သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒု ဗိုလ်ချုပ်ကြီး McMaster ကို အမျိုးသားလုံခြုံရေးပုဂို္ဂလ်အဖြစ် Trump တင်သွင်း


ဒု ဗိုလ်ချုပ်ကြီး McMaster နှင့် သမ္မတ Donald Trump
ဒု ဗိုလ်ချုပ်ကြီး McMaster နှင့် သမ္မတ Donald Trump

သမ္မတ Donald Trump က စစ်တပ် ဗျူဟာမှူးအဖြစ် တပ်မတော်အတွင်း တောက်လျှောက် တာဝန်ထမ်းဆောင်ခဲ့တဲ့ ကြည်းတပ် ဒုတိယဗိုလ်ချုပ်ကြီး H. R. McMaster ကို အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်သစ်အဖြစ် ရွေးချယ်လိုက်ပါတယ်။

အသက် ၅၄ နှစ်ရှိပြီဖြစ်တဲ့ McMaster ဟာ အင်မတန် စွမ်းရည် ထက်မြက်သူဖြစ်သလို၊ အတွေ့အကြုံ ရင့်ကျက်သူတဦးလည်း ဖြစ်ကြောင်း သမ္မတ Trump က ပြောပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး McMaster ကို ရွေးချယ်ကြောင်း ဖလော်ရီဒါပြည်နယ်က သူ့ရဲ့ Mar-a-Lago စံအိမ်ကနေ ကြေညာတဲ့ တချိန်ထဲမှာပဲ လက်ရှိမှာ ယာယီ အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ကြည်းတပ် ဒုတိယဗိုလ်ချုပ်ကြီး Keith Kellogg ကတော့ အမျိုးသားလုံခြုံရေးကောင်စီရဲ့ ဝန်ထမ်းအရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်သွားမယ်လို့ သမ္မတ Trump က ပြောပါတယ်။

သမ္မတ Trump အာဏာရပြီးတဲ့နောက် ၂၄ ရက်သာ တာဝန်ထမ်းဆောင်ပြီး ရာထူးကနေ ဖယ်ရှားခံလိုက်ရတဲ့ ဗိုလ်ချုပ်ကြီး Michael Flynn နေရာမှာ ဒုတိယဗိုလ်ချုပ်ကြီး McMaster ကို အစားထိုး ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။

သမ္မတ Trump ကျမ်းသစ္စာ မကျိန်ဆိုခင် ရုရှားသံအမတ်နဲ့ တယ်လီဖုန်းနဲ့ စကားပြောကြားခဲ့တဲ့အထဲ ရုရှားအပေါ် အမေရိကန်က ပိတ်ဆို့ အရေးယူထားတဲ့အကြောင်း ပါဝင်ခဲ့တယ်ဆိုတာကို ဗိုလ်ချုပ်ကြီး Flynn က ဒုသမ္မတ Mike Pence ကို မပြောပဲ ထိန်ချန်ထားခဲ့တာဟာ လက်မခံနိုင်တဲ့ ကိစ္စဖြစ်တယ်ဆိုပြီး ဗိုလ်ချုပ်ကြီး Flynn ကို ရာထူးကနေ အနားယူခိုင်းလိုက်တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး Flynn နေရာမှာ အစားထိုး ခန့်ထားဖို့ ရေတပ်ဗိုလ်ချုပ်ကြီး Robert Harward ကို အမည်တင်သွင်းခဲ့ပေမယ့် အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် လက်အောက်မှာ တာဝန်ထမ်းဆောင်မယ့်သူတွေကို ရွေးချယ်ပိုင်ခွင့်မရှိဘူးဆိုတဲ့ ကိစ္စကြောင့် အဲဒီ ရာထူးကို လက်ခံဖို့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ငြင်းဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG