သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဋိပက္ခတွေကိုရှောင်မယ့်မူဝါဒ ကုလအထွေထွေညီလာခံမှာ သမ္မတ Trump ပြောကြား


သမ္မတ Trump
သမ္မတ Trump

ကုလသမဂ္ဂရဲ့ အဓိကအခြေခံ အုတ်မြစ်ဖြစ်တဲ့ နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုကို ဝေဖန်ပြီး ကမ္ဘာလုံးဆိုင်ရာတည်ရှိမှုကို ဆက်လက် ဆန့်ကျင်နေတဲ့ အမေရိကန်သမ္မတ Donald Trump ဟာ ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်နေတဲ့ ကုလသမဂ္ဂ နှစ်ပတ်လည် အထွေထွေညီလာခံမှာတော့ ဒီကနေ့ တက်ရောက် မိန့်ခွန်းပြောပါတယ်။

သူ့မိန့်ခွန်းထဲမှာ လက်တလော အနောက်နိုင်ငံတွေနဲ့ အီရန်အကြား တင်းမာမှုတွေ တိုးလာနေတဲ့၊ ကမ္ဘာ့ခေါင်းဆောင်တွေ အဓိက အာရုံထားနေတဲ့ အီရန်အရေးကိစ္စကို ထည့်သွင်းပြောကြား ပါတယ်။

နောက်တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေး မမျှမတ ဖြစ်နေတဲ့ အခြေအနေ ဒါတွေကို ရပ်တန့်နိုင်ဖို့အတွက် ၂ ဖက်အကျိုးရှိစေနိုင်မယ့် သဘောတူညီချက်ရအောင် နှစ်ဖက် ညှိနှိုင်းနိုင်ဖို့ မျှော်လင့်ကြောင်းကိုလည်း ထည့်သွင်းပြောသွားပါတယ်။

အမေရိကန်အနေနဲ့ ဘယ်နိုင်ငံနဲ့ ပဋိပက္ခ မဖြစ်ချင်ကြောင်း၊ ဒါပေမဲ့ အမေရိကန်ရဲ့ အကျိုးစီးပွားကိုတော့ ကာကွယ်သွားမယ်လို့ သမ္မတက ပြောပါတယ်။

တနင်္လာနေ့တုန်းကလည်း ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ နိုင်ငံတွေနဲ့ အမေရိကန်အစိုးရက ပူးတွဲကြေညာချက် ထုတ်ပြန်တာမှာ ဆော်ဒီအာရေးဘီးယားနိုင်ငံက ရေနံ လုပ်ငန်းတွေ သိပ်မကြာခင်က တိုက်ခိုက်ခံရမှုမှာ အီရန်အစိုးရ တာဝန်ရှိကြောင်း ပြောဆိုထားပါတယ်။ ဒီတိုက်ခိုက်မှုကိုတုံ့ပြန်တဲ့အနေနဲ့ အမေရိကန်က အီရန်အပေါ် နောက်ထပ် ဒဏ်ခတ်အရေးယူမှု သစ်တွေ ချမှတ်မယ့်အပေါ် တခြားနိုင်ငံက ပူးပေါင်းပါဝင်လာပြီဆိုတာကိုလည်း သမ္မတက ဒီကနေ့ မိန့်ခွန်းမှာ ပြောပါတယ်။ အီရန်ကတော့ သူ့အပေါ် စွပ်စွဲချက်တွေကို ငြင်းထားပါတယ်။

အီရန်နျူကလီးယား အရေးနဲ့ပတ်သက်ပြီး ၂၀၁၅ ခုနှစ် သဘောတူစာချုပ် ချုပ်ဆိုရာမှာ ပါဝင်ခဲ့တဲ့ ဥရောပနိုင်ငံတွေအနေနဲ့ အမေရိကန်နဲ့ သီးခြားကင်းလွတ်တဲ့ လမ်းကြောင်းကို ရွေးချယ်ဖို့နဲ့ အမေရိကန်ရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကြားမှာ အီရန်နိုင်ငံ ရပ်တည်နိုင်အောင် ကူညီပေးဖို့ အီရန်နိုင်ငံခြားရေး ဝန်ကြီး Mohammad Javad Zarif က တနင်္လာနေ့ကပဲ တောင်းဆိုလိုက်ပါတယ်။

................

{Unicode}

ပဋိပက်ခတှကေိုရှောငျမယ့ျမူဝါဒ ကုလအထှထှေညေီလာခံမှာ သမ်မတ Trump ပွောကွား







တိုက်ရိုက် လင့်ခ်


XS
SM
MD
LG