သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါရီသဘောတူညီချက်က နှုတ်ထွက်မှု ကန် တောင်းပန်မည်မဟုတ်


သဘာဝဝန်းကျင်ကာကွယ်ထိန်းသိမ်းရေး အဖွဲ့ EAP အကြီးအကဲ Scott Pruitt ( သောကြာနေ့ သမ္မတအိမ်ဖြူ သတင်းစာ ရှင်းလင်းပွဲ) ဇွန် ၂-၂၀၁၇။
သဘာဝဝန်းကျင်ကာကွယ်ထိန်းသိမ်းရေး အဖွဲ့ EAP အကြီးအကဲ Scott Pruitt ( သောကြာနေ့ သမ္မတအိမ်ဖြူ သတင်းစာ ရှင်းလင်းပွဲ) ဇွန် ၂-၂၀၁၇။

ဥတုရာသီဆိုင်ရာ ပါရီသဘောတူညီချက်ကနေ နှုတ်ထွက်ဖို့ သမ္မတ Donald Trump ရဲ့ ဆုံးဖြတ်ချက်ဟာ သတ္တိရှိရှိ လုပ်ဆောင်ခဲ့တာမို့ ဒီဆုံးဖြတ်ချက်အတွက် အမေရိကန်နိုင်ငံ သားတွေ အနေနဲ့ နိုင်ငံ့ကိုယ်စား တောင်းပန်နေစရာမလိုဘူးလို့ သဘာဝ ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေး အဖွဲ့ EAP အကြီးအကဲ Scott Pruitt က သောကြာနေ့ သမ္မတ အိမ်ဖြူသတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

သမ္မတ အနေနဲ့ ဥတုရာသီ ပြောင်းလဲမှုဆိုင်ရာနဲ့ ပတ်သက်ပြီး ပြောကြားချက် အများအပြားကို ကြားသိခဲ့ပြီး ဖြစ်ပြီး အခုလို နှုတ်ထွက်ဖို့ သမိုင်းဝင် ဆုံးဖြတ်ချက် မချခင်မှာ တကယ့်ကို စဉ်းစဉ်းစားစားနဲ့ လုပ်ဆောင်ခဲ့တာ ဖြစ်ကြောင်းလည်း မစ္စတာ Pruitt ကပြောပါတယ်။

သမ္မတ Trump အနေနဲ့ သူ့ရဲ့ မဲဆွယ်ပွဲတုန်းက ပြောခဲ့သလို ရာသီဥတု ပြောင်းလဲမှုဟာ လူသားတွေကြောင့် ဆိုတာ ယုံကြည်မှု ရှိမရှိ မေးမြန်းကြရာမှာတော့ သူက တုန့်ပြန် မဖြေကြားပဲ ဒီသဘောတူညီချက်ဟာ စီးပွါးရေး ဆိုင်ရာ ဆိုးကျိုးတွေကို ပေးတဲ့ အကြောင်းသာ ပြောကြားခဲ့ပါတယ်။

သမ္မတ Trump ဟာ ဒီပြဿနာအတွက် ဆက်ပြီး လေ့လာနေမှာ ဖြစ်ကြောင်းနဲ့ သူဟာ ပါရီ သဘောတူညီချက်ထဲ ပြန်ဝင်မလား၊ အမေရိကန် ကို ပထမ ဦးစားပေးတဲ့ နောက် သဘောတူညီချက် အသစ်ကို ချဖို့ ဆွေးနွေးမှုတွေ လုပ်မလား ဆိုတာကို စဉ်းစားနေတယ်လို့လည်း ပြောပါတယ်။

မစ္စတာ Pruitt ကတော့ ကမ္ဘာကြီး ပူနွေးလာတာဟာ တကယ့်ဖြစ်ပေါ်နေတာ ဖြစ်ကြောင်းနဲ့ ဒီအတွက် လူသားတွေရဲ့ လုပ်ဆောင်မှုက အတိုင်းအတာ တခုပါနေတာ ဖြစ်ပြီး လူသားတွေကြောင့် ဘယ်လောက် ထိခိုက်တယ်ဆိုတာ အတိအကျ တိုင်းတာနိုင်ဖို့ ကိစ္စဟာ အကြီးအကျယ် စိန်ခေါ်မှု တခုလို့ ပြောကြားခဲ့တာပါ။

ပါရီသဘောတူညီချက်က နှုတ်ထွက်မှု ကန် တောင်းပန်မည်မဟုတ်
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG