သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်သမ္မတရွေးကောက်ပွဲရလဒ် အချိန်နှင့်တပြေးညီ ထုတ်ပြန်မည်


အမေရိကန် ရွေးကောက်ပွဲကျင်းပနေစဉ် အချိန်နဲ့တပြေးညီ ရလဒ်တွေကို ဖော်ပြသွားဖို့ VoteCastr ဆိုတဲ့ ကုမ္ပဏီသစ်တခုက စီစဉ်နေပါတယ်။

ပုံမှန်အားဖြင့် မဲပေးပွဲကျင်းပနေချိန်မှာ မဲဆန္ဒရှင်တွေရဲ့ ဆုံးဖြတ်ချက်အပြောင်းအလဲဖြစ်သွားနိုင်တဲ့အတွက် အမေရိကန အဓိက သတင်းမီဒီယာကြီးတွေက ခုလို ရလာဒ်တွေကို ထုတ်ပြန်မပေးနိုင်ဘူးလို့ ငြင်းဆန်ခဲ့တာ ဆယ်စုနှစ်တွေနဲ့ချီရှိနေပါပြီ။

ဒီလိုအခြေအနေမှာ VoteCastr က CNN ရုပ်သံသတင်းဌာန New York Times သတင်းစာတိုက်တို့နဲ့ပေါင်းပြီး အစဉ်အလာကို ဖျက်လိုက်တဲ့အတွက် တချို့က မကျေမနပ်ဖြစ်နေကြပါတယ်။

နိုဝင်ဘာ ၈ ရက် ဝါရှင်တန်စံတော်ချိန် မနက် ၈ နာရီထဲကစလို့ အကြိတ်အနယ်ပြိုင်ဆိုင်ရမယ့် ပြည်နယ်တွေမှာ ဘယ်သူ အနိုင်ရနေသလဲဆိုတဲ့ ရလာဒ်တွေကို ထုတ်ပြန်သွားမှာဖြစ်ပါတယ်။ Florida, Iowa, New Hampshire, Nevada, Ohio, Pennsylvania နဲ့ Wisconsin ပြည်နယ်တွေမှာ မဲရုံတွေနား စောင့််ကြည့်နေသူ ရာနဲ့ချီဆီက သိရတဲ့ မဲလာပေးသူတွေရဲ့ အခြေအနေတွေကိုလည်း VoteCastr ကအားထားမှာဖြစ်ပါတယ်။

အမေရိကန်သမ္မတရွေးကောက်ပွဲရလဒ် အချိန်နှင့်တပြေးညီ ထုတ်ပြန်မည်
please wait

No media source currently available

0:00 0:00:54 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG