သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump လက်ထောက်တွေနဲ့ ပတ်သက်မှုသတင်း ရုရှား ပယ်ချ


ရုရှားအစိုးရအဖွဲ့ပြောခွင့်ရ Dmitry Peskov
ရုရှားအစိုးရအဖွဲ့ပြောခွင့်ရ Dmitry Peskov

အမေရိကန်သမ္မတ Donald Trump ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့ကလူတွေနဲ့ သူ့ရဲ့တခြားလူတွေဟာ ပြီးခဲ့တဲ့နိုဝင်ဘာလမှာ သမ္မတရွေးကောက်ပွဲ မလုပ်ခင်ကတည်းက ရုရှားထောက်လှမ်းရေး အကြီးတန်းတာဝန်ရှိသူတွေနဲ့ အဆက်အသွယ် ရှိခဲ့တယ် ဆိုတဲ့ New York Times သတင်းစာပါသတင်းကို ရုရှားနိုင်ငံက ဒီကနေ့ ပယ်ချလိုက်ပါတယ်။

လက်ရှိနဲ့ အရင် အမေရိကန်တာဝန်ရှိသူ လေးဦးကို ကိုးကားပြီး Times သတင်းစာ က ရေးထားတာပါ။ မစ္စတာထရမ့်ပ်ရဲ့ မဲဆွယ် စည်းရုံးရေးအဖွဲ့ မန်နေဂျာလုပ်ခဲ့သူ Paul Manafort နဲ့ အမည်ဖော်ပြမထားတဲ့ တခြား လက်ထောက်တွေရဲ့ ဖုန်းအဆက်အသွယ် တွေကို အမေရိကန် ဥပဒေစိုးမိုးရေးပိုင်း နဲ့ ထောက်လှမ်းရေးအဖွဲ့တွေ က ကြားဖြတ်ဖမ်းယူခဲ့ပြီး မှတ်တမ်းတွေ ရှိထားတယ်လို့ သတင်းစာမှာကိုးကားတဲ့ တာဝန်ရှိသူတွေက ပြောတာပါ။

Manafort ကတော့ ဒီသတင်းဟာ အဓိပ္ပါယ်မဲ့ ရူးကြောင်ကြောင် သတင်းပဲလို့ ပြောတဲ့ အကြောင်း Times ကရေးပါတယ်။

ရာထူးကနေနုတ်ထွက်သွားပြီဖြစ်တဲ့ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် Michael Flynn နဲ့ Manafort တို့အပါအဝင် ထရမ့်ပ်ရဲ့ လက်ထောက်တွေဟာ ရွေးကောက်ပွဲမတိုင်ခင်မှာ ရုရှားနိုင်ငံသားတွေနဲ့ ပုံမှန်အဆက်အသွယ် ရှိခဲ့တယ်ဆိုတဲ့ CNN သတင်းဌာန ရဲ့ အလားတူသတင်းကိုလဲ Manafort က ငြင်းပါတယ်။

ဒီသတင်းဟာ ဘယ်လိုအချက်အလက်ပေါ်မှာမှ အခြေခံထားတာမဟုတ်ဘူးဆိုပြီး ရုရှားအစိုးရအဖွဲ့ပြောခွင့်ရ Dmitry Peskov က ဒီကနေ့ပြောပါတယ်။ အဆက်အသွယ်ရှိခဲ့ကြတယ်ဆိုတဲ့ သတင်းတွေဟာ ဘာမှ ခိုင်လုံမှုမရှိဘူးလို့ ရုရှားထောက်လှမ်းရေးအဖွဲ့ကို ကိုးကားပြီး ရုရှားသတင်းမီဒီယာတွေ ကလည်း ဖော်ပြကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG