သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump လက်ထက် ရုရှား ဒဏ်ခတ်ပိတ်ဆို့မှု ကြာတော့မည်မဟုတ်


အမေရိကန်ရွေးကောက်ခံသမ္မတ Donald Trump
အမေရိကန်ရွေးကောက်ခံသမ္မတ Donald Trump

အမေရိကန်သမ္မတအိုဘားမားအစိုးရက ရုရှားနိုင်ငံအပေါ်ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို သူ့အနေနဲ့ ဆက်ပြီးတော့ ထားရှိသွားနိုင်တယ်လို့ ရွေးကောက်ခံသမ္မတ ဒေါ်နယ်လ်ထရမ့်ကပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ သူ့အစိုးရအနေနဲ့ တော့ သိပ်အကြာကြီးတော့ ထားချင်မှထားမှာဖြစ်တယ်လို့ လည်း ပြောလိုက်ပါတယ်။

ရုရှားနိုင်ငံအပေါ်ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အချိန်အတိုင်းအတာတခုအထိ ထားရှိသွားမှာဖြစ်ကြောင်း၊ ဒါပေမဲ့ တကယ်လို့ ရုရှားနိုင်ငံအနေနဲ့ အကြမ်းဖက်သမားတွေကို တိုက်ဖျက်တဲ့နေရာမှာ အကူအညီပေးပြီး အမေရိကန်နိုင်ငံအတွက် တခြားအရေးကြီးတဲ့ ရည်မှန်းချက်တွေ အောင်မြင်အောင် အကူအညီပေးမယ်ဆိုရင် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရုတ်သိမ်းကောင်း ရုတ်သိမ်းနိုင်တယ်လို့ သောကြာနေ့ နှောင်းပိုင်းက ထုတ်ဝေခဲ့တဲ့ The Wall Street Journal သတင်းစာနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဖော်ပြထားပါတယ်။ “ ရုရှားနိုင်ငံက ကျနော်တို့ကို အကူအညီပေးပြီး အဆင်ပြေတယ်ဆိုရင်၊ တစ်ယောက်ယောက်က ကောင်းတာလုပ်နေတယ်ဆိုရင် ဘာဖြစ်လို့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကိုလုပ်နေမလဲလို့ သူက WSJ သတင်းစာကို ပြောခဲ့ပါတယ်။ သူ့အနေနဲ့ သမ္မတအဖြစ်နဲ့ ကျမ်းသစ္စာကျိန်ဆိုပြိးတာနဲ့ သူ့အနေနဲ့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်နဲ့ တွေ့ဆုံဖို့အဆင်သင့်ပဲလို့ မစ္စတာ ထရမ့်က ပြောပါတယ်။ ရုရှားဘက်ကလည်း တွေ့ချင်မှာဖြစ်ပြီး အဲဒီဟာက သူ့အတွက်ပြဿ နာမရှိပါဘူးလို့ မစ္စတာထရမ့်က ပြောပါတယ်။

ဒီသတင်းနဲ့ တစပ်တည်နောက်ထပ်ဖြစ်ထွန်းမှုတခုမှာတော့- မစ္စတာထရမ့်အစိုးရတက်လာကပြီး ရက်ပိုင်းအတွင်းမှာ ကာဇက်စတန်နိုင်ငံ အက်စတာနာမြို့မှာ ကျင်းပမယ့် ဆီရီးယားငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ထရမ့်အစိုးရအနေနဲ့ တက်ရောက်ဖို့ ရုရှားနိုင်ငံက ဖိတ်ခေါ်ခဲ့တယ်လို့ ဝါရှင်တန်ပို့စ်သတင်းစာကြီးက ရေးသားလိုက်ပါတယ်။

Trump လက်ထက် ရုရှား ဒဏ်ခတ်ပိတ်ဆို့မှု ကြာတော့မည်မဟုတ်
please wait

No media source currently available

0:00 0:01:20 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG