သုံးရလွယ်ကူစေသည့် Link များ

ပဲရစ်သဘောတူညီချက်က နှုတ်ထွက်ဖို့ Trump ရဲ့ ဆုံးဖြတ်ချက်အပေါ် ကမ္ဘာ့ခေါင်းဆောင်များစိတ်ပျက်


ပဲရစ်သဘောတူညီချက်က နှုတ်ထွက်ဖို့ ဆုံးဖြတ်ချက်ချ လိုက်ကြောင်း သမ္မတ Trump ကြေညာစဉ်။ (ဇွန်လ ၁-၂၀၁၇)

သမိုင်းဝင် ရာသီဥတုဆိုင်ရာ ပဲရစ်သဘောတူညီချက်ကနေ နှုတ်ထွက်ဖို့ အမေရိကန် သမ္မတ Donald Trump ရဲ့ ဆုံးဖြတ်ချက်အပေါ် ကမ္ဘာတ၀န်းက ခေါင်းဆောင်တွေ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတွေရဲ့ အပြင်းအထန်ဝေဖန်မှုတွေနဲ့ မကျေမနပ် တုန့်ပြန်မှုတွေ ထွက်ပေါ်လာပါတယ်။ ပြင်သစ်သမ္မတ Emmanuel Macron ကတော့ သမ္မတ Trump ဟာ သမိုင်းဝင် အမှားတခုကို ကျုးလွန်လိုက်တယ်လို့ ယုံကြည်ကြောင်း ပြင်သစ်နဲ့ အင်္ဂလိပ် ၂ ဘာသာနဲ့ ပြောဆိုခဲ့တာပါ။

ပြင်သစ်သမ္မတ
ပြင်သစ်သမ္မတ

အမေရိကန် သိပ္ပံပညာရှင်တွေနဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ အနေနဲ့လည်း ပြင်သစ် နိုင်ငံကို ဒုတိယအမိမြေလို သဘောထားပြီး၊ ရာသီဥတုနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ အမေရိကန် တကျော့ပြန် ကြီးကျယ်မြင့်မြတ် စေရမယ်လို့ဆိုတဲ့ သမ္မတ Trump ရဲ့ ရွေးကောက်ပွဲ ဆောင်ပုဒ်ကို ရည်ညွှန်းပြီး၊ ကမ္ဘာကြီး တကျော့ပြန် ကြီးကျယ်မြင့်မြတ်စေဖို့ ကြိုးပမ်းသွားမယ်လို့လည်း ပြင်သစ်သမ္မတက ပြောဆိုခဲ့တာပါ။

ဂျာမနီဝန်ကြီးချုပ် Angela Merkel ကတော့ ပဲရစ်သဘောတူညီချက်ဟာ သမိုင်းဝင်ခြေလှမ်း တရပ်ဖြစ်ကြောင်း ပြောဆိုခဲ့သလို၊ ကမ္ဘာကြီးကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတယ်လို့ ခံစားချက်ရှိတဲ့ သူတွေကို အမေရိကန် သမ္မတရဲ့ ဆုံးဖြတ်ချက်က ဟန့်တားနိုင်မှာ မဟုတ်ဘူးလို့လည်း ပြောခဲ့ပါတယ်။

ဂျာမာန်ဝန်ကြီးချုပ်
ဂျာမာန်ဝန်ကြီးချုပ်

ဒီလိုလူတွေအတွက် ကမ္ဘာကြီးရဲ့ အနာဂတ်ဟာ အရေးကြီးကြောင်း ပြောကြားလိုက်သလို၊ အမိမြေအတွက် အောင်မြင်မှုတွေ ဆောင်ကျဉ်းပေးနိုင်မယ့် လမ်းကြောင်းပေါ်မှာ အတူတကွ ဆက်လက် လျှောက်လှမ်းကြဖို့လည်း တိုက်တွန်းခဲ့တာပါ။

သမ္မတ Trump ကတော့ ကန့်သတ်ချက်တွေ ပါဝင်တဲ့ သဘောတူညီချက်ကြောင့် အမေရိကန်မှာ ဒေါ်လာဘီလီယံပေါင်းများစွာနဲ့ အလုပ်အကိုင်တွေ ဆုံးရှုံးရတဲ့အတွက် နှုတ်ထွက်ရတာဖြစ်ကြောင်း ပြောဆိုထားတာပါ။ သဘောတူညီချက်ဟာ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေလို ပတ်ဝန်းကျင် ညစ်ညမ်းအောင် လုပ်နေတဲ့ အဓိကနိုင်ငံတွေအတွက် အကျိုးရှိပြီး၊ အမေရိကန်အတွက် မမျှမတဖြစ်နေရတယ်လို့လည်း ပြောဆိုထားပါတယ်။

သမ္မတ Trump က ပဲရစ်သဘောတူညီချက်ကို ပြန်လည်ဆွေးနွေး ညှိနှိုင်းနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုထားပေမဲ့လည်း၊ ပြင်သစ်၊ ဂျာမနီနဲ့ အီတလီ ၃ နိုင်ငံ ပူးတွဲ ကြေညာချက်မှာတော့ပြန်လည် စေ့စပ်လို့ မရနိုင်ဘူးလို့ ဖော်ပြခဲ့တာပါ။ ကမ္ဘာပေါ်မှာ ပတ်ဝန်းကျင် ညစ်ညမ်းအောင် လုပ်နေတဲ့ အထဲမှာ တရုတ်နိုင်ငံဟာ ထိပ်ဆုံးက ရှိနေပြီး၊ အမေရိကန်ကတော့ ဒုတိယနေရာမှာ ရှိနေပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Hua Chunying ကတော့ တာဝန်ရှိတဲ့ နိုင်ငံကြီးတခုအဖြစ် တရုတ်နိုင်ငံက ပဲရစ်သဘောတူညီချက်ကို ဆက်လက် လိုက်နာမှာဖြစ်ကြောင်း ဒီကနေ့ပဲ ပြောဆိုခဲ့တာပါ။

ပဲရစ်သဘောတူညီချက်ဟာ နိုင်ငံတကာ အသိုင်းအ၀န်းကြား အကျယ်ပြန့်ဆုံး လက်ခံထားတဲ့ သဘောတူညီချက်တရပ်အဖြစ် တရုတ်နိုင်ငံက ယူဆကြောင်းနဲ့ ခက်ခက်ခဲခဲ ရယူထားတဲ့ သဘောတူညီချက်ကို သက်ဆိုင်သူတွေ အားလုံးက ထိန်းသိမ်းစောင့်ရှောက် သင့်ကြောင်းလည်း ဘေဂျင်းမြို့တော်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

XS
SM
MD
LG