သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ဂျက်တိုက်လေယောဉ် မရောင်းရင် ရုရှားနဲ့ဆက်ဆံရေးတိုးမြှင့်ဖို့ တူရကီခြိမ်းခြောက်


အဓိကကျတဲ့ တိုက်လေယာဉ် အမျိုးအစားတခုကို တူရကီကို ရောင်းမယ့်အစီအစဉ် အမေရိကန် ပိတ်ပင်ထားတာ မရုပ်သိမ်းဘူးဆိုရင် ရုရှားနဲ့ စစ်ဘက်ဆက်ဆံရေး ပိုပြီးတိုးမြှင့်မယ်လို့ တူရကီသမ္မတ Recep Tayyip Erdogan က ခြိမ်းခြောက် ပြောဆိုထားပါတယ်။

သမ္မတ Erdgoan နဲ့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်တို့ နောက်သီတင်းပတ်အတွင်း တွေ့ဆုံဖို့ စီစဉ်ထားချိန်မှာပဲ အခုလို သတိပေး ချက်ထွက်လာတာပါ။ ရုရှားလုပ် နောက်ဆုံးပေါ် Su-35 ဗုံးကျဲ တိုက်လေယာဉ်ကို ဝယ်ယူဖို့ တူရကီက စီစဉ်ထားပါတယ်။ ရုရှား လုပ် S-400 ဒုံးကျည်စနစ်ကို တူရကီက ဝယ်ယူလိုက်တာကြောင့် အနောက် မဟာမိတ်နိုင်ငံတွေ သတိထားစရာ ဖြစ်ခဲ့ရပြီးသားပါ။

S-400 ဝယ်တုန်းက ဘယ်သူ့ဆီကမှ ခွင့်ပြုချက်မတောင်းခဲ့တဲ့ အကြောင်းနဲ့ အခု Su-35 ဗုံးကျဲ တိုက်လေယာဉ်ဝယ်ဖို့ ဆုံးဖြတ်မယ် ဆိုရင်လည်း ဝယ်မှာပဲလို့ သမ္မတ Erdogan က အင်္ဂါနေ့မှာပြောပါတယ်။

ရုရှားလုပ် တိုက်လေယာဉ်ဝယ်ယူရေး နောက်ဆုံး ဆုံးဖြတ်ချက် ချဖို့ကိစ္စဟာ အမေရိကန်ပေါ်မှာ မူတည်တဲ့သဘောမျိုး Erdogan က ပြောထားပါတယ်။ အမေရိကန်လုပ် F-35 ကိုယ်ပျောက် ဂျက်တိုက်လေယာဉ်တွေ တူရကီကို ရောင်းမယ့်ကိစ္စ သမ္မတထရမ့်ပ် က ဆိုင်းငံ့ထားတာကို ရုပ်သိမ်းဖို့ သမ္မတ Erdogan က တောင်းဆိုထားတာပါ။
ရုရှားလုပ် S-400 ဒုံးကျည်စနစ်ကို တူရကီက ဝယ်လိုက်တာကို လက်တုန့်ပြန်တဲ့ အနေနဲ့ တိုက်လေယာဉ် ရောင်းမယ့်ကိစ္စ အမေရိ ကန်က ဆိုင်းထားတာပါ။ အဲဒီဒုံးကျည်စနစ်ဟာ NATO အဖွဲ့ရဲ့ လက်နက်စနစ်တွေ၊ အထူးသဖြင့် F-35 ကိုယ်ပျောက်တိုက်လေ ယာဉ်နည်းပညာကို ထိခိုက်စေနိုင်တယ်လို့ အမေရိကန်ကပြောပါတယ်။

(Unicode)







တိုက်ရိုက် လင့်ခ်
XS
SM
MD
LG