သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ရွေးကောက်ပွဲနေ့တဝိုက် အကြမ်းဖက်ခြိမ်းခြောက်မှုရှိ


ဒေါ်နယ်ထရန့် နှင့် ဟီလာရီကလင်တန်
ဒေါ်နယ်ထရန့် နှင့် ဟီလာရီကလင်တန်

အမေရိကန်သမ္မတရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းလောက်သာကျန်တော့တဲ့အချိန် မှာပဲ အယ်လ်ခိုင်းဒါး အကြမ်းဖက်သမားတွေ တိုက်ခိုက်လာနိုင်တယ်ဆိုတဲ့ အတိအကျမဟုတ်တဲ့ ခြိမ်းခြောက်မှုတွေထွက်ပေါ်လာတာကြောင့် နယူးယောက်၊ တက္ကဆက်နဲ့ ဗာဂျီးနီးယားပြည်နယ်ကတာဝန်ရှိသူတွေ အထူးသတိထားကြဖို့ ဗဟိုအစိုးရ တာဝန်ရှိသူတွေက သတိပေးထားပါတယ်။ နောက်ထပ်ရလာတဲ့ သတင်းအချက်အလက်တွေပေးပို့ကြဖို့ဒေသတွင်းနဲ့ ပြည်နယ်အရာရှိတွေကို တာဝန်ရှိသူတွေက အကြောင်းကြားထားပါတယ်။

အတိအကျပြောမထားဘူးဆိုတဲ့ ခြိမ်းခြောက်မှုတွေကို စီစစ်နေတယ်လို့ နယူးယောက်ရဲအရာရှိတွေကပြောပါတယ်။ တနင်္ဂနွေနေ့ နယူးယောက်မှာ ကျင်းပမယ့် လူထောင်သောင်းချီပါဝင်ဆင်နွှဲကြတဲ့ နှစ်ပတ်လည် မာရသွန်အပြေပြိုင်ပွဲ ကိုလည်း တာဝန်ရှိသူတွေဘက်က ကြိုတင်ကာကွယ်မှုတွေလုပ်နေပါတယ်။

ဗာဂျီးနီးယားနဲ့ တက္ကဆတ်ပြည်နယ် အုပ်ချုပ်ရေးမှုးတို့ကလည်း အခြေအနေကို စောင့်ကြည့်နေကြပါတယ်။ ဒီအချိန်မှာတော့ သမ္မတလောင်း ၂ ဦးဖြစ်တဲ့ Donald Trump ရော Hillary Clinton ကပါ ရွေးကောက်ပွဲမှာ အဆုံးအဖြတ်ပေးမယ်လို့ဆိုတဲ့ အကြိတ်အနယ်မဲဆွယ်ရမယ့်ပြည်နယ်တွေကို အာရုံစိုက်ပြီး မဲဆွယ်စည်းရုံးနေကြတာပါ။

Philadelphia ပြည်နယ်က ဟီလာရီကလင်တန်ရဲ့ စနေနေ့မဲဆွယ်ပွဲကို အဆိုတော် Katy Perry က အခမ်းအနားမှုးအဖြစ်ဆောင်ရွက်သွားမှာပါ။ သောကြာနေ့ Hillary ရဲ့အိုဟိုင်းရိုးပြည်နယ်မဲဆွယ်ပွဲမှာလည်း နာမည်ကြီးအဆိုတော် Beyonce တို့စုံတွဲ တက်ရောက်ဖျော်ဖြေခဲ့ကြပါတယ်။ ပြိုင်ဘက် သမ္မတလောင်း Donal Trump ကတော့ သောကြာနေ့ Pennsylvania ပြည်နယ်၊ မဲဆွယ်စည်းရုံးပွဲအတွင်း J Lo တို့ Jay Z တို့လို အဆိုတော်တွေလာစရာမလိုပဲ သူကိုယ်တိုင်ရောက်နေတာဖြစ်တယ် ဆိုပြီး Hillary ကို လှောင်ပြောင်ပါတယ်။ ဒီကနေ့စနေနေ့မှာတော့ သမ္မတလောင်း ၂ ဦးစလုံး သူမသာကိုယ်မသာဖြစ်နေတဲ့ ဖလော်ရီဒါပြည်နယ်မှာစည်းရုံးရေးဆင်းကြ မှာပါ။ နောက်ဆုံး ကောက်ယူထားတဲ့လူထုသဘောထားစစ်တမ်းအရဖလော်ရီဒါပြည်နယ်မှာ သမ္မတလောင်း၂ ဦးစလုံး သူမသာကိုယ်မသာဖြစ်နေကြတာဖြစ်ပါတယ်။

ကန်ရွေးကောက်ပွဲနေ့တဝိုက် အကြမ်းဖက်ခြိမ်းခြောက်မှုရှိ
please wait

No media source currently available

0:00 0:01:25 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG