သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆော်ဒီမှာ ပထမဆုံး Night Club ဖွင့်ပွဲ ပြဿနာတက်


အမျိုးသား အမျိုးသမီး ခွဲခြားဆက်ဆံမှု ပြင်းထန်တဲ့ ဆော်ဒီ အာရေဘီးယားနိုင်ငံမှာ ကျားမ မရွေးတက်ရောက်နိုင်တဲ့ ပထမဆုံး ညကလပ် တခုကို ဂျက်ဒါးမြို့မှာ ကြာသပတေးနေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဖွင့်ပွဲကိုတော့ ဆော်ဒီ အာဏာပိုင်တွေက တားမြစ်ခဲ့ပါတယ်။

သတင်းတွေအရ White လို့ အမည်ပေးထားတဲ့ အဲဒီ ညကလပ်မှာ နိုင်ငံရဲ့ အစ္စလာမစ် ဘာသာရေး ဥပဒေအရ အရက် သုံးဆောင်ခွင့် မရှိပါဘူး။ ဆော်ဒီ အာရေဘီးယားနိုင်ငံရဲ့ ဖျော်ဖြေရေးဆိုင်ရာ အာဏာပိုင်အဖွဲ့ကတော့ ဒီ ညကလပ် ဖွင့်ဖို့အတွက် လိုင်စင် ထုတ်ပေးထားခြင်း မရှိဘူးလို့လည်း ပြောပေမဲ့ ပြည်တွင်းမှာ ခရီးသွားလုပ်ငန်း မြှင့်တင်ဖို့အတွက် ဒီ ညကလပ်ကို ယာယီ တစ်လ ဖွင့်လှစ်တာသာ ဖြစ်ကြောင်း အေပီ သတင်းတစ်ခုက ပြောပါတယ်။

ဆော်ဒီ အာရေဘီးယားနိုင်ငံဟာ ပိုပြီး ပွင့်လင်း လွတ်လပ်တဲ့ နိုင်ငံဖြစ်ဖို့ ကြိုးစားနေပေမဲ့ ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်း တော်တော်များများကတော့ ထိန်းချုပ် ကန့်သတ်မှုတွ ရှိနေဆဲဖြစ်ပါတယ်။

ကျားမ မရွေး တက်ရောက်နိုင်တဲ့ ဒီလို ပွဲမျိုးတွေ အရင်က ရှိပေမဲ့ အားလုံးကို အပိတ်ခံခဲ့ရပါတယ်။ ဒီ ညကလပ်ကို ဆန့်ကျင်တဲ့ သူတွေရဲ့ ဝေဖန်ချက်တွေကြောင့် ညကလပ်ရဲ့ Instagram account ကိုတော့ ပိတ်လိုက်ရပါတယ်။ မီဒီယာ သတင်းဌာနတစ်ချို့က ဒီ ညကလပ်ကို “halal” ညကလပ်လို့ ခေါ်ဆိုရေးသားကြပြီး အဓိပ္ပါယ်ကတော့ ခွင့်ပြုကြောင်း ဖြစ်ပါတယ်ခင်ဗျား။

ဆော်ဒီမှာ ပထမဆုံး Night Club ဖွင့်ပွဲ ပြဿနာတက်
please wait

No media source currently available

0:00 0:00:22 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG