သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Clinton အီးမေးလ်စုံစမ်းမှုသစ်အတွက် FBI ကို Obama ဝေဖန်

အမေရိကန် ပြည်ထောင်စုမှာ ရှေ့လာမယ့် အင်္ဂါနေ့ကျရင် သမ္မတရွေးပွဲ ကျင်းပတော့မယ့် အချိန်မှာပဲ - ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဟီလာရီ ကလင်တန် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့တဲ့ ၄ နှစ်တာ ကာလအတွင်း အီးမေးလ်အသုံးပြုခဲ့တာတွေနဲ့ ပတ်သက်လို့ နောက်ထပ် စုံစမ်းစစ်ဆေးမှု အသစ်တွေ လုပ်ဆောင်မယ့်အကြောင်း ကြေညာလိုက်တဲ့အတွက် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရို (FBI) အကြီးအကဲ James Comey ရဲ့ ဆုံးဖြတ်နိုင်စွမ်းအပေါ် သမ္မတ ဘရက်ခ် အိုဘားမား က မေးခွန်းထုတ်လိုက်ပါတယ်။

ဝန်ကြီးဟောင်း ကလင်တန်နဲ့ ဆက်နွယ်နေတဲ့ အီးမေးလ်တချို့ကို စုံစမ်းစစ်ဆေးသူတွေ ထပ်မံတွေ့ရှိထားတဲ့အတွက် အမျိုးသား လုံခြုံရေးဆိုင်ရာ ထိပ်တန်းသတင်းတွေကို ကလင်တန် ကိုင်တွယ်ခဲ့တာတွေနဲ့ ပတ်သက်လို့ နောက်ထပ် အချက်အလက်သစ်တွေ ရှိမရှိ စစ်ဆေးနေတဲ့အကြောင်း FBI ညွှန်ကြားရေးမှူးက ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ကွန်ဂရက်လွှတ်တော် ခေါင်းဆောင်တွေကို ပြောဆိုခဲ့တာပါ။ ဝန်ကြီးဟောင်း ကလင်တန်ဟာ ထိပ်တန်း သတင်းအချက်အလက်တွေကို ကိုင်တွယ်ရာမှာ အလွန်အမင်း လက်လွတ်စပယ် လုပ်ခဲ့ပေမဲ့၊ ရာဇဝတ်ကြောင်းနဲ့ အရေးယူရလောက်အောင်တော့ မဖြစ်ခဲ့ဖူးလို့ FBI အကြီးအကဲက ဇူလိုင်လထဲမှာ ပြောဆိုထားတာ ဖြစ်ပါတယ်။

သမ္မတလောင်း ကလင်တန်ကို ထောက်ခံသူ ဒီမိုကရက်တစ်ပါတီဝင်တွေနဲ့ ရီပတ်ဘလစ်ကန်ပါတီဝင် တချို့ကတော့ - သမ္မတ ရွေးကောက်ပွဲ ကျင်းပဖို့ ၁၁ ရက်အလိုမှာ FBI အကြီးအကဲက ကြေညာခဲ့တာနဲ့ ပတ်သက်လို့ ထိုးနှက်ဝေဖန်ခဲ့ကြသလို၊ ထပ်မံတွေ့ရှိခဲ့တယ်ဆိုတဲ့ အီးမေးလ်တွေဟာ အစောပိုင်းတုန်းက စုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်မှုရှိ-မရှိ မသိဘူးလို့လည်း ခပ်ဝါးဝါးပြောကြားခဲ့တယ်လို့လည်း ထောက်ပြခဲ့ကြပါတယ်။

FBI အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေဆဲ အချိန်မျိုးမှာ ထုတ်ပြန်ကြေညာလေ့ မရှိသလို၊ အထူးသဖြင့် ရွေးကောက်ပွဲ မကျင်းပခင် အချိန်မျိုးမှာ ပြောဆိုလေ့လည်း မရှိပါဘူး။ အွန်လိုင်းသတင်းဌာနတခုဖြစ်တဲ့ NowThis က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်လိုက်တဲ့ မေးမြန်းခန်းမှာတော့ သမ္မတ အိုဘားမား က FBI ညွှန်ကြားရေးမှူးကို နာမည်တပ်ပြောဆိုခဲ့တာ မရှိပေမဲ့လည်း၊ ကြေညာချက်ကြောင့် နိုင်ငံရေးအရ အခြေအတင်ပြောစရာ ကိစ္စတခု ဖြစ်လာရတဲ့အကြောင်း ပြောဆို သွားခဲ့ပါတယ်။

Clinton အီးမေးလ်စုံစမ်းမှုသစ်အတွက် FBI ကို Obama ဝေဖန်
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG