သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူဒန်အာဏာသိမ်းခေါင်းဆောင်နဲ့ ထောက်လှမ်းရေးအကြီးအကဲ ၂ ဦးစလုံးနုတ်ထွက်


ဆန္ဒပြသူများ (ဧပြီ၊ ၁၃၊ ၂၀၁၉)
ဆန္ဒပြသူများ (ဧပြီ၊ ၁၃၊ ၂၀၁၉)

Sudan နိုင်ငံမှာ အာဏာရှင်အဖြစ် နှစ်ပေါင်း ၃၀ အုပ်ချုပ်လာတဲ့ သမ္မတ Omar al-Bashir ကို အာဏာသိမ်းဖြုတ်ချပြီး ယာယီခေါင်းဆောင်အဖြစ်တာဝန်ယူထားတဲ့ ကာကွယ်ရေးဝန်ကြီး ရာထူးကရုတ်တရက်နုတ်ထွက်သွားပြီး နောက်တရက် စနေနေ့မှာပဲ နိုင်ငံရဲ့ ထောက်လှမ်းရေးအကြီးအကဲ ရာထူးကနုတ်ထွက်သွားပြန်ပါတယ်။

လက်ရှိ စစ်ကောင်စီရဲ့ အကြီးအကဲသစ်ဖြစ်လာသူ ဒုတိယဗိုလ်ချုပ်ကြီး Abdel Fattah al-Burhan Abdelrahman က ထောက်လှမ်းရေးအကြီးအကဲ Salah Abdallah Mohamed Saleh ရဲ့ နုတ်ထွက်စာကို လက်ခံယူလိုက်တယ်လို့ ကြားဖြတ်စစ်ကောင်စီက ကြေညာချက်ထုတ်ပါတယ်။ သူက နိုင်ငံမှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ Mr. Saleh ဟာ ဖြုတ်ချခံသမ္မတကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသူတွေကို ရက်ရက်စက်စက်နှိမ်နင်းခဲ့တဲ့ ထောက်လှမ်းရေးအဖွဲ့ကို ဦးစီးကြီးကြပ်ခဲ့သူ ဖြစ်ပါတယ်။

ကာကွယ်ရေးဝန်ကြီး Awad Ibn Auf ကတော့ ကြားဖြတ်စစ်ကောင်စီအကြီးအကဲအဖြစ်တာဝန်ယူအပြီး တရက်အကြာ သောကြာညပိုင်းကပဲ ရာထူးက နုတ်ထွက်သွားတာဖြစ်ပါတယ်။ နိုင်ငံမှာ အရပ်သားအစိုးတရပ်ပေါ်ထွန်းရေး ဆန္ဒပြနေကြသူတွေကတော့ သူတို့လိုချင်တာရတဲ့အထိ ဆက်ပြီး ဖိအားပေးသွားမယ်လို့ ပြောသွားပါတယ်။ Khartoum မြို့တော်မှာတော့ လူတွေ အောင်ပွဲခံနေကြပြီး ဆန္ဒပြသူ ထောင်သောင်းချီက အလံတွေဝှေ့ယမ်း၊ လက်ကိုင်ဖုန်းမီးတွေကိုဖွင့် ကားဟွင်းတွေကိုတီးပြီး အောင်မြင်မှု အထိမ်းအမှတ်ကို ပြခဲ့ပါတယ်။ ဆန္ဒပြပွဲတွေကို ဦးစီးစီစဉ်တဲ့ SPA ဆူဒန်တတ်သိပညာရှင်များအဖွဲ့ကလည်း ဒီကနေ့ စနေမှာ ဆက်ပြီး ဆန္ဒပြကြဖို့ တိုက်တွန်းထားတာပါ။

အခု စစ်ကောင်စီရဲ့ အကြီးအကဲသစ်ဖြစ်လာသူ ဒုတိယဗိုလ်ချုပ်ကြီး Abdel Fattah al-Burhan Abdelrahman ကတော့ ဆန္ဒပြသူတွေနဲ့ တွေ့ဆုံညှိနှိုင်းဖို့ အသင့်အနေအထားမှာ ရှိနေပုံရပါတယ်။ ဒုဗိုလ်ချုပ်ကြီး Burhan က ဆူဒန်စစ်ဘက်မှာ တတိယ ရာထူးအမြင့်ဆုံး ပုဂ္ဂိုလိဖြစ်ပြီး သူ့ရဲ့ ပုဂ္ဂိုလ်ရေးနဲ့ပတ်သတ်ပြီး သိပ်မသိကြပါဘူး။

Saudi ဦးဆောင်တဲ့ Yemen စစ်ပွဲမှာ သူက ဆူဒန်တပ်တွေကို ကွပ်ကဲခဲ့သူဖြစ်ပြီး ပင်လယ်ကွေ့နိုင်ငံတွေက စစ်တပ်အကြီးအကဲတွေနဲ့ နီးစပ်မှုရှိသူဖြစ်ပါတယ်။ လက်ရှိ စစ်ကောင်စီက အုပ်ချုပ်နေတဲ့ ဆူဒန်နိုင်ငံမှာ ၂ နှစ်ကြာသူတို့က အုပ်ချုပ်ထားမှာ ဖြစ်ပြီး ပြီးရင် ရွေးကောက်ပွဲ ကျင်းပမယ်လို့ ပြောထားပါတယ်။

ဆူဒန်အာဏာသိမ်းခေါင်ဆောင် ကာကွယ်ရေးဝန်ကြီးနုတ်ထွက်
please wait

No media source currently available

0:00 0:01:32 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG