သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆော်ဒီကို အရေးယူဖို့ Trump ငြင်းဆို


အမေရိကန်အခြေစိုက် ဆော်ဒီနွယ်ဖွား သတင်းထောက်တဦးကို ရက်စက်စွာ သတ်ဖြတ်လိုက်တာကြောင့် ဆော်ဒီအာရေးဗီးယားကို စွန့်ပယ်လိုက်မယ်ဆိုရင် ကြီးမားတဲ့ မှားယွင်းမှုကြီးဖြစ်မယ်လို့ သမ္မတ Donald Trump က အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေထက် အမေရီကန် အမျိုးသားလုံခြုံရေးနဲ့ စီးပွားရေး အကျိုးစီးပွားတွေက ပိုပြီး အရေးပါကြောင်းလည်း သမ္မတ Trump က ပြောပါတယ်။

The Washington Post သတင်းထောက် Jamal Khashoggi ကို တူရကီနိုင်ငံ Istanbul မြို့မှာရှိတဲ့ ဆော်ဒီ ကောင်စစ်ဝန်ရုံးအတွင်း သတ်ဖြတ်မှုကို ဆော်ဒီ အိမ်ရှေ့စံမင်းသား Mohammed bin Salman သိရှိခဲ့တယ်ဆိုတာကို သမ္မတက ဝန်ခံ ပြောကြားလိုက်ပေမယ့် ဆော်ဒီ အာရေးဗီးယားဘက်ကနေ ဆက်လက် ရပ်တည်သွားမယ့်အကြောင်း သမ္မတ Trump က ပြောပါတယ်။

ဆော်ဒီအာရေးဗီးယားဟာ အမေရီကန်နဲ့အတူ အီရန်ကို ဆန့်ကျင်နေတဲ့ကိစ္စနဲ့ အလုပ်အကိုင်ပေါင်း ထောင်နဲ့ချီ ဖန်တီးပေးနိုင်ပြီး ဒေါ်လာ ဘီလီယံပေါင်းများစွာ အမေရိကန်မှာ ရင်းနှီးမြုပ်နှံထားတာတွေကြောင့် ဆော်ဒီအာရေးဗီးယားနဲ့ ဆက်ဆံရေးကို ဖြတ်တောက်ပစ်မှာ မဟုတ်ဘူးလို့ သမ္မတ Trump က ပြောပါတယ်။

အမေရိကန်ကန်က ဆော်ဒီကို ပစ်ပယ်လိုက်မယ်ဆိုရင် အဲဒီ အလုပ်အကိုင်တွေနဲ့ ရင်းနှီးမြုပ်နှံမှုတွေ ရုရှားနဲ့ တရုတ်တို့ဘက်ကို ရောက်သွားနိုင်အောင် ရည်ညွန်းပြီး ရုရှားနဲ့ တရုတ်တို့အနေနဲ့ အဲဒီလက်ဆောင်တွေကို ရမှာမဟုတ်ဘူးလို့လည်း ကြာသပတေးနေ့မှာ ကျရောက်တဲ့ Thanksgiving အမေရိကန် အားလပ်ရက်အတွက် အိမ်ဖြူတော်ကနေ မထွက်ခွာခင် သတင်းထောက်တွေကို သမ္မတ Trump က ပြောပါတယ်။

အောက်တိုဘာလ ၂ ရက်နေ့ ဖြစ်သွားခဲ့တဲ့ အဲဒီ သတင်းထောက် Khashoggi လုပ်ကြံ သတ်ဖြတ်ခံရမှုကို လက်ရှိ တိုင်းပြည် အုပ်ချုပ်ရေးယန္တရားတွေကို တာဝန်ယူ ဆောင်ရွက်နေတဲ့ ဆော်ဒီ အိမ်ရှေ့မင်းသား Mohammed bin Salman က အမိန့်ပေးခဲ့တာလို့ အမေရိကန်ထောက်လှမ်းရေး အေဂျင်စီ CIA ကောက်ချက်ခြထားကြောင်း အမေရိကန်သတင်းဌာန အတော်များများမှာ ရေးသား ပြောဆိုနေကြတာပါ။

ဆော်ဒီကို အရေးယူဖို့ Trump ငြင်းဆို
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG