သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါရီသဘောတူညီမှု EU-တရုတ် ပူးပေါင်းဆောင်ရွက်သွားမည်


EU တရုတ် စီးပွားရေးထိပ်သီးစည်းဝေးပွဲ တက်ရောက်နေတဲ့ EU တရုတ်ခေါင်းဆောင်များ။ (ဇွန် ၂-၂၀၁၇)
EU တရုတ် စီးပွားရေးထိပ်သီးစည်းဝေးပွဲ တက်ရောက်နေတဲ့ EU တရုတ်ခေါင်းဆောင်များ။ (ဇွန် ၂-၂၀၁၇)

ရာသီဥတုပြောင်းလဲဖောက်ပြန်မှု တိုက်ဖျက်ရေး ပါရီသဘောတူညီချက်ကို ဆက်ပြီးဆောင်ရွက် သွားမယ်လို့ EU ဥရောပသမဂ္ဂနဲ့ တရုတ်နိုင်ငံတို့က ထပ်ပြီး ကတိပြုခဲ့ကြပါတယ်။ သန့်ရှင်းလောင်စာထုတ်လုပ်ရေးနဲ့ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးဟာ EU နဲ့ တရုတ် အပြန်အလှန်ဆက်ဆံရေးရဲ့ အဓိက မဏ္ဍိုင်ကြီးဖြစ်လာတယ်လို့ ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

EU တရုတ် စီးပွားရေးထိပ်သီးစည်းဝေးပွဲအတွက် တရုတ်ဝန်ကြီးချုပ် Li Keqiang Belgium နိုင်ငံ Brussels မြို့တော်မှာရောက်နေစဉ် ကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အမေရိကန်ပါ ပါ မပါပါ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးကို ဆက်ပြီးလုပ်သွားမယ်လို့ ဥရောပကောင်စီဥက္ကဋ္ဌ Donald Tusk ကပြောကြားခဲ့ပါတယ်။

နောင်မျိုးဆက်တွေရဲ့ အနာဂါတ်နဲ့ ကမ္ဘာကြီးရဲ့တာဝန်ုယူရေးမှာ စည်းလုံးညီညွတ်မှု ရှိတယ် ဆိုတာကို ပြသလိုက်ပြီလို့ Mr. Tusk ကပြောပါတယ်။ တရုတ်ဝန်ကြီးချုပ် Li ကတော့ တရုတ်နဲ့ ဥရောပဆက်ဆံရေးပိုပြီးတည်ငြိမ်လာစေဖို့ အရေးကြီးတယ်လို့ ဆိုခဲ့ပါတယ်။

နိုင်ငံတကာအခင်းအကျင်းတွေပြောင်းလဲခဲ့ပြီး၊ မရေရာ မတည်ငြိမ်မှုတွေတိုးလာဖို့ပဲရှိတာမို့ ရှိနေတဲ့ ပြဿနာတွေကို ဖြေရှင်နိုင်ဖို့ အားထုတ်မှုတွေလိုလာတယ်လို့ တရုတ်ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။

ပါရီသဘောတူညီမှုကနေ နှုတ်ထွက်မယ်လို့ အမေရိကန်သမ္မတ Donald Trump ကြေညာခဲ့ပြီးနောက်တရက် သောကြာနေ့ကျင်းပခဲ့တဲ့ EU တရုတ်ထိပ်သီးစည်းဝေးပွဲမှာ ရာသီဥတုပြောင်းလဲမှုပြဿနာအပြင် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ ရွှေ့ပြောင်း အခြေချသူများ အရေး၊ မြောက်ကိုရီးယား အရေးအပြင် အာဖရိကတိုက် လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG