သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump နှင့် Clinton မာရသွန် မဲဆွယ်လှုပ်ရှား

Trump နှင့် Clinton အပြိုင်အဆိုင် မဲဆွယ်လှုပ်ရှား
Trump နှင့် Clinton အပြိုင်အဆိုင် မဲဆွယ်လှုပ်ရှား

ဒီကနေ့ နိုဝင်ဘာလ (၈) ရက်နေ့ဟာ အမေရိကန်သမ္မတ ရွေးကောက်ပွဲ ကျင်းပမယ့်နေ့ ဖြစ်တဲ့အတွက် သိပ်ကို အခြေအတင် ဖြစ်ခဲ့တဲ့ ယှဉ်ပြိုင်မှုတွေနဲ့ ထိုးနှက်ဝေဖန်မှုတွေလည်း အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။ ဒီမိုကရက်ပါတီက မစ္စက် ဟီလာရီ ကလင်တန် နဲ့ ရီပတ်ဘလီကင်ပါတီက Donald Trump တို့ အနက် ဘယ်သူက နိုင်မယ်ဆိုတာကတော့ အမေရိကန်နိုင်ငံသားတွေသာမက တကမ္ဘာလုံးကပါ စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။ နောက်ဆုံး တာဝင်ခါနီးဖြစ်တဲ့ တနင်္လာနေ့ညပိုင်းအထိ သမ္မတလောင်း နှစ်ဦးစလုံးတို့က အရေးကြီးတဲ့ပြည်နယ်တွေမှာ အင်တိုက် အားတိုက် မဲဆွယ် လှုပ်ရှားခဲ့ကြပါတယ်။ ဒီအကြောင်း အပြည့်အစုံကို မစုမြတ်မွန်က စုစည်းတင်ပြထားပါတယ်။

အလှည့်အပြောင်းတွေများလှတယ်လို့ လေ့လာသူတွေပြောကြတဲ့ ဒီတခေါက် သမ္မတရွေးကောက်ပွဲအတွက် နောက်ဆုံးမဲဆွယ်ရတဲ့ နိုဝင်ဘာလ ၇ ရက် တနင်္လာနေ့က သမ္မတလောင်း ၂ ယောက်လုံး အားကုန်စိုက်ထုတ်ပြီး အရေးကြီးတဲ့ပြည်နယ်တွေဆီ သွားရောက်မဲဆွယ်ခဲ့ကြပါတယ်။ Democratic ပါတီ သမ္မတလောင်း Hillary Clinton အတွက်သမ္မတ Barack Obama ကိုယ်တိုင်စည်းရုံးမဲဆွယ်မှုတွေ လုပ်ပေးနေတာမှာ တနင်္လာနေ့အစောပိုင်းကတော့ သမ္မတအိုဘားမားဟာ Michigan ပြည်နယ်ကို သွားပြီး ရွေးကောက်ပွဲနေ့ကျရင် အရေးကြီးတဲ့ရွေးချယ်မှုကို အသေအချာလုပ်ကြဖို့တိုက်တွန်းခဲ့ပါတယ်။

“တိုးတက်နေတဲ့လမ်းကို ဆက်ရွေးချယ်မလား။ ဒါမှမဟုတ် ဒီအခြေအနေကို အဆုံးအရှုံးခံလိုက်မလားဆိုတဲ့ ရွေးချယ်မှုကို မနက်ဖြန်ကျရင် လုပ်ကြရပါတော့မယ်။ အပြင်တင်ဝေဖန်မှုတွေ၊ ခွဲခြားမှုတွေ၊ မကျေမချမ်းဖြစ်မှုတွေကို အခြေခံတဲ့နိုင်ငံရေးကို ရွေးချယ်မလား။ စည်းလုံးခြင်းဟာ အင်အားဖြစ်တယ်ဆိုတာ ယုံကြည်တဲ့နိုင်ငံရေးကို ရွေးချယ်မလားဆိုတာကို မနက်ဖြန်ကျရင်ရွေးချယ်ကြရမှာဖြစ်ပါတယ်။”

မဲဆွယ်ပွဲနောက်ဆုံး တနင်္လာနေ့ တနေ့လုံးကို Hillary Clinton အတွက် သမ္မတအိုဘားမားက စည်းရုံးမဲဆွယ်မှုတွေလုပ်နေတာမှာ Michigan ပြည်နယ်အပြင် New Hampshire ပြည်နယ်ကိုလည်း သွားရောက်မဲဆွယ်ပါတယ်။ အသံလွှင့်ပြီးချိန် ဒေသစံတော်ချိန် ည ၇ နာရီခွဲကျရင်လည်း Pennsylvania ပြည်နယ် Philadelphia မြို့က မဲဆွယ်ပွဲကို သမ္မတကတော် Michelle Obama နဲ့အတူ သမ္မတအိုဘားမား သွားရောက်မှာဖြစ်ပါတယ်။ Hillary Clinton ရဲ့ နောက်ဆုံး အကြီးအကျယ်မဲဆွယ်ပွဲဖြစ်မယ့် အဲဒီပွဲကို Hillary Clinton ကိုယ်တိုင်အပြင် သူ့ရဲ့ခင်ပွန်း သမ္မတဟောင်း Bill Clinton သမီး Chelsea Clinton တို့လည်း လာရောက် စည်းရုံးကြမှာဖြစ်ပါတယ်။ တနင်္လာနေ့ အစောပိုင်းကတော့ Hillary Clinton ဟာ Pennsylvania ပြည်နယ် Pittsburgh မြို့ကိုသွားပြီး ဘယ်သူ့ကို မဲပေးရမှန်း မရေမရာဖြစ်နေသူတွေကို ရည်ရွယ်ပြီး သူဟာ တည်ငြိမ်တဲ့ ခေါင်းဆောင်မှုကို ပေးနိုင်မယ့်သူဖြစ်တယ်လို့ ပြောကြား စည်းရုံးခဲ့ပါတယ်။

“အစိုးရဝန်ထမ်းသက်တမ်းတလျှောက်လုံး ကလေးငယ်တွေ၊ မိသားစုတွေအတွက် ကျွန်မတိုက်ပွဲဝင်ခဲ့တယ်။ ကျွန်မတို့နိုင်ငံအတွက် ရပ်တည်ခဲ့ပါတယ်။ တကယ်လို့ မနက်ဖြန်မှာ ကျွန်မကို မဲပေးရွေးချယ်ကြမယ်ဆိုရင် ဒီလို ရပ်တည်ဆောင်ရွက်မှုတွေကို သမ္မတတာဝန်ယူထားတဲ့ နေ့တိုင်းမှာ လုပ်သွားမှာဖြစ်ပါတယ်။ အိမ်ဖြူတော်မှာ အိပ်ရာကနေ နိုးလာတာနဲ့ ဒီနေ့အတွက် ဘယ်လိုအတားအဆီးတွေကို ဖယ်ရှားပေးရမလဲ၊ ဘယ်လိုအခွင့်အလမ်းတွေ ဖန်တီးပေးရမလဲဆိုတာကို စဉ်းစားမှာဖြစ်ပါတယ်။ ဒါမှသာ ရှင်တို့ရဲ့ အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့ အခွင့်အရေးရှိလာမှာဖြစ်ပါတယ်။ အမေရိကန်ရဲ့ အကောင်းဆုံးနေ့ရက်တွေက ကျွန်မတို့ရှေ့မှာရှိနေသေးတယ်လို့ ကျွန်မယုံကြည်ပါတယ်။”

Pennsylvania ပြည်နယ်ရဲ့ အကြီးဆုံး Philadelphia မြို့က မဲဆွယ်ပွဲကို ပြန်မလာခင် Hillary Clinton ဟာ မြောက် Carolina ပြည်နယ်ကိုလည်း သွားရောက်မဲဆွယ်ပါတယ်။ သူ့အတွက် နောက်ဆုံးဖြစ်မယ့် Philadelphia မြို့က မဲဆွယ်ပွဲကို နာမည်ကျော်အဆိုတော်တွေဖြစ်ကြတဲ့ John Bon Jovi နဲ့ Bruce Springsteen တို့လည်း လာရောက် ဖျော်ဖြေကြမှာဖြစ်ပါတယ်။ သမ္မတရွေးကောက်ပွဲ အနိုင်အရှုံးအတွက်တင်မက လွှတ်တော်အမတ်နေရာ အများစု ရနိုင်ဖို့အတွက်ပါ အရေးကြီးတဲ့ ခုလိုပြည်နယ်တွေကို Hillary Clinton လိုပဲ Republican သမ္မတလောင်း Donald Trump ကလည်း တနင်္လာနေ့က သွားရောက်မဲဆွယ်ခဲ့တာပါ။ Hillary Clinton ရဲ့ Email ကိစ္စနဲ့ပါတ်သက်လို့ သူ့အပေါ် အရေးယူဖို့မလိုအပ်ဘူးလို့ FBI ညွှန်ကြားရေးမှူးက တနင်္ဂနွေနေ့ကပဲ ထပ်ပြီးပြောကြားခဲ့တာကို မကျေနပ်တဲ့ Donald Trump ကသူ့အဆို အကွက်ဆင်ထားတဲ့ စနစ်ကြီးပပျောက်အောင် သူ့ကို မဲပေးပါလို့ Florida ပြည်နယ်မှာ ခုလို မဲဆွယ်သွားပါတယ်။

“မနက်ဖြန်ကျရင် မဲပေးဖြစ်အောင်ပေးပြီး၊ အကွက်ဆင် အကြံအဖန်လုပ်နေတဲ့သူတွေကို အနိုင်ရအောင် လုပ်လို့ရပါတယ်။ ကျွန်တော်တို့ အနိုင်ရခဲ့မယ်ဆိုရင် ခြစားနေတဲ့ နိုင်ငံရေးသမားတွေနဲ့ သူ့တို့ရဲ့အလှုရှင်တွေရှုံးသွားမှာပါ။ တကယ်လို့သာ သူတို့နိုင်သွားမယ်ဆိုရင်တော့ အမေရိကန်ပြည်သူတွေအတွက် အကြီးအကျယ် ရှုံးနိမ့်တာဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ နောက်တခါအခွင့်အရေး ဘယ်တော့မှ ထပ်ရတော့မှာ မဟုတ်ပါဘူး။ နောက် ၄ နှစ်ကြာလည်း မရတော့ဘူး၊ နောက် ၈ နှစ်ကြာလည်း ရတော့မှာ မဟုတ်ပါဘူး။ နိုင်ငံတော်တရားရုံးချုပ် တရားသူကြီးတွေကိုလည်း ရွေးချယ်ခွင့်ရတော့မှာ မဟုတ်ဘူး၊ ကျွန်တော်တို့နိုင်ငံထဲကို လူတွေလှိမ့်ပြီးဝင်လာကြပါလိမ့်မယ်။ ဒါကြောင့် မနက်ဖြန် မဲပေးဖြစ်အောင် ပေးကြပါ။”

လူထုစစ်တမ်းတွေမှာ Hillary Clinton ထက် ၄ မှတ်လောက် နောက်ကျန်နေတဲ့ Donald Trump ဟာ Florida ပြည်နယ်အပြင် မြောက် Carolina၊ Pennsylvania New Hampshire နဲ့ Michigan ပြည်နယ်တွေကိုလည်း တနင်္လာနေ့ တရက်ထဲမှာ သွားရောက်မဲဆွယ်ပါတယ်။ နိုဝင်ဘာ ၈ ရက်နေ့ အင်္ဂါနေ့ကျရင် သမ္မတရွေးကောက်ပွဲအပြင် သက်တမ်းစေ့တဲ့ အောက်နဲ့ အထက်လွှတ်တော်အမတ်တွေ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေကိုလည်း ရွေးချယ်ကြမှာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိလွှတ်တော် ၂ ရပ်လုံးမှာ Republican ပါတီဖက်က အမတ်အများစုနေရာရထားတဲ့ အခြေအနေကို ဆက်ပြီး ထိန်းထားမှာလားဆိုတာကို အဆုံးအဖြတ်ပေးမှာဖြစ်ပါတယ်။

Clinton နှင့် Trump မာရသွန် မဲဆွယ်လှုပ်ရှားမှု သတင်းဓါတ်ပုံများ

Hillary Clinton
1/12 Hillary Clinton
ဒီကနေ့ နိုဝင်ဘာလ (၈) ရက်နေ့ဟာ အမေရိကန်သမ္မတ ရွေးကောက်ပွဲ ကျင်းပမယ့်နေ့ နောက်ဆုံး တာဝင်ခါနီးဖြစ်တဲ့အချိန်အထိ သမ္မတလောင်း နှစ်ဦးစလုံးတို့က အရေးကြီးတဲ့ပြည်နယ်တွေမှာ အင်တိုက် အားတိုက် မဲဆွယ် လှုပ်ရှားခဲ့ကြပါတယ်။
အသေးစိတ် ဖတ်ရှုရန် Show less
Hillary Clinton
2/12 Hillary Clinton

3/12 Hillary Clinton

4/12 Hillary Clinton

 Donald Trump
5/12 Donald Trump

6/12 Hillary Clinton

APTOPIX Campaign 2016 Obama Clinton
7/12 APTOPIX Campaign 2016 Obama Clinton
ဒီကနေ့ နိုဝင်ဘာလ (၈) ရက်နေ့ဟာ အမေရိကန်သမ္မတ ရွေးကောက်ပွဲ ကျင်းပမယ့်နေ့ နောက်ဆုံး တာဝင်ခါနီးဖြစ်တဲ့အချိန်အထိ သမ္မတလောင်း နှစ်ဦးစလုံးတို့က အရေးကြီးတဲ့ပြည်နယ်တွေမှာ အင်တိုက် အားတိုက် မဲဆွယ် လှုပ်ရှားခဲ့ကြပါတယ်။
အသေးစိတ် ဖတ်ရှုရန် Show less
Election 2016 Clinton
8/12 Election 2016 Clinton
ဒီကနေ့ နိုဝင်ဘာလ (၈) ရက်နေ့ဟာ အမေရိကန်သမ္မတ ရွေးကောက်ပွဲ ကျင်းပမယ့်နေ့ နောက်ဆုံး တာဝင်ခါနီးဖြစ်တဲ့အချိန်အထိ သမ္မတလောင်း နှစ်ဦးစလုံးတို့က အရေးကြီးတဲ့ပြည်နယ်တွေမှာ အင်တိုက် အားတိုက် မဲဆွယ် လှုပ်ရှားခဲ့ကြပါတယ်။
အသေးစိတ် ဖတ်ရှုရန် Show less
Election 2016 Trump
9/12 Election 2016 Trump
ဒီကနေ့ နိုဝင်ဘာလ (၈) ရက်နေ့ဟာ အမေရိကန်သမ္မတ ရွေးကောက်ပွဲ ကျင်းပမယ့်နေ့ နောက်ဆုံး တာဝင်ခါနီးဖြစ်တဲ့အချိန်အထိ သမ္မတလောင်း နှစ်ဦးစလုံးတို့က အရေးကြီးတဲ့ပြည်နယ်တွေမှာ အင်တိုက် အားတိုက် မဲဆွယ် လှုပ်ရှားခဲ့ကြပါတယ်။
အသေးစိတ် ဖတ်ရှုရန် Show less
 Donald Trump
10/12 Donald Trump
ဒီကနေ့ နိုဝင်ဘာလ (၈) ရက်နေ့ဟာ အမေရိကန်သမ္မတ ရွေးကောက်ပွဲ ကျင်းပမယ့်နေ့ နောက်ဆုံး တာဝင်ခါနီးဖြစ်တဲ့အချိန်အထိ သမ္မတလောင်း နှစ်ဦးစလုံးတို့က အရေးကြီးတဲ့ပြည်နယ်တွေမှာ အင်တိုက် အားတိုက် မဲဆွယ် လှုပ်ရှားခဲ့ကြပါတယ်။
အသေးစိတ် ဖတ်ရှုရန် Show less
Hillary Clinton
11/12 Hillary Clinton

12/12 Hillary Clinton

Previous slide
Next slide

Trump နှင့် Clinton မာရသွန် မဲဆွယ်လှုပ်ရှား
please wait

No media source currently available

0:00 0:05:35 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG