သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နိုင်ငံခြားရေးဝန်ကြီး ဆော်ဒီ ရောက်ရှိ


ဆော်ဒီအာရေးဗီးယားနိုင်ငံက ရေနံလုပ်ငန်းတွေကို တိုက်ခိုက်ခံခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဆော်ဒီတာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ဒီကနေ့ပဲ Jeddah မြို့ကို သွားနေပါတယ်။

အမေရိကန်တာဝန်ရှိသူတွေကတော့ တိုက်ခိုက်မှုဟာ အီရန်နိုင်ငံက မြစ်ဖျားခံ လာတယ်ဆိုပြီး ပြောဆိုထားကြတာပါ။ ဝန်ကြီး Pompeo ခရီးစဉ် မတိုင်ခင်မှာ ဒုသမ္မတ Mike Pence ကလည်း တိုက်ခိုက်မှုအပေါ် တုံ့ပြန်ဖို့ကိစ္စ ဆွေးနွေးမယ့်အကြောင်း ပြောဆိုထားပါတယ်။ အီရန်နိုင်ငံက အားပေး ကူညီနေတဲ့ ယီမင်နိုင်ငံက ဟူသီသူပုန်တွေကတော့ ဆော်ဒီအာရေးဗီးယားရဲ့ ရေနံထုတ်လုပ်မှု ထက်ဝက် လောက်အထိ ကျဆင်းခဲ့ရတဲ့ စနေနေ့က တိုက်ခိုက်မှုဟာ သူတို့ လက်ချက်ဖြစ်ကြောင်း ကြေညာထားတာပါ။ အမေရိကန်တာဝန်ရှိသူတွေကတော့ ရရှိထားတဲ့ အထောက်အထားတွေအရ သူပုန်တွေရဲ့ ပြောဆိုချက်ဟာ မဖြစ်နိုင်ဘူးလို့လည်း ပြောဆို ထားပါတယ်။ လေ့လာသုံးသပ်ချက်တွေအရ တိုက်ခိုက်မှုတွေဟာ ယီမင်နိုင်ငံ၊ ဒါမှမဟုတ် အီရတ်နိုင်ငံက လာတာ မဖြစ်နိုင်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန တာဝန် ရှိသူတယောက်က မနေ့ကပဲ ဗွီအိုအေကို ပြောခဲ့တာပါ။

တိုက်ခိုက်ရာမှာ အသုံးပြုခဲ့တဲ့ မစ်ဇိုင်းဒုံး အပိုင်းအစတွေကို ဆော်ဒီတာဝန်ရှိသူတွေနဲ့အတူ စစ်ဆေးဖို့ အမေရိကန် ကျွမ်းကျင်သူတွေ ရောက်ရှိနေပြီလို့လည်း ပြောပါတယ်။ အီရန်သမ္မတ Hassan Rouhani ကတော့ ယီမင်နိုင်ငံက ဟူသီသူပုန်တွေကို တိုက်ခိုက်နေတဲ့ ညွန့်ပေါင်း အဖွဲ့ကို ဦးဆောင်နေတဲ့ ဆော်ဒီအတွက် အခုတိုက်ခိုက်မှုဟာ သတိပေးချက်တခုဖြစ်ကြောင်း ဒီကနေ့ပဲ ပြောဆိုခဲ့တာပါ။

လူ့အခွင့်အရေး အဖွဲ့တွေကလည်းယီမင်နိုင်ငံမှာ ဆော်ဒီနိုင်ငံက ဦးဆောင်တဲ့ လေကြောင်းထိုးစစ်ဆင်တွေကြောင့် အရပ်သားတွေရှိရာ အရပ်တွေ အကြီးအကျယ် ထိခိုက်ပျက်စီးနေရပြီး၊ ကမ္ဘာမှာ အဆိုးရွားဆုံး လူသားချင်းစာနာမှု အကျပ်အတည်းတွေထဲမှာ တခုအပါအဝင် ဖြစ်လာနေတယ်ဆိုပြီး ဝေဖန်ထားကြပါတယ်။

...................

{Unicode}





ဆက်စပ်သတင်းများ ...

XS
SM
MD
LG