သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆော်ဒီအိမ်ရှေ့စံရဲ့ ပထမဆုံး ပါကစ္စတန်ခရီးစဉ်


ဆော်ဒီအိမ်ရှေ့စံ နှင့် ပါကစ္စတန် ဝန်ကြီးချုပ် Imran Khan
ဆော်ဒီအိမ်ရှေ့စံ နှင့် ပါကစ္စတန် ဝန်ကြီးချုပ် Imran Khan

ပါကစ္စတန်ကို ပထမဦးဆုံး နိုင်ငံတော်ခရီးစဉ်အဖြစ် သွားရောက်တဲ့ ဆော်ဒီအာရေဗျနိုင်ငံရဲ့ အိမ်ရှေ့စံမင်းသား Mohammed bin Salman ဟာ အစ္စလန်မာဘတ်မြို့တော်ကို ရောက်ပြီး မကြာခင်နာရီပိုင်းအတွင်းမှာပဲ အမေရိကန်ဒေါ်လာ ဘီလျံ ၂၀ တန်ဖိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ပါကစ္စတန်နဲ့ သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲကို တက်ရောက်ခဲ့ပါတယ်။

ပါကစ္စတန် ဝန်ကြီးချုပ် Imran Khan နဲ့အတူ ပါကစ္စတန်ထိပ်တန်း အရပ်ဘက်နဲ့ စစ်ဘက်ဆိုင်ရာ အရာရှိတွေက ဆော်ဒီမင်းသားကို အစ္စလန်မာဘတ်မြို့ပြင်က လေတပ် အခြေစိုက်စခန်းမှာ ကြိုဆိုခဲ့ကြတာ ဖြစ်ပါတယ်။ အိမ်ရှေ့မင်းသား Salman ကို ဝန်ကြီးချုပ် Khan က သူ့ဝန်ကြီးချုပ်နေအိမ်ဝင်းဆီ ကားကို ကိုယ်တိုင်မောင်း ခေါ်ဆောင်သွားသလို ပါကစ္စတန်နဲ့ ဆော်ဒီအာရေဗျတို့ကြား သဘောတူညီချက်တွေ အတွက် လက်မှတ်မရေးထိုးခင်မှာ ဆွေးနွေးပွဲပါ ကျင်းပခဲ့တာပါ။

ခေါင်းဆောင် ၂ ဦးဟာ လက်မှတ်ရေးထိုးပွဲ အခန်းအနားမှာ မိန့်ခွန်းပြောကြားခဲ့ကြပြီး ဒီမိန့်ခွန်းတွေကို ပါကစ္စတန် အစိုးရ ရုပ်သံက ထုတ်လွှင့်ခဲ့ပါတယ်။ မင်းသား Salman က အခု နားလည်မှု စာချွန်လွှာမှာ ချထားပေးတဲ့ငွေ ဒေါ်လာ ဘီလျံ ၂၀ ဟာ ပထမအဆင့်အတွက် သိပ်များသလို လတိုင်းတိုးလာဖို့ရှိပြီး နှစ်တိုင်းလည်း ပိုများလာဖို့ ရှိကြောင်းနဲ့ ဒါဟာ ၂ နိုင်ငံစလုံး အတွက် အကျိုးရှိမှာ ဖြစ်ကြောင်း ပြောပါတယ်။ သူအိမ်ရှေ့မင်းသား ဖြစ်လာခဲ့တဲ့ နောက်ပိုင်း အရှေ့ဒေသခရီးအဖြစ် ပါကစ္စတန်ကို ပထမဆုံး လာရောက်ဖို့ ရွေးခဲ့တာဟာ ၂ နိုင်ငံ ဆက်ဆံရေး ဘယ်လောက် အရေးပါနေတယ် ဆိုတာကို ပြသကြောင်းလည်း မင်းသားက ပြောပါတယ်။

ပါကစ္စတန်ဝန်ကြီး Khan ကလည် ဆော်ဒီအာရေဗျ နိုင်ငံက ပါကစ္စတန်မှာ ရေနံသန့်စင်မှု၊ ရေနံဓါတု၊ စွမ်းအင်နဲ့ တခြားကဏ္ဍတွေမှာ လာရောက် ရင်းနှီးမြှုပ်နှံတာအတွက် ကြိုဆိုခဲ့ပါတယ်။ ဒါ့အပြင် သူ့နိုင်ငံဟာ တရုတ်နဲ့ ဆက်သွယ်တဲ့ CPEC တရုတ်- ပါကစ္စတန် စီးပွါးရေးစင်္ကြန်ပါ ရှိနေတာကြောင့် ဆော်ဒီအာရေဗျရဲ့ အခုလို ပူးပေါင်းပါဝင်မှုဟာ အနာဂတ်အတွက် အလားအလာရှိတာမို့ ကျေးဇူးတင်ကြောင်းလည်း ပြောပါတယ်။ CPEC ကနေ တရုတ်က လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ပါကစ္စတန်မှာ ဒေါ်လာ ၁၉ ဘီလျံကျော် ရင်းနှီးမြှုပ်နှံခဲ့သလို စက်မှုဇုံတွေ တည်ဆောက်ဖို့ နောက်ထပ် ဘီလျံနဲ့ချီ ရင်းနှီးမြှုပ်နှံဖို့ လည်း အစီအစဉ်တွေ ချထားတာပါ။

ဆော်ဒီအိမ်ရှေ့စံရဲ့ ပထမဆုံး ပါကစ္စတန်ခရီးစဉ်
please wait

No media source currently available

0:00 0:01:39 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG