သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ အမ်ိဳးသားေထာက္လွမ္းေရးညႊန္မွဴး ေအာက္လႊတ္ေတာ္ၾကားနာ


Joseph Maguire

အေမရိကန္သမၼတ Donald Trump ကုိ အေရးယူႏုိင္ဖုိ႔ စုံစမ္းစစ္ေဆးမယ့္အထိ ျဖစ္လာခဲ့တဲ့ အတြင္းလူတေယာက္ရဲ႕ တုိင္ၾကားခ်က္ကုိ မထုတ္ျပန္ဖုိ႔ ဟန္႔တားခဲ့တဲ့ အမ်ဳိးသား ေထာက္လွမ္းေရးဌာန ယာယီညႊန္ၾကားေရးမွဴးဟာ ေအာက္လႊတ္ေတာ္ ေထာက္လွမ္းေရး ေကာ္မတီေရွ႕ေမွာက္ ဒီကေန႔ ထြက္ဆုိပါတယ္။

အမ်ဳိးသား ေထာက္လွမ္းေရးဌာန အႀကီးအကဲ Joseph Maguire ဟာ အထက္လႊတ္ေတာ္ ေထာက္လွမ္းေရး ေကာ္မတီ၀င္ေတြ ေရွ႕ေမွာက္မွာေတာ့ တံခါးပိတ္ ထြက္ဆုိသြားမွာပါ။ အမ်ဳိးသား ေထာက္လွမ္းေရးဌာန အႀကီးအကဲ လႊတ္ေတာ္မွာ ထြက္ဆုိဖုိ႔ ရွိေနခ်ိန္မွာပဲ တုိင္ၾကားခ်က္နဲ႔ ပတ္သက္လုိ႔ ေအာက္လႊတ္ေတာ္ ေထာက္လွမ္းေရး ေကာ္မတီက အမ်ားျပည္သူ သိႏုိင္ဖုိ႔ ထုတ္ျပန္လုိက္ပါတယ္။

တုိင္ၾကားခ်က္ထဲမွာေတာ့ တာ၀န္ထမ္းေဆာင္ေနစဥ္ ကာလအတြင္း အေမရိကန္ အစုိးရ တာ၀န္ရွိသူေတြထံက ရရွိထားတဲ့ သတင္းအခ်က္အလက္ေတြအရ သမၼတဟာ ၾသဇာအရွိန္အ၀ါသုံးၿပီး ၂၀၂၀ ျပည့္ ေရြးေကာက္ပဲြမွာ ျပည္ပက စြက္ဖက္လာေအာင္ အကူအညီ ေတာင္းခဲ့ေၾကာင္း ေဖာ္ျပထားတာပါ။ တုိင္ၾကားခ်က္ အေပၚမွာေတာ့ သမၼတရဲ႕ ရီပတ္ဘလစ္ကန္ပါတီက ကုိယ္စားလွယ္ေတြနဲ႔ အတုိက္အခံ ဒီမုိကရက္ေတြၾကား သုံးသပ္ခ်က္ေတြ ကဲြျပားေနၾကတာပါ။

ဒီမုိကရက္ေတြကေတာ့ တုိင္ၾကားခ်က္အရ သမၼတလုပ္ရပ္ဟာ လက္ခံႏုိင္စရာ မရွိဘူးဆုိၿပီး ေ၀ဖန္ခဲ့ၾကသလုိ၊ ရီပတ္ဘလစ္ကန္ေတြကေတာ့ အမ်ားျပည္သူ သိႏုိင္ေအာင္ ထုတ္ျပန္ခဲ့မယ္ ဆုိရင္ေတာင္ သမၼတကုိ ထိခုိက္စရာ မရွိႏုိင္ဘူးဆုိၿပီး ေျပာဆုိခဲ့ၾကပါတယ္။

ဒါေပမဲ့လည္း ရီပတ္ဘလစ္ကန္ပါတီက အထက္လႊတ္ေတာ္ ေထာက္လွမ္းေရး ေကာ္မတီ၀င္ Ben Sasse ကေတာ့ စိတ္အေႏွာက္အယွက္ ျဖစ္စရာကိစၥေတြ ပါ၀င္ေၾကာင္း သတင္းေထာက္ေတြကုိ ေျပာခဲ့တာပါ။

ဘယ္လုိအေၾကာင္းအရာမ်ဳိးေတြ ပါ၀င္ေနသလဲဆုိတာကုိ ေသေသခ်ာခ်ာ မသိရေသးဘဲ ရီပတ္ဘလစ္ကန္ ပါတီ၀င္ေတြ အေနနဲ႔ သမၼတကုိ ကာကြယ္ဖုိ႔သက္သက္ မလုပ္သင့္သလုိ၊ ဒီမုိကရက္ေတြ အေနနဲ႔လည္း သမၼတကုိ အေရးယူဖုိ႔ဆုိတဲ့ စကားလုံးေတြ မေျပာသင့္ဘူးလုိ႔လည္း သတိေပးခဲ့ပါတယ္။

......................

{Unicode}

ကန် အမျိုးသားထောက်လှမ်းရေးညွှန်မှူး အောက်လွှတ်တော်ကြားနာ

အမေရိကန်သမ္မတ Donald Trump ကို အရေးယူနိုင်ဖို့ စုံစမ်းစစ်ဆေးမယ့်အထိ ဖြစ်လာခဲ့တဲ့ အတွင်းလူတယောက်ရဲ့ တိုင်ကြားချက်ကို မထုတ်ပြန်ဖို့ ဟန့်တားခဲ့တဲ့ အမျိုးသား ထောက်လှမ်းရေးဌာန ယာယီညွှန်ကြားရေးမှူးဟာ အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီရှေ့မှောက် ဒီကနေ့ ထွက်ဆိုမှာ ဖြစ်ပါတယ်။

အမျိုးသား ထောက်လှမ်းရေးဌာန အကြီးအကဲ Joseph Maguire ဟာ အထက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီဝင်တွေ ရှေ့မှောက်မှာတော့ တံခါးပိတ် ထွက်ဆိုသွားမှာပါ။ အမျိုးသား ထောက်လှမ်းရေးဌာန အကြီးအကဲ လွှတ်တော်မှာ ထွက်ဆိုဖို့ ရှိနေချိန်မှာပဲ တိုင်ကြားချက်နဲ့ ပတ်သက်လို့ အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီက အများပြည်သူ သိနိုင်ဖို့ ထုတ်ပြန်လိုက်ပါတယ်။

တိုင်ကြားချက်ထဲမှာတော့ တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်း အမေရိကန် အစိုးရ တာဝန်ရှိသူတွေထံက ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ သမ္မတဟာ သြဇာအရှိန်အဝါသုံးပြီး ၂၀၂၀ ပြည့် ရွေးကောက်ပွဲမှာ ပြည်ပက စွက်ဖက်လာအောင် အကူအညီ တောင်းခဲ့ကြောင်း ဖော်ပြထားတာပါ။ တိုင်ကြားချက် အပေါ်မှာတော့ သမ္မတရဲ့ ရီပတ်ဘလစ်ကန်ပါတီက ကိုယ်စားလှယ်တွေနဲ့ အတိုက်အခံ ဒီမိုကရက်တွေကြား သုံးသပ်ချက်တွေ ကွဲပြားနေကြတာပါ။

ဒီမိုကရက်တွေကတော့ တိုင်ကြားချက်အရ သမ္မတလုပ်ရပ်ဟာ လက်ခံနိုင်စရာ မရှိဘူးဆိုပြီး ဝေဖန်ခဲ့ကြသလို၊ ရီပတ်ဘလစ်ကန်တွေကတော့ အများပြည်သူ သိနိုင်အောင် ထုတ်ပြန်ခဲ့မယ် ဆိုရင်တောင် သမ္မတကို ထိခိုက်စရာ မရှိနိုင်ဘူးဆိုပြီး ပြောဆိုခဲ့ကြပါတယ်။

ဒါပေမဲ့လည်း ရီပတ်ဘလစ်ကန်ပါတီက အထက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီဝင် Ben Sasse ကတော့ စိတ်အနှောက်အယှက် ဖြစ်စရာကိစ္စတွေ ပါဝင်ကြောင်း သတင်းထောက်တွေကို ပြောခဲ့တာပါ။ ဘယ်လိုအကြောင်းအရာမျိုးတွေ ပါဝင်နေသလဲဆိုတာကို သေသေချာချာ မသိရသေးဘဲ ရီပတ်ဘလစ်ကန် ပါတီဝင်တွေ အနေနဲ့ သမ္မတကို ကာကွယ်ဖို့သက်သက် မလုပ်သင့်သလို၊ ဒီမိုကရက်တွေ အနေနဲ့လည်း သမ္မတကို အရေးယူဖို့ဆိုတဲ့ စကားလုံးတွေ မပြောသင့်ဘူးလို့လည်း သတိပေးခဲ့ပါတယ်။

တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG