြတဲ့ အဖွဲ့အစည်းတွေ ဖြစ်ပေမယ့်လည်း အစဉ်အလာအားဖြင့်တော့ အမေရိကန်ရဲ့ ရွေးကောက်ပွဲမဟုတ်ပဲ တခြားနိုင်ငံတွေက ရွေးကောက်ပွဲတွေကိုသာ စောင့်ကြည့်ကြသူတွေ ဖြစ်ပါတယ်။

ရွေးကောက်ပွဲကို စောင့်ကြည့်ပေးဖို့ အတွက် အမေရိကန်အစိုးရက ဖိတ်ခေါ်ထားတဲ့ ပထမအဖွဲ့ကတော့ OAS လို့ခေါ်တဲ့ အဖွဲ့ဝင် ၃၅ နိုင်ငံပါ အမေရိကတိုက် နိုင်ငံများအဖွဲ့ဖြစ်ပြီး ဒီအဖွဲ့ရဲ့ ဌာနချုပ်ဟာ အမေရိကန်သမ္မတ အိမ်ဖြူတော်နဲ့ မလှမ်းမကမ်းမှာ တည်ရှိတာ ဖြစ်ပါတယ်။

ကမ္ဘာ့တဝှမ်း လွတ်လပ်ပြီး တရားမျှတဲ့ ရွေးကောက်ပွဲတွေ ဖြစ်ပေါ်ရေးအတွက် OAS အဖွဲ့က လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေကို အမေရိကန် အစိုးရက တန်ဖိုးထားကြောင်း၊ ဒီမိုကရေစီ စံနစ်အတွက် အရေးပါတဲ့ လုပ်ငန်းစဉ် ပံ့ပိုးပေးတဲ့အနေနဲ့ အခုလို ရွေးကောက်ပွဲကို လေ့လာဖို့ အတွက် OAS အဖွဲ့ကို ဖိတ်ကြားတဲ့အတွက် ကြိုဆိုပါကြောင်း အဖွဲ့ရဲ့ ကိုယ်စားလှယ် Kevin Sullivan က ပြောပါတယ်။

၂၀၁၂ ခုနှစ် အမေရိကန် ရွေးကောက်ပွဲ နဲ့ တခြား အမေရိကန် ရွေးကောက်ပွဲ ၆ ခုတို့ကို စောင့်ကြည့်လေ့လာဖို့ အရင်က ဖိတ်ကြားခံခဲ့ရတဲ့ OSCE ဥရောပတိုက် လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဟာလည်း အခုနှစ် ၂၀၁၆ ရွေးကောက်ပွဲကို စောင့်ကြည့် လေ့လာဖို့အတွက် ထပ်မံ ဖိတ်ကြားခံထားရပါတယ်။

ဒီအဖွဲ့ဟာ OAS အဖွဲ့ထက် ကြီးပြီး ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူပေါင်း ၆၀၀ ရှိတဲ့ အဖွဲ့အစည်း တခုလည်း ဖြစ်ပါတယ်။

ကန်ရွေးကောက်ပွဲ နိုင်ငံကအဖွဲ့တွေ စောင့်ကြည့်ခွင့်ရ
please wait

No media source currently available

0:00 0:01:17 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG