သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါရီ-ဥတုရာသီပြောင်းလဲမှု တိုက်ဖျက်ရေးညီလာခံ ရန်ပုံငွေတိုးရှာဖွေဖို့ အဓိကဆွေးနွေး


ပြင်သစ် သမ္မတ Emmanuel Macron စီးပွားရေး ခေါင်းဆောင်တွေနဲ့တွေ့ဆုံ

ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ဒီကနေ့ အင်္ဂါနေ့ ကျင်းပတဲ့ ညီလာခံမှာတော့ ရာသီဥတု ပြောင်းလဲမှုကို တိုက်ဖျက်ရေး ရံပုံငွေ မြှင့်တင်နိုင်ရေး အလေးထား ဆွေးနွေးကြမှာပါ။ ပါရီ ညီလာခံကို တက်ရောက်ဖို့ အတွက် ပြင်သစ် သမ္မတ Emmanuel Macron က စီးပွားရေး ခေါင်းဆောင်တွေနဲ့ နိုင်ငံပေါင်း ၅၀ ရဲ့ ခေါင်းဆောင်တွေကို ဖိတ်ကြားခဲ့တာပါ။

ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပါရီ သဘောတူညီချက်ကို နိုင်ငံပေါင်း ၂၀၀ နီးပါးတို့ သဘောတူညီခဲ့ကြပြီးနောက် ၂ နှစ် အကြာမှာ အခု ညီလာခံကို ကျင်းပတာ ဖြစ်ပါတယ်။ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပါရီ သဘောတူညီချက်ကတော့ နိုင်ငံတွေ အနေနဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို ကန့်သတ်ဖို့၊ နောက် ရာသီဥတု ပြောင်းလဲမှုရဲ့ သက်ရောက်မှုတွေကို ကိုင်တွယ်တဲ့ နေရာမှာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေကို ချမ်းသာတဲ့ နိုင်ငံတွေက ကူညီဖို့ ဖြစ်ပါတယ်။

ညီလာခံကို တက်ရောက်ဖို့ ဖိတ်ကြားတဲ့ အထဲမှာ အမေရိကန် သမ္မတ Donald Trump တော့ မပါဝင်ပါဘူး။ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပါရီ သဘောတူညီချက်က အမေရိကန်ကို အကျိုးယုတ်စေပြီး တခြားနိုင်ငံတွေ အတွက် အမြတ်ထွက်စေတယ်လို့ အမေရိကန် သမ္မတ Trump က ပြောဆိုပြီး ပြီးခဲ့တဲ့နှစ်ကဘဲ သဘောတူညီချက်ကနေ နုတ်ထွက်ထားတာ ဖြစ်ပါတယ်။

ပါရီ သဘောတူညီချက်ကနေ အမေရိကန် ပြည်ထောင်စု နုတ်ထွက်ခဲ့ပေမယ်လို့ အမေရိကန် ပြည်ထောင်စုအတွင်းက ပြည်နယ်နဲ့ မြို့ တချို့တို့ကတော့ သဘောတူညီချက်နဲ့ အညီ လိုက်ပါလုပ်ဆောင်ဖို့ ကတိပြုထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG