သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖြုတ်ချခံ ဆူဒန်သမ္မတဟောင်း Abu Bashir ကို ICC လက်သို့လွှဲပေးမည်မဟုတ်


ဆူဒန်နိုင်ငံ Khartoum မြို့တော်က ဆန္ဒပြသူနေတဲ့ လူအုပ်ကြီး (ဧပြီ၊ ၁၂၊ ၂၀၁၉)
ဆူဒန်နိုင်ငံ Khartoum မြို့တော်က ဆန္ဒပြသူနေတဲ့ လူအုပ်ကြီး (ဧပြီ၊ ၁၂၊ ၂၀၁၉)

စစ်ရာဇဝတ်မှုတွေ၊ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ လူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်တွေကို ရင်ဆိုင်ဖို့ ဆူဒန်သမ္မတဟောင်း al-Bashir ကို အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံး ICC ထံ လွှဲပြောင်းပေးမှာ မဟုတ်ကြောင်း ဗိုလ်ချုပ်ကြီး Omar Zein Abedeen က သောကြာနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုသွားပါတယ်။

ဆူဒန်နိုင်ငံမှာလည်း ရာဇဝတ်ပြစ်မှု စွပ်စွဲချက်တွေကို အရေးယူနိုင်တဲ့ ဥပဒေတွေရှိနေတာကြောင့် al-Bashir ကို ICC ထံ လွှဲပြောင်းပေးမှာ မဟုတ်ကြောင်း Abedeen က ပြောတာပါ။

ဆူဒန်နိုင်ငံကို နှစ်ပေါင်း ၃၀ ကြာ အာဏာရှင်လို အုပ်ချုပ်ခဲ့တဲ့ သမ္မတ Omar al-Bashir ရာထူးကနေ ဆင်းသွားအောင် စစ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ် Awad Mohamed Ahmed Ibn Auf က ကာကွယ်ရေးဝန်ကြီးရာထူးကနေ နုတ်ထွက်လိုက်ပါပြီ။သူ့ရဲ့ ရာထူးကို ဗိုလ်ချုပ်ကြီး Abdel-Fatah Burhan က ဆက်ခံမှာ ဖြစ်ပါတယ်။

Ibn Auf ရာထူးကနေ ဘာလို့ ဆင်းသလဲဆိုတဲ့ အကြောင်းအရင်းကို စစ်တပ်ဘက်က ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။ တချိန်ထဲမှာပဲ ဆူဒန်မြို့တော်နဲ့ တခြားမြို့တွေမှာ ဆန္ဒပြပွဲကြီးတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

စစ်တပ်ဦးဆောင်တဲ့ ကောင်စီက ဆူဒန်အစိုးရကို ၂ နှစ်ကြာထိ အုပ်ချုပ်မယ့် အစီအစဉ်ကို ဆန့်ကျင်ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။ Khartoum မြို့တော်က စစ်စခန်းတွေအပြင်မှာ ဆန္ဒပြသူ လူအုပ်ကြီး စုဝေးပြီး တခါလည်း ကျပြီးပြီ။ နောက်တခါလည်း လဲပြိုဦးမှာပဲလို့ ဆူဒန်စစ်အစိုးရကို ရည်ညွှန်းပြီး ကြွေးကြော်နေသူတွေလည်း ရှိပါတယ်။

၂ နှစ်ထက်မပိုတဲ့ အချိန်ကာလအတွင်း အရပ်သားအစိုးရ အုပ်ချုပ်မှုဆီ လွှဲပြောင်းပေးမယ့်အကြောင်း ဆူဒန်စစ်ခေါင်းဆောင်အသစ်တွေက ပြောပါတယ်။

ဖြုတ်ချခံ ဆူဒန်သမ္မတဟောင်း Abu Bashir ကို ICC လက်သို့လွှဲပေးမည်မဟုတ်
please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG