သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားအရေးစုံစမ်းမှု ဂယက်ကြား အိမ်ဖြူတော် ပုံမှန်လည်ပတ်


အမေရိကန် သမ္မတ Donald Trum ရဲ့ ပြင်သစ်နိုင်ငံ ခရီးစဉ် စတင်ဖို့ Marine One ဆီအသွား။
အမေရိကန် သမ္မတ Donald Trum ရဲ့ ပြင်သစ်နိုင်ငံ ခရီးစဉ် စတင်ဖို့ Marine One ဆီအသွား။

အမေရိကန် သမ္မတ အိမ်ဖြူတော်ဟာ ဘာမှ အားနည်းချက်မရှိ ကောင်းကောင်း လည်ပတ် လုပ်ဆောင်နေတယ်လို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ပြောလိုက်ပါတယ်။ ရုရှားအစိုးရ ရှေ့နေလို့ ဆိုသူနဲ့ သူ့ရဲ့ အကြီးဆုံးသား ဖြစ်သူတို့ပြီးခဲ့တဲ့နှစ်က တွေ့ဆုံခဲ့တယ် ဆိုတာ ပေါ်လာပြီးတဲ့နောက် အိမ်ဖြူတော်ဟာ ရုတ်ရုတ်သည်းသည်း ဖြစ်နေတယ်ဆိုတဲ့ အပြောတွေကို သမ္မတက တုန့်ပြန် ပြောဆိုတာပါ။

ရွေးကောက်ပွဲ ကာလက မစ္စတာထရမ့်ပ်ရဲ့ ပြိုင်ဘက်ဖြစ်သူ ဒီမိုကရက်တစ် သမ္မတလောင်း ဟီလာရီ ကလင်တန်နဲ့ ပတ်သက်ပြီး အပြစ်ကျူးလွန်ထားတဲ့ သတင်းအချက်အလက်တွေ ပေးမယ်ဆိုပြီးတော့ အဲဒီရှေ့နေက ကမ်းလှမ်းတာကြောင့် မစ္စတာထရမ့်ပ်ရဲ့ သားအကြီးဆုံးက တွေ့ခဲ့တာဆိုတဲ့ သတင်းတွေက ထွက်နေတာပါ။

သမ္မတနဲ့ ပတ်သက်ပြီး ထွက်ထားတဲ့ သတင်းအရ ဆိုရင်တော့ သူဟာ အင်္ဂါနေ့က လုပ်ငန်း အစီအစဉ်တွေ သိပ်မရှိလှဘဲ Donald Trump Jr. နဲ့ ပတ်သက်တဲ့ သတင်းတွေကို စောင့်ကြည့်ပြီး ဒေါသ ထွက်နေခဲ့တယ်လို့ ဆိုပါတယ်။ Trump Jr. ဟာ ၂၀၁၆ ခုနှစ် ဇွန်လက နယူးယောက်မြို့၊ Trump Tower မှာ အဲဒီရှေ့နေနဲ့ တွေ့ဆုံဖို့ ကြားခံ အဆက်အသွယ် ကနေ အီးမေးလ်နဲ့ အပြန်အလှန် ဆက်သွယ်ခဲ့ကြတာတွေကို သတင်းတွေမှာ ပြောနေကြတာပါ။

ဒါပေမယ့်လည်း သမ္မတထရမ့်ပ်ကတော့ အိမ်ဖြူတော်ဟာ နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကို ပြုပြင်ပြောင်းလဲရေးကိစ္စ၊ အခွန်တွေလျှော့ချဖြတ်တောက်ဖို့ ကိစ္စနဲ့ အခွန်စနစ် ပြုပြင်ပြောင်းလဲရေး ကိစ္စတွေအပြင် သူ့အဆိုအားဖြင့် တခြား ကိစ္စရပ် အများအပြားပေါ် အာရုံစိုက် လုပ်ဆောင်နေကြောင်း၊ တီဗွီကြည့်ဖို့အချိန်မရှိသလောက် ဖြစ်ကြောင်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG