သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Afghanistan ကိုေပးတဲ႔ အေထာက္အပံ့ ကန္ ဘာေၾကာင္႔ ျဖတ္ေတာက္


အာဖဂန္အစိုးရ အေနနဲ႔ ျပည္သူေတြ အေပၚပိုၿပီး တာ၀န္ယူ၊ တာ၀န္ခံမႈ႐ွိဖို႕အတြက္ တြန္းအားေပးတဲ့အေနနဲ႕ အာဖဂန္အတြက္ အကူအညီေတြကေန အေမရိကန္ေဒၚလာ ၁၆၀ ဘီလီယံေက်ာ္ ျဖတ္ေတာက္ရတဲ့ အေၾကာင္း ကို အေမရိကန္ အႀကီးတန္း သံအရာ႐ွိတဦးက ေအာက္လႊတ္ေတာ္ ေကာ္မတီ ၾကားနာပြဲမွာ မေန႕ၾကာသပေတးေန႕က ႐ွင္းလင္းေျပာၾကားခဲ့ ပါတယ္္။

ပုဂၢလိက က႑တခုခ်င္းတိုးတက္ဖို႕ ရည္ရြယ္ျပီး အာဖဂန္အစိုးရ အေနနဲ႕ပိုမိုေကာင္းမြန္တဲ့ လုပ္ေဆာင္ခ်က္ေတြကို လုပ္ေဆာင္ႏိုင္ဖို႕ အေမရိကန္က အေထာက္အပံ့ေပးေနတာျဖစ္သလို အခ်ဳပ္အျခာ အာဏာႏိုင္ငံတခုရဲ႕ လုပ္ငန္းေဆာင္တာေတြကို လည္ပတ္ႏိုင္စြမ္း႐ွိတဲ့ အစိုးရတရပ္ ျဖစ္ဖို႕ အကူအညီေပးခဲ့တာျဖစ္ေၾကာင္း ယာယီလက္ေထာက္ ႏိုင္ငံျခားေရး၀န္ႀကီး Alice Wells က ေအာက္လႊတ္ေတာ္ ႏိုင္ငံျခားေရးရာေကာ္မတီ ၾကားနာပြဲမွာ အာဖဂန္နဲ႕ပတ္သက္တဲ့ အေမရိကန္အစိုးရရဲ႕ မူ၀ါဒကို ေျပာၾကားခဲ့ တာပါ။

အာဖဂန္အစိုးရအတြင္း အက်င့္ပ်က္ခ်စားမႈေတြ႐ွိေနသလို ပြင့္လင္းျမင္သာမႈ မ႐ွိဘူးဆိုတဲ့ စြပ္စြဲခ်က္ေတြနဲ႔ အာဖဂန္ကို ရန္ပံုေငြ အကူအညီေတြ ႐ုပ္သိမ္းဖို႕ ၾကားနာပြဲမတိုင္ခင္မွာ အေမရိကန္ ႏိုင္ငံျခားေရး ၀န္ၾကီး Mike Pompeo က ေၾကညာခဲ့တာပါ။ အာဏာကို အလြဲသံုးၿပီး နိုင္ငံျခားအေထာက္အပံ့ေတြကေန ျပည္သူ အနာဂတ္ အက်ိဳးစီးပြါးကို အျမတ္ထုတ္ေနတဲ့ သူေတြကို ဆန္႕က်င္ေၾကာင္းလည္း ၀န္ၾကီး Pompeo ကေျပာပါတယ္။

အေမရိကန္ က အာဖဂန္နစၥတန္ စြမ္းအင္ စီမံကိန္းေတြမွာ ေဒၚလာ သန္း ၁၀၀ လ်ာထားျပီးျဖစ္သလို ေနာက္ထပ္ သန္း ၆၀ ရင္းႏွီးျမွဳပ္ႏွံဖို႔ စီစဥ္ထားတာပါ။ အေမရိကန္က လ်ာထားတဲ့ စီမံကိန္းေတြကို ေတာ့ ၿပီးဆံုးတဲ့အထိလုပ္သြားမွာျဖစ္ေပမဲ့ အေမရိကန္ရဲ႕ အရင္းအျမစ္ေတြကို ဘယ္လို စီမံခန္ု႕ခြဲေနတယ္ဆိုတာ ပြင့္ပြင့္လင္းလင္း မခ်ျပတဲ့ အာဖဂန္အစိုးရက တဆင့္လုပ္ေဆာင္သြားမွာေတာ့ မဟုတ္ဘူးလို႕ ၀န္ၾကီး Pompeo ကေျပာပါတယ္။

အာဖဂန္ျပန္လည္တည္ျငိမ္ေရး အေမရိကန္ရဲ႕ အေထာက္အပံ့ေတြကို ဘယ္လို စီမံသံုးစြဲေနတယ္ဆိုတာ ေသေသခ်ာခ်ာေလ့လာၿပီးမွ အခုလို အကူအညီ ေတြကို ျဖတ္ေတာက္ရတာျဖစ္တယ္လို႕ အေမရိကန္ႏိုင္ငံ တကာ ဖြံံ႕ျဖိဳးတိုးတက္ေရး ေအဂ်င္စီ က Karen Freeman က ေအာက္လႊတ္ေတာ္ ေကာ္မတီၾကားနာပြဲမွာ ေျပာသြားပါတယ္။

.................

(Unicode)

Afghanistan ကိုပေးတဲ့ အထောက်အပံ့ ကန် ဘာကြောင့် ဖြတ်တောက်

အာဖဂန်အစိုးရ အနေနဲ့ ပြည်သူတွေ အပေါ်ပိုပြီး တာဝန်ယူ၊ တာဝန်ခံမှုရှိဖို့အတွက် တွန်းအားပေးတဲ့အနေနဲ့ အာဖဂန်အတွက် အကူအညီတွေကနေ အမေရိကန်ဒေါ်လာ ၁၆၀ ဘီလီယံကျော် ဖြတ်တောက်ရတဲ့ အကြောင်း ကို အမေရိကန် အကြီးတန်း သံအရာရှိတဦးက အောက်လွှတ်တော် ကော်မတီ ကြားနာပွဲမှာ မနေ့ကြာသပတေးနေ့က ရှင်းလင်းပြောကြားခဲ့ ပါတယ်။

ပုဂ္ဂလိက ကဏ္ဍတခုချင်းတိုးတက်ဖို့ ရည်ရွယ်ပြီး အာဖဂန်အစိုးရ အနေနဲ့ပိုမိုကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေကို လုပ်ဆောင်နိုင်ဖို့ အမေရိကန်က အထောက်အပံ့ပေးနေတာဖြစ်သလို အချုပ်အခြာ အာဏာနိုင်ငံတခုရဲ့ လုပ်ငန်းဆောင်တာတွေကို လည်ပတ်နိုင်စွမ်းရှိတဲ့ အစိုးရတရပ် ဖြစ်ဖို့ အကူအညီပေးခဲ့တာဖြစ်ကြောင်း ယာယီလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Alice Wells က အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ကြားနာပွဲမှာ အာဖဂန်နဲ့ပတ်သက်တဲ့ အမေရိကန်အစိုးရရဲ့ မူဝါဒကို ပြောကြားခဲ့ တာပါ။

အာဖဂန်အစိုးရအတွင်း အကျင့်ပျက်ချစားမှုတွေရှိနေသလို ပွင့်လင်းမြင်သာမှု မရှိဘူးဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အာဖဂန်ကို ရန်ပုံငွေ အကူအညီတွေ ရုပ်သိမ်းဖို့ ကြားနာပွဲမတိုင်ခင်မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က ကြေညာခဲ့တာပါ။ အာဏာကို အလွဲသုံးပြီး နိုင်ငံခြားအထောက်အပံ့တွေကနေ ပြည်သူ အနာဂတ် အကျိုးစီးပွါးကို အမြတ်ထုတ်နေတဲ့ သူတွေကို ဆန့်ကျင်ကြောင်းလည်း ဝန်ကြီး Pompeo ကပြောပါတယ်။

အမေရိကန် က အာဖဂန်နစ္စတန် စွမ်းအင် စီမံကိန်းတွေမှာ ဒေါ်လာ သန်း ၁၀၀ လျာထားပြီးဖြစ်သလို နောက်ထပ် သန်း ၆၀ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်ထားတာပါ။ အမေရိကန်က လျာထားတဲ့ စီမံကိန်းတွေကို တော့ ပြီးဆုံးတဲ့အထိလုပ်သွားမှာဖြစ်ပေမဲ့ အမေရိကန်ရဲ့ အရင်းအမြစ်တွေကို ဘယ်လို စီမံခန်ု့ခွဲနေတယ်ဆိုတာ ပွင့်ပွင့်လင်းလင်း မချပြတဲ့ အာဖဂန်အစိုးရက တဆင့်လုပ်ဆောင်သွားမှာတော့ မဟုတ်ဘူးလို့ ဝန်ကြီး Pompeo ကပြောပါတယ်။

အာဖဂန်ပြန်လည်တည်ငြိမ်ရေး အမေရိကန်ရဲ့ အထောက်အပံ့တွေကို ဘယ်လို စီမံသုံးစွဲနေတယ်ဆိုတာ သေသေချာချာလေ့လာပြီးမှ အခုလို အကူအညီ တွေကို ဖြတ်တောက်ရတာဖြစ်တယ်လို့ အမေရိကန်နိုင်ငံ တကာ ဖွံံ့ဖြိုးတိုးတက်ရေး အေဂျင်စီ က Karen Freeman က အောက်လွှတ်တော် ကော်မတီကြားနာပွဲမှာ ပြောသွားပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG