သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဲရစ်သဘောတူညီမှု အကောင်အထည်ဖော်ဖို့ ကန် ပြည်နယ်နဲ့ မြို့ကြီးတွေ ကြိုးပမ်း


သမ္မတအိမ်ဖြူတော်ရှေ့ ပဲရစ်သဘောတူညီမှုက နှုတ်ထွက်မှုအပေါ် ဆန္ဒပြနေသူများ။ (ဇွန် ၁-၂၀၁၇)
သမ္မတအိမ်ဖြူတော်ရှေ့ ပဲရစ်သဘောတူညီမှုက နှုတ်ထွက်မှုအပေါ် ဆန္ဒပြနေသူများ။ (ဇွန် ၁-၂၀၁၇)

အမေရိကန်သမ္မတ Donald Trump က သူဟာ Pittsburgh မြို့လူထုကိုပဲ ကိုယ်စားပြုပါတယ်၊ Paris ကို ကိုယ်စားမပြုပါဘူးလို့ Paris ရာသီဥတုဆိုင်ရာသဘောတူညီမှု ကနေ အမေရိကန်ပြည်ထောင်စု နှုတ်ထွက်မယ်လို့ ကြေညာချိန်မှာ ပြောသွားပါတယ်။ ဒါပေမယ့် အခုလို Mr. Trump ရဲ့မှတ်ချက်စကားက သူ့ကို တိုက်ရိုက်စော်ကားနေသလို ခံစားရတယ်လို့ Pittsburgh မြို့တော်ဝန် Bill Peduto က ပြောပါတယ်။

Mr. Trump ရဲ့ မိန့်ခွန်းကို ရေးပေးသူဟာ Pittsburgh မြို့ကို ချွတ်ခြုံကျ ကျောက်မီးသွေးနဲ့ သံမဏိထုတ်လုပ်ရေးကိုပဲ မှီခိုနေရတဲ့ မြို့ဟောင်းအစုတ်ကြီးလို ပုံဖော်ထားတယ်လို့ Mr. Peduto က ပြောပါတယ်။ ရေသန့်စင်အောင် လေထုညစ်ညမ်းမှု ကင်းအောင် နှစ်ပေါင်း ၃၀ ကျော် ဒီလုပ်ငန်းတွေ ရပ်ပစ်ပြီး သူတို့ အနစ်နာခံခဲ့တာတွေကို Mr. Trump ရဲ့ မိန့်ခွန်းထဲမှာ မျက်ကွယ်ပြုထားတယ်လို့ မြို့တော်ဝန်က ပြောပါတယ်။

Mr. Peduto – Twitter လူမှုကွန်ရက်ပေါ်မှာ ရေးထားတာက ကျွန်တော်တို့ လူထုတွေ ကျွန်တော်တို့ရဲ့ စီးပွားရေးနဲ့ အနာဂတ်အတွက် Paris ရာသီဥတုဆိုင်ရာသဘောတူညီမှုပါ လမ်းညွန်ချက်တွေကို လိုက်နာသွားကြပါမယ်လို့ “Pittsburgh မြို့တော်ဝန်အနေနဲ့ အာမခံပြောချင်ပါတယ် လို့ ဆိုပါတယ်။

စွမ်းအင်အသုံးပြုမှုတဝက်လျှော့ချပြီး ၂၀၃၀ ကျရင် သုံးစွဲတဲ့ စွမ်းအင်အရင်းအမြစ်တွေအားလုံးကိုလည်း ပြည့်ဖြိုးမြဲလောင်စာကနေ ရယူနိုင်အောင်လုပ်ဆောင်မယ့် Pittsburgh မြို့ အစိုးရရဲ့ ရည်မှန်းချက် ပြည့်စေရမယ်လို့ Mr. Peduto သမ္မတ Trump ရဲ့ အမိန့်ထုတ်ပြန်ချက်ကို တုံ့ပြန်သွားပါတယ်။

ဥတုရာသီဆိုင်ရာ အရေးယူလုပ်ဆောင်မှုတွေကို ပြည်ထောင်စုအစိုးရက ခပ်ကင်းကင်းနေတော့မယ့် အချိန်မှာ အမေရိကန် ပြည်နယ်နဲ့ မြို့အစိုးရ အဖွဲ့တွေနဲ့ ပုဂ္ဂလိက အဖွဲ့တွေက ဒီ ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချဖို့ ဝိုင်းဝန်းလုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG