သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘာသာေရးလြတ္လပ္ခြင့္ အေလးထားေဆာင္ရြက္သြားဖုိ႔ Trump ကုလမွာ ကတိျပဳ


အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္က ဘာသာေရး လြတ္လပ္ခြင့္ဆိုင္ရာအစည္းအေ၀းတစ္ရပ္ကို နယူးေယာက္ၿမိဳ႕ ကုလသမဂၢ အေထြေထြ ညီလာခံ က်င္းပေနစဥ္အတြင္း တနလၤာေန႔မွာ ဦးေဆာင္က်င္းပခဲ့ပါတယ္။ အဲဒီအစည္းအေ၀းမွာ အေမရိကန္ျပည္ေထာင္စုဟာ ဘာသာေရးေၾကာင့္ အဖိႏွိပ္ခံေနရသူ ဒုကၡသည္ေတြရဲ႕ ခံစားခ်က္ေတြနဲ႔ သေဘာထားေတြကို အျမဲတမ္း ထုတ္ေဖာ္ေျပာၾကားေပးသြားမယ္လို႔ သူက ကတိေပးခဲ့ပါတယ္။ ဗီြအိုေအ သတင္းေထာက္ Jeff Custer သတင္းေပးပို႔ထားတာကို အေျခခံၿပီး ကိုရဲမင္းထြန္းက တင္ျပေပးပါမယ္။

စက္တင္ဘာလ ၂၃ ရက္ေန႔က ကုလသမဂၢမွာ ဘာသာေရး လြတ္လပ္ခြင့္ဆိုင္ရာ အစည္းအေ၀း တစ္ရပ္ က်င္းပခဲ့ရာမွာ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္၊ ဒုတိယ သမၼတ Mike Pence ၊ ႏုိ္င္ငံျခားေရး ၀န္ႀကီး Mike Pompeo နဲ႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres တို႔ ပါ၀င္တဲ့ ေခါင္းေဆာင္ေတြ တက္ေရာက္ခဲ့ပါတယ္။ အဲဒီ အစည္းအေ၀းမွာ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က အဖြင့္ မိန္႔ခြန္းေျပာၾကား ခဲ့ရာမွာ အေမရိကန္ျပည္ေထာင္စု ဟာ အစိုးရကေပးအပ္တဲ့ အခြင့္အေရးေတြေပၚမွာ အေျခခံျပီး တည္ေဆာက္ခဲ့တာ မဟုတ္ဘဲ ဘုရားသခင္ဆီကလာတဲ့ အခြင့္အေရးေတြ အေပၚမွာ အေျခခံျပီး တည္ေထာင္ခဲ့တာလို႔ ေျပာခဲ့ပါတယ္။

ဆက္လက္ျပီး အေမရိကန္ျပည္ေထာင္စုမွာ တည္ရွိတဲ့ ဘာသာေရး လြတ္လပ္ခြင့္ဟာ ကမၻာေပၚမွာ ေတြ႔ရခဲတဲ့ လြတ္လပ္ခြင့္ တစ္ခု ျဖစ္ေၾကာင္း၊ လက္ရွိ ကမၻာ့ လူဦးေရရဲ႕ ၈၀ ရာခိုင္ႏႈန္းဟာ ဘာသာေရး လြတ္လပ္ခြင့္ကို ကန္႔သတ္၊ ပိတ္ပင္ခံရ ဒါမွမဟုတ္ ျခိမ္းေျခာက္ခံ ေနရတဲ့ ႏုိင္ငံမ်ား မွာ ေနေနရၾကတယ္လို႔ ေျပာပါတယ္။

ဒီေန႔မွာပဲ အေမရိကန္ ျပည္ေထာင္စုအေနနဲ႔ ကမၻာေပၚက ႏုိင္ငံအားလုံုးကို ဘာသာေရးဆိုင္ရာ ဖိႏွိပ္ ခ်ဳပ္ခ်ယ္မႈေတြ ရပ္တန္႔ပါလို႔ ရွႈင္းရွင္း လင္းလင္း ေတာင္းဆိုလိုပါတယ္။ ဘာသာတရားတစ္ခုကို ယုံၾကည္ေနတဲ့သူေတြအေပၚ က်ဴးလြန္ေနတဲ့ ရာဇ၀တ္မႈေတြကို ရပ္ၾကပါ။ ယံုၾကည္မႈေၾကာင့္ ဖမ္းဆီးခံရေနသူေတြကို ျပန္လႊတ္ေပးပါ။ ဘာသာေရး လြတ္လပ္မႈကို ခ်ဳပ္ခ်ယ္တဲ့ ဥပေဒေတြကို ဖ်က္သိမ္းေပးပါ။ အကာအကြယ္မဲ့ ဖိႏိွုပ္ခ်ဳပ္ခ်ယ္ခံေနရသူေတြကို အကာအကြယ္ေပးၾကပါ။

ဒါ့အျပင္ ဇူလိုင္လ ၁၇ ရက္ေန႔ကလည္း သူ႔အေနနဲ႔ ဘာသာေရး ဖိႏွိပ္မႈအႏၱရာယ္ကေန ရွင္သန္လြတ္ေျမာက္လာသူေတြကို အိမ္ျဖဴေတာ္မွာ ေတြ႕ဆုံခဲ့ေၾကာင္း၊ အဲဒီတုန္းက ေတြ႕ခဲ့ရသူ ေတာ္ေတာ္မ်ားမ်ားလည္း အခု ဒီမွာေရာက္ရွိေနလို႔ ၀မ္းသာမိေၾကာင္း၊ အဲဒီထဲက တစ္ခ်ိဳ႕ လူေတြဟာ အစိုးရက ဦးေဆာင္ျပဳလုပ္တဲ့ ဖိႏွိပ္ ခ်ဳပ္ခ်ယ္မႈေတြကို ခံစားခဲ့ၾကရတာျဖစ္ေၾကာင္း၊ တစ္ခ်ိဳ႕ကေတာ့ အၾကမ္းဖက္သမားေတြနဲ႕ ရာဇ၀တ္ေကာင္ေတြေၾကာင့္ အႏၱရာယ္က်ေရာက္ ခဲ့ေၾကာင္း၊ ဘယ္လိုပဲ ျဖစ္ျဖစ္ အေမရိကန္ႏိုင္ငံဟာ ဘာသာေရးေၾကာင့္ အဖိႏွိပ္ခံေနရသူ ဒုကၡသည္ေတြရဲ႕ ခံစားခ်က္ေတြနဲ႔ သေဘာထား ေတြကို အျမဲတမ္း ထုတ္ေဖာ္ေျပာၾကားေပးသြားမွာျဖစ္ေၾကာင္း၊ သူတို႔ ဘယ္ကိုပဲ သြားသြား အေမရိကန္ႏိုင္ငံမွာတာ့ ေနရာတစ္ခု အျမဲရွိေနမွာျဖစ္ေၾကာင္းလည္း သူ႔ရဲ႕ မိန္႔ခြန္းမွာ ထည့္သြင္း ေျပာသြားခဲ့ပါတယ္။

သမၼတ ထရမ့္က ဇူလိုင္လထဲမွာ ဘာသာေရး ဖိႏွိပ္မႈအႏၱရာယ္ကေန လြတ္ေျမာက္လာသူေတြကို အိမ္ျဖဴေတာ္မွာ လက္ခံ ေတြ႕ဆုံ တာပါ။သူေတြ႔ဆုံတဲ့ သူေတြထဲ ျမန္မာႏုိင္ငံက ကခ်င္ႏွစ္ျခင္း ခရစ္ယာန္အဖြဲ႔ခ်ဳပ္ KBC ဥကၠ႒ ေဒါက္တာခါလမ္ဆမ္ဆြန္၊ ျမန္မာစစ္တပ္က ဖမ္းဆီး ေထာင္ခ်ခဲ့တဲ့ ကခ်င္ Baptist သင္းအုပ္ဆရာ လန္ေဂ်ာ္ဂမ္ဆုိင္၊ Women’s Peace Arakan နဲ႕ Justice for Women အဖဲြ႕ေတြကို တည္ေထာင္ခဲ့သူ မေ၀ေ၀ႏု၊ ၿငိမ္းခ်မ္းေရးနဲ႕ လူ႕အခြင့္အေရးဆိုင္ရာ ရခိုင္ျပည္နယ္က ရိုဟင္ဂ်ာအဖဲြ႕အစည္းရဲ႕ ဥကၠဌ Mohib Ullah လည္း ပါ၀င္ခဲ့ပါတယ္။

ကခ်င္ျပည္နယ္ကတုိက္ပြဲေတြအေၾကာင္း အပါအ၀င္ ျမန္မာစစ္တပ္အေနနဲ႔ ခရစ္ယာန္ေတြအေပၚမွာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္တာေတြ ရွိေနတယ္ဆုိတဲ့ ကိစၥေတြကုိ ဆရာေတာ္ ခါလမ္ဆမ္ဆြန္က အေမရိကန္သမၼတကို ေျပာၾကားခဲ့တာေၾကာင့္ တပ္မေတာ္ဘက္က သူ႔ကို တရားစြဲဆိုဖို႔ ၾသဂုတ္လအတြင္းက ျမစ္ၾကီးနား ၿမိဳ႕နယ္တရားရံုးကို ဦးတိုက္ ေလ်ွာက္ထားခဲ့ေပမဲ့ စက္တင္ဘာလထဲ ဦးတိုက္ေလွ်ာက္ထားမႈကို ျပန္လည္ ရုပ္သိမ္းခဲ့ပါတယ္။

ဘာသာေရး လြတ္လပ္ခြင့္ကို အေလးထား ေဆာင္ရြက္ေပးလို႔ သမၼတ ထရမ့္ကို ေက်းဇူးတင္ရွိ ေၾကာင္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Guterres က ေျပာပါတယ္။ Guterres က ဘာသာျခား လူနည္းစုေတြကို ဖိႏွိပ္ခ်ဳပ္ခ်ယ္ေနတာေတြနဲ႔ သူတို႔တစ္ေတြ အေပၚ အၾကမ္းဖက္ လုပ္ေဆာင္တာေတြ အေပၚ ျပစ္တင္ ေ၀ဖန္သလို ဘာသာေရးကို အသုံးခ်ျပီး လူ႔အဖြဲ႔အစည္းကို ကြဲေအာင္ လုပ္ေနသူေတြကိုလည္း ျပစ္တင္ခဲ့ ပါတယ္။

ဘာသာေရးကို လြဲမွားစြာ အသုံးခ်ၿပီး လူေတြအၾကား နားလည္မႈ လြဲမွားေအာင္လုပ္ေနသူေတြ၊ လူမႈအဖြဲ႕အစည္းကို ကြဲေအာင္ လုပ္ေနသူေတြ၊ အေၾကာက္တရားနဲ႔ အမုန္းတရားကို ျပန္႔ပြားေအာင္ လုပ္ေနသူေတြကို ကၽြန္ေတာ္တို႔အားလုံးက လက္မခံဘဲ ပစ္ပယ္ၾကရပါမယ္။ ကိုယ့္ရဲ႕ ဘာသာေရးနဲ႔ ကိုယ့္ကိုယ္ကို သီးသီးသန္႔သန္႔ ရွိသေယာင္ ျပဖို႔ ၾကိဳးစားျပီး သူတစ္ပါး အခြင့္အေရးေတြကို ပိတ္ပင္လို႔ မတရားမႈကို တရား သလို လုပ္ဖို႔ ၾကိဳးစားေနတာေတြအေပၚ ကၽြန္ေတာ္တို႔ သတိရွိၾကရပါမယ္။

အေမရိကန္ႏုိ္င္ငံျခားေရး ၀န္ႀကီး Mike Pompeo က ဘာသာေရးလြတ္လပ္မႈဆိုင္ရာ အျပည္ျပည္ဆိုင္ရာ မဟာမိတ္အဖြဲ႕ International Religious Freedom Alliance အဖြဲ႕ကို တည္ေထာင္မွာျဖစ္ၿပီး ဒီ ဘာသာရပ္ေခါင္းစဥ္နဲ႔ ကမၻာေပၚမွာ ပထမဦးဆုံး တည္ေထာင္မွာျဖစ္တဲ့ အဖြဲ႕အစည္းဟာ အျပည္ျပည္ဆိုင္ရာ ဘာသာေရး လြတ္လပ္ခြင့္ဆိုင္ရာ စိန္ေခၚမႈေတြကို ရင္ဆိုင္ဖို႔ သေဘာထားခ်င္း တိုက္ဆိုင္တဲ့ႏုိင္ငံေတြ အတူတကြ အလုပ္လုပ္ ႏုိင္ၾကလိမ့္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း လည္း ေျပာပါတယ္။

ဘာသာေရးလြတ္လပ္ခြင့္နဲ႔ ပတ္သက္ျပီး အေမရိကန္ႏုိင္ငံရဲ႕ လုပ္ေဆာင္ခ်က္ေတြအေၾကာင္း အိမ္ျဖဴေတာ္က ထုတ္ျပန္ခ်က္ မွာေတာ့ အေမရိကန္ ျပည္ေထာင္စုအေနနဲ႔ ISIS အဖြဲ႕ေၾကာင့္ ဒုကၡ ၾကဳံေတြ႔ခဲ့ရတဲ့ ခရစ္ယာန္ဘာသာ၀င္ေတြနဲ႔ Yazidis လူမ်ိဳးေတြကို ကူညီေနသလို ဖိႏွိပ္ခ်ဳပ္ခ်ယ္ခံရမႈဒဏ္ေၾကာင့္ ျမန္မာႏုိ္္င္ငံကေန ထြက္ေျပးၾကရတဲ့ ရုိဟင္ဂ်ာ မူဆလင္ေတြကို လူသားခ်င္းဆိုင္ရာ အေထာက္အပံ့ေတြ ေပးေနတယ္ဆိုတဲ့ အခ်က္ေတြလည္း ပါရွိခဲ့ေၾကာင္းပါ။

.........................

{Unicode}

ဘာသာရေးလွတ်လပ်ခွင့် အလေးထားဆောင်ရွက်သွားဖို့ Trump ကုလမှာ ကတိပြု

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာအစည်းအဝေးတစ်ရပ်ကို နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ ကျင်းပနေစဉ်အတွင်း တနင်္လာနေ့မှာ ဦးဆောင်ကျင်းပခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ အမေရိကန်ပြည်ထောင်စုဟာ ဘာသာရေးကြောင့် အဖိနှိပ်ခံနေရသူ ဒုက္ခသည်တွေရဲ့ ခံစားချက်တွေနဲ့ သဘောထားတွေကို အမြဲတမ်း ထုတ်ဖော်ပြောကြားပေးသွားမယ်လို့ သူက ကတိပေးခဲ့ပါတယ်။ ဗွီအိုအေ သတင်းထောက် Jeff Custer သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုရဲမင်းထွန်းက တင်ပြပေးပါမယ်။

စက်တင်ဘာလ ၂၃ ရက်နေ့က ကုလသမဂ္ဂမှာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ အစည်းအဝေး တစ်ရပ် ကျင်းပခဲ့ရာမှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၊ ဒုတိယ သမ္မတ Mike Pence ၊ နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres တို့ ပါဝင်တဲ့ ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်။ အဲဒီ အစည်းအဝေးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အဖွင့် မိန့်ခွန်းပြောကြား ခဲ့ရာမှာ အမေရိကန်ပြည်ထောင်စု ဟာ အစိုးရကပေးအပ်တဲ့ အခွင့်အရေးတွေပေါ်မှာ အခြေခံပြီး တည်ဆောက်ခဲ့တာ မဟုတ်ဘဲ ဘုရားသခင်ဆီကလာတဲ့ အခွင့်အရေးတွေ အပေါ်မှာ အခြေခံပြီး တည်ထောင်ခဲ့တာလို့ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး အမေရိကန်ပြည်ထောင်စုမှာ တည်ရှိတဲ့ ဘာသာရေး လွတ်လပ်ခွင့်ဟာ ကမ္ဘာပေါ်မှာ တွေ့ရခဲတဲ့ လွတ်လပ်ခွင့် တစ်ခု ဖြစ်ကြောင်း၊ လက်ရှိ ကမ္ဘာ့ လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းဟာ ဘာသာရေး လွတ်လပ်ခွင့်ကို ကန့်သတ်၊ ပိတ်ပင်ခံရ ဒါမှမဟုတ် ခြိမ်းခြောက်ခံ နေရတဲ့ နိုင်ငံများ မှာ နေနေရကြတယ်လို့ ပြောပါတယ်။

“ဒီနေ့မှာပဲ အမေရိကန် ပြည်ထောင်စုအနေနဲ့ ကမ္ဘာပေါ်က နိုင်ငံအားလုံးကို ဘာသာရေးဆိုင်ရာ ဖိနှိပ် ချုပ်ချယ်မှုတွေ ရပ်တန့်ပါလို့ ရှှုင်းရှင်း လင်းလင်း တောင်းဆိုလိုပါတယ်။ ဘာသာတရားတစ်ခုကို ယုံကြည်နေတဲ့သူတွေအပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို ရပ်ကြပါ။ ယုံကြည်မှုကြောင့် ဖမ်းဆီးခံရနေသူတွေကို ပြန်လွှတ်ပေးပါ။ ဘာသာရေး လွတ်လပ်မှုကို ချုပ်ချယ်တဲ့ ဥပဒေတွေကို ဖျက်သိမ်းပေးပါ။ အကာအကွယ်မဲ့ ဖိနှိုပ်ချုပ်ချယ်ခံနေရသူတွေကို အကာအကွယ်ပေးကြပါ။”

ဒါ့အပြင် ဇူလိုင်လ ၁၇ ရက်နေ့ကလည်း သူ့အနေနဲ့ ဘာသာရေး ဖိနှိပ်မှုအန္တရာယ်ကနေ ရှင်သန်လွတ်မြောက်လာသူတွေကို အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ကြောင်း၊ အဲဒီတုန်းက တွေ့ခဲ့ရသူ တော်တော်များများလည်း အခု ဒီမှာရောက်ရှိနေလို့ ဝမ်းသာမိကြောင်း၊ အဲဒီထဲက တစ်ချို့ လူတွေဟာ အစိုးရက ဦးဆောင်ပြုလုပ်တဲ့ ဖိနှိပ် ချုပ်ချယ်မှုတွေကို ခံစားခဲ့ကြရတာဖြစ်ကြောင်း၊ တစ်ချို့ကတော့ အကြမ်းဖက်သမားတွေနဲ့ ရာဇဝတ်ကောင်တွေကြောင့် အန္တရာယ်ကျရောက် ခဲ့ကြောင်း၊ ဘယ်လိုပဲ ဖြစ်ဖြစ် အမေရိကန်နိုင်ငံဟာ ဘာသာရေးကြောင့် အဖိနှိပ်ခံနေရသူ ဒုက္ခသည်တွေရဲ့ ခံစားချက်တွေနဲ့ သဘောထား တွေကို အမြဲတမ်း ထုတ်ဖော်ပြောကြားပေးသွားမှာဖြစ်ကြောင်း၊ သူတို့ ဘယ်ကိုပဲ သွားသွား အမေရိကန်နိုင်ငံမှာတာ့ နေရာတစ်ခု အမြဲရှိနေမှာဖြစ်ကြောင်းလည်း သူ့ရဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောသွားခဲ့ပါတယ်။

သမ္မတ ထရမ့်က ဇူလိုင်လထဲမှာ ဘာသာရေး ဖိနှိပ်မှုအန္တရာယ်ကနေ လွတ်မြောက်လာသူတွေကို အိမ်ဖြူတော်မှာ လက်ခံ တွေ့ဆုံ တာပါ။သူတွေ့ဆုံတဲ့ သူတွေထဲ မြန်မာနိုင်ငံက ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌ ဒေါက်တာခါလမ်ဆမ်ဆွန်၊ မြန်မာစစ်တပ်က ဖမ်းဆီး ထောင်ချခဲ့တဲ့ ကချင် Baptist သင်းအုပ်ဆရာ လန်ဂျော်ဂမ်ဆိုင်၊ Women’s Peace Arakan နဲ့ Justice for Women အဖွဲ့တွေကို တည်ထောင်ခဲ့သူ မဝေေ၀နု၊ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာအဖွဲ့အစည်းရဲ့ ဥက္ကဌ Mohib Ullah လည်း ပါဝင်ခဲ့ပါတယ်။

ကချင်ပြည်နယ်ကတိုက်ပွဲတွေအကြောင်း အပါအဝင် မြန်မာစစ်တပ်အနေနဲ့ ခရစ်ယာန်တွေအပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရှိနေတယ်ဆိုတဲ့ ကိစ္စတွေကို ဆရာတော် ခါလမ်ဆမ်ဆွန်က အမေရိကန်သမ္မတကို ပြောကြားခဲ့တာကြောင့် တပ်မတော်ဘက်က သူ့ကို တရားစွဲဆိုဖို့ သြဂုတ်လအတွင်းက မြစ်ကြီးနား မြို့နယ်တရားရုံးကို ဦးတိုက် လျှောက်ထားခဲ့ပေမဲ့ စက်တင်ဘာလထဲ ဦးတိုက်လျှောက်ထားမှုကို ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။

ဘာသာရေး လွတ်လပ်ခွင့်ကို အလေးထား ဆောင်ရွက်ပေးလို့ သမ္မတ ထရမ့်ကို ကျေးဇူးတင်ရှိ ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Guterres က ပြောပါတယ်။ Guterres က ဘာသာခြား လူနည်းစုတွေကို ဖိနှိပ်ချုပ်ချယ်နေတာတွေနဲ့ သူတို့တစ်တွေ အပေါ် အကြမ်းဖက် လုပ်ဆောင်တာတွေ အပေါ် ပြစ်တင် ဝေဖန်သလို ဘာသာရေးကို အသုံးချပြီး လူ့အဖွဲ့အစည်းကို ကွဲအောင် လုပ်နေသူတွေကိုလည်း ပြစ်တင်ခဲ့ ပါတယ်။

“ဘာသာရေးကို လွဲမှားစွာ အသုံးချပြီး လူတွေအကြား နားလည်မှု လွဲမှားအောင်လုပ်နေသူတွေ၊ လူမှုအဖွဲ့အစည်းကို ကွဲအောင် လုပ်နေသူတွေ၊ အကြောက်တရားနဲ့ အမုန်းတရားကို ပြန့်ပွားအောင် လုပ်နေသူတွေကို ကျွန်တော်တို့အားလုံးက လက်မခံဘဲ ပစ်ပယ်ကြရပါမယ်။ ကိုယ့်ရဲ့ ဘာသာရေးနဲ့ ကိုယ့်ကိုယ်ကို သီးသီးသန့်သန့် ရှိသယောင် ပြဖို့ ကြိုးစားပြီး သူတစ်ပါး အခွင့်အရေးတွေကို ပိတ်ပင်လို့ မတရားမှုကို တရား သလို လုပ်ဖို့ ကြိုးစားနေတာတွေအပေါ် ကျွန်တော်တို့ သတိရှိကြရပါမယ်။”

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က ဘာသာရေးလွတ်လပ်မှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာ မဟာမိတ်အဖွဲ့ International Religious Freedom Alliance အဖွဲ့ကို တည်ထောင်မှာဖြစ်ပြီး ဒီ ဘာသာရပ်ခေါင်းစဉ်နဲ့ ကမ္ဘာပေါ်မှာ ပထမဦးဆုံး တည်ထောင်မှာဖြစ်တဲ့ အဖွဲ့အစည်းဟာ အပြည်ပြည်ဆိုင်ရာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ သဘောထားချင်း တိုက်ဆိုင်တဲ့နိုင်ငံတွေ အတူတကွ အလုပ်လုပ် နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ကြောင်း လည်း ပြောပါတယ်။

ဘာသာရေးလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံရဲ့ လုပ်ဆောင်ချက်တွေအကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ချက် မှာတော့ အမေရိကန် ပြည်ထောင်စုအနေနဲ့ ISIS အဖွဲ့ကြောင့် ဒုက္ခ ကြုံတွေ့ခဲ့ရတဲ့ ခရစ်ယာန်ဘာသာဝင်တွေနဲ့ Yazidis လူမျိုးတွေကို ကူညီနေသလို ဖိနှိပ်ချုပ်ချယ်ခံရမှုဒဏ်ကြောင့် မြန်မာနို်င်ငံကနေ ထွက်ပြေးကြရတဲ့ ရိုဟင်ဂျာ မူဆလင်တွေကို လူသားချင်းဆိုင်ရာ အထောက်အပံ့တွေ ပေးနေတယ်ဆိုတဲ့ အချက်တွေလည်း ပါရှိခဲ့ကြောင်းပါ။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG