သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အမ်ိဳးသားလံုၿခံဳ ေရးအရာ႐ွိသစ္ သမၼတ Trump ခန္႔အပ္


ရာထူးက ထုတ္ပယ္ခံရသူ အမ်ိဳးသား လုံျခံဳေရး အၾကံေပး အရာရွိ John Bolton ေနရာမွာ အစားထိုးဖို႔ Robert O’ Brian ကို ခန္႔အပ္ေၾကာင္း အေမရိကန္ သမၼတ Donald Trump က ေၾကညာလိုက္ပါတယ္။ Robert O’ Brian ဟာ အေမရိကန္ ႏိုင္ငံျခားေရး ၀န္ၾကီးဌာနမွာ ဓါးစားခံမ်ားေရးရာ သမၼတရဲ႕ အထူး ကိုယ္စားလွယ္အျဖစ္ လက္ရွိ တာ၀န္ ထမ္းေဆာင္ေနသူျဖစ္ျပီး သူနဲ႔အတူ ၾကာရွည္ အလုပ္ လက္တြဲ လုပ္ေနခဲ့တာ ျဖစ္ေၾကာင္းလည္း သမၼတ Trump က ဗုဒၶဟူးေန႔က တြစ္တာမွာ ေရးသားခဲ့ပါတယ္။

သမၼတ Trump လက္ထက္ ေလးဦးေျမာက္ အမ်ိဳးသား လုံျခံဳေရး အရာရွိ ျဖစ္လာသူ O’Brien ကို သမၼတ Trump ကနဦး လ်ာထားထားခဲ့သူ ၅ ဦး ထဲက ေရြးခ်ယ္ခဲ့တာ ျဖစ္ပါတယ္။ O’Brien ဟာ ႏုိင္ငံျခားေရး ၀န္ၾကီး Pompeo နဲ႔အတူ ဓါးစာခံ လြတ္ေျမာက္ေရး ကိစၥေတြ ေဆာင္ရြက္ခဲ့ျပီး ေနာက္ အခုလို ေရြးခ်ယ္ခံရတာ ျဖစ္ပါတယ္။

O’Brien ခန္႔အပ္မႈဟာ သမၼတ Trump အေနနဲ႔ အေရွ႕အလယ္ပိုင္း ေဒသမွာ ေဆာ္ဒီ ေရနံလုပ္ငန္း တိုက္ခုိက္ခံရတဲ့ ကိစၥ အပါအ၀င္ ျပႆနာ ေပါင္းစုံနဲ႔ ရင္ဆိုင္ေနရခ်ိန္နဲ႔လည္း တိုက္ဆိုင္ေနပါတယ္။ တစ္ခ်ိန္တည္းမွာပဲ အာဖဂန္ နစၥတန္ အစိုးရနဲ႔ တာလီဘန္အၾကား၊ ပါလက္စတိုင္းနဲ႔ အစၥေရးလ္တို႔ အၾကား ျငိမ္းခ်မ္းေရး သေဘာတူညီခ်က္ ရရွိေအာင္ ေစ့စပ္ ေဆြးေႏြးပြဲေတြ ၾကိဳးစား လုပ္ေဆာင္ေနခ်ိန္နဲ႔လည္း တိုက္ဆိုင္ေနပါတယ္။

သမၼတ Trump အစိုးရအေနနဲ႔ ပိတ္ဆို႔ အေရးယူမႈ အသစ္ေတြေအာက္မွာ ရန္လိုမႈေတြ ပိုမို ျပသလာတဲ့ အီရန္ႏုိင္ငံကို တုန္႔ျပန္ဖို႔ ၾကိဳးစားေနရတဲ့ အေျခအေနကိုလည္း လတ္တေလာ ရင္ဆိုင္ေနရခ်ိန္လည္းျဖစ္ပါတယ္။

(ယူနီကုဒ္)

အမျိုးသားလုံခြုံ ရေးအရာရှိသစ် သမ္မတ Trump ခန့်အပ်

ရာထူးက ထုတ်ပယ်ခံရသူ အမျိုးသား လုံခြုံရေး အကြံပေး အရာရှိ John Bolton နေရာမှာ အစားထိုးဖို့ Robert O’ Brian ကို ခန့်အပ်ကြောင်း အမေရိကန် သမ္မတ Donald Trump က ကြေညာလိုက်ပါတယ်။ Robert O’ Brian ဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဓါးစားခံများရေးရာ သမ္မတရဲ့ အထူး ကိုယ်စားလှယ်အဖြစ် လက်ရှိ တာဝန် ထမ်းဆောင်နေသူဖြစ်ပြီး သူနဲ့အတူ ကြာရှည် အလုပ် လက်တွဲ လုပ်နေခဲ့တာဖြစ်ကြောင်းလည်း သမ္မတ Trump က ဗုဒ္ဓဟူးနေ့က တွစ်တာမှာ ရေးသားခဲ့ပါတယ်။

သမ္မတ Trump လက်ထက် လေးဦးမြောက် အမျိုးသား လုံခြုံရေး အရာရှိ ဖြစ်လာသူ O’Brien ကို သမ္မတ Trump ကနဦး လျာထားထားခဲ့သူ ၅ ဦး ထဲက ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ O’Brien ဟာ နိုင်ငံခြားရေး ဝန်ကြီး Pompeo နဲ့အတူ ဓါးစာခံ လွတ်မြောက်ရေးကိစ္စတွေ ဆောင်ရွက်ခဲ့ပြီး နောက် အခုလို ရွေးချယ်ခံရတာဖြစ်ပါတယ်။

O’Brien ခန့်အပ်မှုဟာ သမ္မတ ထရမ့်အနေနဲ့ အရှေ့အလယ်ပိုင်းဒေသမှာ ဆော်ဒီ ရေနံလုပ်ငန်း တိုက်ခိုက်ခံရတဲ့ ကိစ္စအပါအဝင် ပြဿနာ ပေါင်းစုံနဲ့ ရင်ဆိုင်နေရချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ တစ်ချိန်တည်းမှာပဲ အာဖဂန် နစ္စတန် အစိုးရနဲ့ တာလီဘန်အကြားနဲ့ ပါလက်စတိုင်းနဲ့ အစ္စရေးလ်တို့အကြား ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိအောင် စေ့စပ် ဆွေးနွေးပွဲတွေ ကြိုးစား လုပ်ဆောင်နေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

သမ္မတ ထရမ့် အစိုးရအနေနဲ့ ပိတ်ဆို့ အရေးယူမှု အသစ်တွေအောက်မှာ ရန်လိုမှုတွေ ပိုမို ပြသလာတဲ့ အီရန်နိုင်ငံကို တုန့်ပြန်ဖို့ ကြိုးစားနေရတဲ့ အခြေအနေကိုလည်း လတ်တလော ရင်ဆိုင်နေရချိန်လည်းဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္

XS
SM
MD
LG