သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆော်ဒီသတင်းထောက် လည်ညှစ် အသတ်ခံရ


Candles, lit by activists, protesting the killing of Saudi journalist Jamal Khashoggi, are placed outside Saudi Arabia's consulate, in Istanbul, during a candlelight vigil, Oct. 25, 2018.
Candles, lit by activists, protesting the killing of Saudi journalist Jamal Khashoggi, are placed outside Saudi Arabia's consulate, in Istanbul, during a candlelight vigil, Oct. 25, 2018.

ဆော်ဒီသတင်းထောက် Jamal Khashoggi ဟာ တူရကီနိုင်ငံ အစ္စတန်ဘူလ်မှာရှိတဲ့ ဆော်ဒီသံရုံးထဲ ဝင်သွားပြီးပြီးချင်း လည်ပင်းညှစ်ပြီး အသတ်ခံခဲ့ရ ပြီးမှ သူ့ခန္ဓာကိုယ်ကို အပိုင်းပိုင်းခုတ်ဖြတ်တာ ခံခဲ့ရတယ်လို့ တူရကီအစိုးရရှေ့နေချုပ်က ပြောပါတယ်။

Khashoggi ကို သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ဆော်ဒီအာရေဗျမှာ အဖမ်းခံနေရသူ ၁၈ ယောက်ကို လွှဲပြောင်းပေးဖို့ တူရကီဘက်က ဖိအားတွေ ပေးနေချိန်မှာပဲ အစ္စတန်ဘူလ် ရှေ့နေချုပ် Ifran Fidan ရဲ့ ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဆော်ဒီအစိုးရရှေ့နေချုပ် Saud al-Mojeb နဲ့ ဆွေးနွေးမှုတွေမှာ အမှန်တရားရဖို့ ရိုးရိုးသားသား ကြိုးစားခဲ့တဲ့ကြားက ခိုင်မာတဲ့ရလဒ်တွေ ထွက်မလာဘူးလို့လည်း Ifran Fidan ကပြောပါတယ်။

ဆော်ဒီသတင်းထောက်ဟာ ကောင်စစ်ရုံးထဲဝင်သွားပြီးတဲ့နောက် အသတ်ခံရတာဟာ ကြိုတင်ကြံစည်မှုလို့ ပြောခဲ့တဲ့ တူရကီဘက်က အခု Fidan ရဲ့ ကြေညာချက်ဟာ တူရကီဘက်က ပထမဆုံး လူသိရှင်ကြားး ထုတ်ပြန်ချက်ဖြစ်ပါတယ်။

အခုလို သတ်ဖြတ်မှုကို ကျူးလွန်ဖို့ အနဲဆုံး အဆင့်မြင့် ဆော်ဒီအာဏာပိုင် တယောက်ယောက်က အမိန့်ပေးမှပဲ ဖြစ်နိုင်ဖို့ရှိတယ်လို့ တူရကီ အာဏာရပါတီ ပြောခွင့်ရက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

Khashoggi ရဲ့ ရုပ်အလောင်း ဖျောက်ဖျက်မယ်လို့ သံသယရှိသူ ဒေသခံ ဘယ်သူလဲ ဆိုတာ ထုတ်ဖေါ်ပြောဆိုဖို့ ဆော်ဒီအာရေဗျကို တူရကီသမ္မတ Recep Tayyip Erdogan က ထပ်တလဲလဲ တောင်းဆိုနေတာပါ။

ဆော်ဒီသတင်းထောက် လည်ညှစ် အသတ်ခံရ
please wait

No media source currently available

0:00 0:01:17 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG