သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူဒန်နိုင်ငံ စစ်တပ်အာဏာသိမ်းမှု နိုင်ငံတကာစောင့်ကြည့်


ဆန္ဒပြသူများ (ဧပြီ၊ ၁၁၊ ၂၀၁၉)
ဆန္ဒပြသူများ (ဧပြီ၊ ၁၁၊ ၂၀၁၉)

ဆူဒန်နိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့အပေါ် ဆန္ဒပြသူတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက သတိထားစောင့်ကြည့်နေကြပြီး နိုင်ငံမှာ ဒီမိုကရေစီ ဖော်ဆောင်ရေးဆောင်ရွက်ဖို့ လိုလားနေကြပါတယ်။

နိုင်ငံကို နှစ်ပေါင်း ၃၀ ကြာ အာဏာရှင်လို အုပ်ချုပ်ခဲ့တဲ့ သမ္မတ Omar al-Bashir ရာထူးကနေ ဆင်းသွားတာကို ပျော်ရွှင် အောင်ပွဲခံခဲ့တဲ့ ဆန္ဒပြသူတွေက စစ်တပ်အာဏာသိမ်းတဲ့အပေါ် သိပ်ပြီး အယုံအကြည်မရှိကြပါဘူး။

ဆူဒန်ပြည်သူတွေကို ကိုယ်စားပြုတဲ့ အရပ်သားအစိုးရ ဖြစ်မလာဘူးဆိုရင် ဆန္ဒပြမှုတွေ ပြန်စမှာ ဖြစ်တယ်လို့ ဆန္ဒပြသူတွေက ပြောနေကြပါတယ်။ သမ္မတ al-Bashir ရဲ့အုပ်ချုပ်မှုအတွင်း လုံခြုံရေးနဲ့ စစ်ထောက်လှမ်းရေးတွေရဲ့ လုပ်ရပ်တွေကြောင့် စစ်တပ်အာဏာသိမ်းလိုက်တဲ့အပေါ် စိုးရိမ်မှုတွေလည်း ရှိနေကြပါတယ်။

ကာကွယ်ရေးဝန်ကြီး Awad Mohamed Ahmed Ibn Auf ဦးဆောင်တဲ့ အသွင်ကူးပြောင်းရေးစစ်ကောင်စီက နိုင်ငံကို ၂ နှစ် အုပ်ချုပ်မှာ ဖြစ်ပါတယ်။ နိုင်ငံဖွဲ့စည်းပုံဥပဒေကို ယာယီပယ်ဖျက်ထားသလို လွှတ်တော်ကိုလည်း ဖျက်သိမ်းထားပါတယ်။

နိုင်ငံတော် အရေးပေါ်အခြေအနေကိုလည်း ၃ လ ထုတ်ပြန်ထားပါတယ်။ အာဏာသိမ်းခံရတဲ့ သမ္မတ al-Bashir ကို နေအိမ် အကျယ်ချုပ်ချထားတယ်လို့ စစ်တပ်အသိုင်းအဝိုင်းက VOA ကိုပြောပါတယ်။

စီးပွားရေး စီမံခန့်ခွဲမှု ညံ့ဖျင်းတာ၊ စားသောက်ကုန်ဈေးတွေ ကြီးမြင့်နေတာနဲ့ လောင်စာဆီနဲ့ နိုင်ငံခြားငွေပြတ်လပ်နေမှုတို့ကြောင့် သမ္မတ Omar al-Bashir ရာထူးကနေ ဆင်းပေးဖို့ တောင်းဆိုဆန္ဒပြမှုတွေ လွန်ခဲ့တဲ့ ၄ လထဲက စတင်ခဲ့တာ ဖြစ်ပါတယ်။ လုံခြုံရေးတွေရဲ့ နှိမ်နှင်းမှုကြောင့် ဆန္ဒပြသူ ၃၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG