သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ု႐ွားသမၼတ Putin ရဲ႕ ေဆာ္ဒီအာေရးဗ် ခရီး


႐ုရွားသမၼတ ပူတင္ကို ေဆာ္ဒီဘုရင္က အခမ္းအနားျဖင့္ ႀကိဳဆိုစဥ္။ (ေအာက္တိုဘာ ၁၄၊ ၂၀၁၉ )

႐ုရွား သမၼတ Vladimir Putin ကို ေဆာ္ဒီအာေရးဗ်ႏိုင္ငံ ၿမိဳ႕ေတာ္ Riyadh မွာ လႈိက္လႈိက္လွဲလွဲ ႀကိဳဆိုခဲ့ၾကပါတယ္။ သူစီးနင္းလာတဲ့ ဇိမ္ခံကားကို ေလဆိပ္ကေန ေတာ္ဝင္ နန္းေတာ္ အထိ ေတာ္ဝင္ ျမင္းတပ္က ေဘးကေန ၿခံရံလိုက္ပါခဲ့ပါတယ္။ ႐ုရွားသမၼတ Putin နဲ႔ ေဆာ္ဒီဘုရင္ Salman တို႔ႏွစ္ဦးက ကုန္သြယ္ေရးဆက္ဆံမႈ တိုးတက္ေရးကို ေဆြးေႏြးခဲ့ၾကသလို ႏွစ္ႏိုင္ငံဆက္ဆံေရးေၾကာင့္ မဟာမိတ္ေတြနဲ႔ မိတ္ဘက္ေတြကို အေႏွာင့္အယွက္ျဖစ္ေစမွာမဟုတ္ဘူးလို႔လည္း ေခါင္းေဆာင္ႏွစ္ဦးက ေျပာၾကပါတယ္။ ဗြီအိုေအသတင္းေထာက္ Edward Yeranian က ကိုင္႐ိုၿမိဳ႕ေတာ္ကေန သတင္းေပးပို႔ထားပါတယ္။ မသိဂႌထိုက္တင္ျပထားပါတယ္။

႐ုရွား သမၼတ Vladimir Putin နဲ႔ ေဆာ္ဒီဘုရင္ Salman တို႔ အတူရပ္ေနၾကခ်ိန္မွာ ေဆာ္ဒီစစ္တပ္တီးဝိုင္းက ႐ုရွားအမ်ိဳးသားသီခ်င္းကို တနလၤာေန႔က တီးခတ္ခဲ့ၾကပါတယ္။ ေဆာ္ဒီအာေရးဗ်ကို ၂၀၀၇ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးလာေရာက္တဲ့ ႐ုရွားေခါင္းေဆာင္ကို လႈိက္လႈိက္လွဲလွဲ ႀကိဳဆိုခဲ့ၾကတာပါ။ ဒါေပမယ့္လည္း ၂၀၁၇ ခုႏွစ္တုန္းက အေမရိကန္သမၼတ Donald Trump ရဲ႕ေဆာ္ဒီခရီးစဥ္အတြင္း ႀကိဳဆိုခဲ့တဲ့ အတိုင္းအတာမ်ိဳးထိေတာ့ မေရာက္ပါဘူး။ အေမရိကန္သမၼတ Trump ရဲ႕ခရီးစဥ္ အတြင္းမွာေတာ့ ဓားက အပါအဝင္ ႐ိုးရာ အစဥ္အလာေတြနဲ႔ တခမ္းတနား ႀကိဳဆိုခဲ့ၾကတာပါ။

ပူးတြဲသတင္းစာရွင္းလင္းပြဲမွာေတာ့ ၂၀၁၇ ခုႏွစ္တုန္းက ေဆာ္ဒီဘုရင္ရဲ႕ ႐ုရွားခရီးစဥ္အတြင္း ရရွိထားတဲ့သေဘာတူညီခ်က္ေတြအတိုင္း ႏွစ္ႏိုင္ငံကုန္သြယ္ဆက္ဆံေရး တိုးျမႇင့္ေဆာင္႐ြက္ေနၾကတယ္လို႔ ေဆာ္ဒီဘုရင္ Salman က ႐ုရွား သမၼတ Putin ကို ေျပာဆိုခဲ့ပါတယ္။

”ႏွစ္ႏိုင္ငံ ပူးတြဲခ်ဳပ္ဆိုထားတဲ့သီးျခား စီးပြားေရးစီမံကိန္း ၃၀ ေက်ာ္ ေဆာင္႐ြက္ေနၿပီး ေဆာ္ဒီရဲ႕စီးပြားေရးဖြံ႕ၿဖိဳးမႈအတြက္ Vision 2030 စီမံကိန္း ေဘာင္အတြင္းကေန ႐ုရွားတို႔ ေနာက္ထပ္ပါဝင္ေဆာင္႐ြက္လာေရးကိုလည္းႀကိဳဆိုပါတယ္။”

ေဆာ္ဒီအာေရးဗ် ဘုရင့္ႏိုင္ငံေတာ္ စတင္အေျခတည္စ ၁၉၂၆ ခုႏွစ္မွာ အရင္ဆိုဗီယက္ယူနီယံက ပထမဆုံး အသိအမွတ္ျပဳခဲ့တာလို႔ ေဆာ္ဒီအေရး သုံးသပ္သူေတြက ေျပာၾကပါတယ္။ ၁၉၉၀ မွာ ႏွစ္ႏိုင္ငံဆက္ဆံေရး ျပန္လည္တည္ေထာင္ခဲ့ၿပီးေနာက္ပိုင္း ႐ုရွားနဲ႔ ေဆာ္ဒီအာေရးဗ်ၾကားဆက္ဆံေရးက သိသိသာသာတိုးတက္လာၿပီး ၿပီးခဲ့တဲ့ ႏွစ္ေတြအတြင္း ပိုလို႔ေတာင္မွ တိုးတက္လာတယ္လို႔ ႐ုရွားသမၼတ Putin က ေျပာပါတယ္။

”၂၀၁၇ ခုႏွစ္တုန္းက ဘရင္ Salman ရဲ႕ ႐ုရွား ခရီးစဥ္ ေနာက္ပိုင္း စီးပြားေရး ပူးေပါင္းေဆာင္႐ြက္မႈေတြ တိုးတက္လာၿပီး ကုန္သြယ္ေရး သေဘာတူညီခ်က္ေတြ အမ်ားအျပား ရွိခဲ့ၿပီး ႏွစ္ႏိုင္ငံ ကုန္သြယ္ေရးက သိသိသာသာ တိုးတက္လာပါတယ္။”

ၿပီးခဲ့တဲ့ႏွစ္က ႏွစ္ႏိုင္ငံကုန္သြယ္ေရးမွာ ေဒၚလာ ၂၉ ဘီလ်ံထိ တိုးတက္ခဲ့တယ္လို႔ ေဆာ္ဒီအေရးသုံးသပ္သူ ေဒါက္တာ Ali al-Anazy က Al Arabiya ႐ုပ္သံကို ေျပာဆိုပါတယ္။ ႏွစ္ႏိုင္ငံၾကား ဆက္ဆံေရးေၾကာင့္ တျခားမဟာမိတ္ေတြနဲ႔ မိတ္ဖက္ေတြကို အေႏွာင့္အယွက္မျဖစ္ေစေရးလည္း ႏွစ္ဘက္တို႔ ပိုင္းျဖတ္ထားတယ္လို႔လည္း သူက ေျပာပါတယ္။ ေဆာ္ဒီအာေရးဗ်က အေမရိကန္ရဲ႕ အေရွ႕အလယ္ပိုင္းေဒသတြင္း အေရးပါတဲ့မဟာမိတ္ျဖစ္ၿပီး ႐ုရွားရဲ႕အေရးႀကီး မဟာမိတ္ကေတာ့ အီရန္ အစိုးရ ျဖစ္ပါတယ္။

ဆီးရီးယားနဲ႔ ယီမင္ႏိုင္ငံေတြက ပဋိပကၡေတြမွာ ဆန႔္က်င္ဘက္ ရပ္တည္ေနၾကတဲ့ အီရန္နဲ႔ ေဆာ္ဒီအာေရးဗ်ၾကား ဆက္ဆံေရးက ဒီႏွစ္ပိုင္းေတြအတြင္း ပိုၿပီးတင္းမာေနတာပါ။ အီရန္အစိုးရနဲ႔ ႐ုရွားသမၼတ Putin ၾကား ဆက္ဆံေရးေကာင္းၿပီး အခြင့္အခါႀကဳံရင္ ေဆာ္ဒီအစိုးရရဲ႕သတင္းစကားကို အီရန္အစိုးရထံ ပို႔ေဆာင္းေပးႏိုင္တယ္ဆိုတာမ်ိဳး ႐ုရွားမီဒီယာက အရိပ္အႁမြက္ ေရးသားပါတယ္။

ဒီလအေစာပိုင္းက တူရကီႏိုင္ငံ ၿမိဳ႕ေတာ္ Ankara မွာလုပ္တဲ့ တူရကီသမၼတ Recep Tayyip Erdogan ၊ အီရန္သမၼတ Hassan Rouhani တို႔နဲ႔ ထိပ္သီးေဆြးေႏြးပြဲအတြင္း ေဆာ္ဒီအာေရးဗ်ကို ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြ ေရာင္းခ်ေရး အဆင္သင့္ရွိေနခဲ့ဆိုၿပီး ႐ုရွားသမၼတ Putin က ဟာသလုပ္ၿပီး ေျပာပါတယ္။ ဟာသလုပ္တဲ့အေနနဲ႔ အခုလို ကမ္းလွမ္းခဲ့တာပါလို႔ အဲဒီအခ်ိန္က ႐ုရွားမီဒီယာက ကာကြယ္ခဲ့ပါတယ္။ ေဆာ္ဒီႏိုင္ငံအေရွ႕ပိုင္းက ေရနံလုပ္ကြက္ေတြ အေပၚ တိုက္ခိုက္ခံရမႈ ေနာက္ပိုင္းမွာပဲ အခုလို ႐ုရွားကေျပာခဲ့တာပါ။ ေမာင္းသူမဲ့ဒ႐ုန္းယာဥ္ေတြနဲ႔ ဒုံးက်ည္တိုက္ခိုက္မႈေတြကို ယီမင္က ဟူသီသူပုန္ေတြက သူတို႔လက္ခ်က္လို႔ ေျပာဆိုထားေပမယ့္ ေဆာ္ဒီဘက္ကေတာ့ အီရန္ရဲ႕လက္ခ်က္လို႔ ျပစ္တင္ေျပာဆိုထားတာ ျဖစ္ပါတယ္။

႐ုရွားသမၼတ Putin ရဲ႕ေဆာ္ဒီ ခရီးစဥ္ဟာဆိုရင္ ေဆာ္ဒီနဲ႔ အီရန္ၾကား ၾကားဝင္ေစ့စပ္သူလုပ္ဖို႔ ႀကိဳးစားေနေၾကာင္း ႐ုရွားဘက္က အခ်က္ျပလိုက္တာျဖစ္တယ္လို႔ ဝါရွင္တန္အေျခစိုက္ ပင္လယ္ေကြ႕ေဒသဆိုင္ရာသုံးသပ္သူ Theodore Karasik က ေျပာပါတယ္။ ဒါ့အျပင္ ေနာက္လထဲက်င္းပမယ့္ ဒူဘိုင္းေလေၾကာင္းဆိုင္ရျပပြဲမွာ ႐ုရွားဘက္က လက္နက္ေတြ ေရာင္းခ်မႈနဲ႔ ေမာင္းသူမဲ့ဒ႐ုန္းယာဥ္နဲ႔ တျခား ၿခိမ္းေျခာက္မႈေတြကို တန္ျပန္ႏိုင္မယ့္ အဆင့္ျမင့္နည္းပညာေတြ ကမ္းလွမ္းႏိုင္ေျခ ရွိတယ္ဆိုတဲ့ ႐ုရွားရဲ႕ရည္႐ြယ္ခ်က္ကို ျပသလိုက္တာလို႔လည္း သူက ထပ္ေလာင္းေျပာပါတယ္။

ေဒသတြင္းမွာ ၾသဇာအာဏာစုစည္းႏိုင္ေအာင္ ႐ုရွားသမၼတ Putin နဲ႔ ႐ုရွားဘက္က သြက္သြက္လက္လက္ ေဆာင္႐ြက္လာတာလို႔အေမရိကန္ အမ်ိဳးသား ကာကြယ္ေရး တကၠသိုလ္ ပါေမာကၡ ေဒါက္တာ Paul Sullivan က ဗြီအိုေအကို ေျပာပါတယ္။ ႐ုရွားသမၼတ Putin ဟာဆိုရင္ အီဂ်စ္မွာ န်ဴးကလီးယား ဓာတ္အားေပး စက္႐ုံေတြ တည္ေဆာက္မႈ၊ ဆီးရီးယားမွာ စစ္ေရးအရ ဝင္ေရာက္မႈနဲ႔ ေဆာ္ဒီအာေရးဗ်နဲ႔ အာရပ္ေစာ္ဘြားမ်ား ျပည္ေထာင္စုတို႔မွာ သေဘာတူညီခ်က္ေတြနဲ႔ ေဒသတြင္းမွာ လူမိုက္ေခါင္းေဆာင္ ျဖစ္လာေနတယ္လို႔လည္း သူက ေျပာပါတယ္။ ေဒသတြင္း အေရးမွာ အေမရိကန္ရဲ႕ အစီအစဥ္မက်၊ ပရမ္းပတာနဲ႔ ဗ်ဴဟာေျမာက္ တန္ျပန္ေဆာင္႐ြက္ခ်က္ေတြလို႔ သူက ေျပာၿပီး အဲဒီအေပၚမွာ ႐ုရွား သမၼတ Putin က အျမတ္ထုတ္ေနတာ ရွင္းတယ္လို႔လည္း သူက ေျပာပါတယ္။ ေဆာ္ဒီအာေရးဗ်မွာ န်ဴးကလီးယား ဓာတ္အားေပး စက္႐ုံ တည္ေဆာက္ေရးမွာ အေမရိကန္နဲ႔ ပူးေပါင္းေဆာင္႐ြက္ဖို႔ ႐ုရွားက ကမ္းလွမ္းထားတယ္ ဆိုၿပီးလည္း Jeruslem Post က တနလာေနၤ့မွာ တြစ္တာ လူမႈကြန္ယက္မွာ ေရးသားပါတယ္။ ဒါေပမယ့္ ဒီေျပာဆိုခ်က္ အေပၚမွာေတာ့ ဗြီအိုေအ အေနနဲ႔ သီးျခား အတည္ျပဳခ်က္ မရွိပါဘူး။

Unicode

ရုရှား သမ္မတ Vladimir Putin ကို ဆော်ဒီအာရေးဗျနိုင်ငံ မြို့တော် Riyadh မှာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပါတယ်။ သူစီးနင်းလာတဲ့ ဇိမ်ခံကားကို လေဆိပ်ကနေ တော်ဝင် နန်းတော် အထိ တော်ဝင် မြင်းတပ်က ဘေးကနေ ခြံရံလိုက်ပါခဲ့ပါတယ်။ ရုရှားသမ္မတ Putin နဲ့ ဆော်ဒီဘုရင် Salman တို့နှစ်ဦးက ကုန်သွယ်ရေးဆက်ဆံမှု တိုးတက်ရေးကို ဆွေးနွေးခဲ့ကြသလို နှစ်နိုင်ငံဆက်ဆံရေးကြောင့် မဟာမိတ်တွေနဲ့ မိတ်ဘက်တွေကို အနှောင့်အယှက်ဖြစ်စေမှာမဟုတ်ဘူးလို့လည်း ခေါင်းဆောင်နှစ်ဦးက ပြောကြပါတယ်။ ဗွီအိုအေသတင်းထောက် Edward Yeranian က ကိုင်ရိုမြို့တော်ကနေ သတင်းပေးပို့ထားပါတယ်။ မသိင်္ဂီထိုက်တင်ပြထားပါတယ်။

ရုရှား သမ္မတ Vladimir Putin နဲ့ ဆော်ဒီဘုရင် Salman တို့ အတူရပ်နေကြချိန်မှာ ဆော်ဒီစစ်တပ်တီးဝိုင်းက ရုရှားအမျိုးသားသီချင်းကို တနလာင်္နေ့က တီးခတ်ခဲ့ကြပါတယ်။ ဆော်ဒီအာရေးဗျကို ၂၀၀၇ ခုနှစ်နောက်ပိုင်း ပထမဆုံးလာရောက်တဲ့ ရုရှားခေါင်းဆောင်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြတာပါ။ ဒါပေမယ့်လည်း ၂၀၁၇ ခုနှစ်တုန်းက အမေရိကန်သမ္မတ Donald Trump ရဲ့ဆော်ဒီခရီးစဉ်အတွင်း ကြိုဆိုခဲ့တဲ့ အတိုင်းအတာမျိုးထိတော့ မရောက်ပါဘူး။ အမေရိကန်သမ္မတ Trump ရဲ့ခရီးစဉ် အတွင်းမှာတော့ ဓားက အပါအဝင် ရိုးရာ အစဉ်အလာတွေနဲ့ တခမ်းတနား ကြိုဆိုခဲ့ကြတာပါ။

ပူးတွဲသတင်းစာရှင်းလင်းပွဲမှာတော့ ၂၀၁၇ ခုနှစ် တုန်းက ဆော်ဒီဘုရင်ရဲ့ ရုရှားခရီးစဉ်အတွင်း ရရှိထားတဲ့သဘောတူညီချက်တွေအတိုင်း နှစ်နိုင်ငံကုန်သွယ်ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်နေကြတယ်လို့ ဆော်ဒီဘုရင် Salman က ရုရှား သမ္မတ Putin ကို ပြောဆိုခဲ့ပါတယ်။

”နှစ်နိုင်ငံ ပူးတွဲချုပ်ဆိုထားတဲ့သီးခြား စီးပွားရေးစီမံကိန်း ၃၀ ကျော် ဆောင်ရွက်နေပြီး ဆော်ဒီရဲ့စီးပွားရေးဖွံ့ဖြိုးမှုအတွက် Vision 2030 စီမံကိန်း ဘောင်အတွင်းကနေ ရုရှားတို့ နောက်ထပ်ပါဝင်ဆောင်ရွက်လာရေးကိုလည်းကြိုဆိုပါတယ်။”

ဆော်ဒီအာရေးဗျ ဘုရင့်နိုင်ငံတော် စတင်အခြေတည်စ ၁၉၂၆ ခုနှစ်မှာ အရင်ဆိုဗီယက်ယူနီယံက ပထမဆုံး အသိအမှတ်ပြုခဲ့တာလို့ ဆော်ဒီအရေး သုံးသပ်သူတွေက ပြောကြပါတယ်။ ၁၉၉၀ မှာ နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်တည်ထောင်ခဲ့ပြီးနောက်ပိုင်း ရုရှားနဲ့ ဆော်ဒီအာရေးဗျကြားဆက်ဆံရေးက သိသိသာသာတိုးတက်လာပြီး ပြီးခဲ့တဲ့ နှစ်တွေအတွင်း ပိုလို့တောင်မှ တိုးတက်လာတယ်လို့ ရုရှားသမ္မတ Putin က ပြောပါတယ်။

”၂၀၁၇ ခုနှစ်တုန်းက ဘရင် Salman ရဲ့ ရုရှား ခရီးစဉ် နောက်ပိုင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးတက်လာပြီး ကုန်သွယ်ရေး သဘောတူညီချက်တွေ အများအပြား ရှိခဲ့ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးက သိသိသာသာ တိုးတက်လာပါတယ်။”

ပြီးခဲ့တဲ့နှစ်က နှစ်နိုင်ငံကုန်သွယ်ရေးမှာ ဒေါ်လာ ၂၉ ဘီလျံထိ တိုးတက်ခဲ့တယ်လို့ ဆော်ဒီအရေးသုံးသပ်သူ ဒေါက်တာ Ali al-Anazy က Al Arabiya ရုပ်သံကို ပြောဆိုပါတယ်။ နှစ်နိုင်ငံကြား ဆက်ဆံရေးကြောင့် တခြားမဟာမိတ်တွေနဲ့ မိတ်ဖက်တွေကို အနှောင့်အယှက်မဖြစ်စေရေးလည်း နှစ်ဘက်တို့ ပိုင်းဖြတ်ထားတယ်လို့လည်း သူက ပြောပါတယ်။ ဆော်ဒီအာရေးဗျက အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်းဒေသတွင်း အရေးပါတဲ့မဟာမိတ်ဖြစ်ပြီး ရုရှားရဲ့အရေးကြီး မဟာမိတ်ကတော့ အီရန် အစိုးရ ဖြစ်ပါတယ်။

ဆီးရီးယားနဲ့ ယီမင်နိုင်ငံတွေက ပဋိပက္ခတွေမှာ ဆန့်ကျင်ဘက် ရပ်တည်နေကြတဲ့ အီရန်နဲ့ ဆော်ဒီအာရေးဗျကြား ဆက်ဆံရေးက ဒီနှစ်ပိုင်းတွေအတွင်း ပိုပြီးတင်းမာနေတာပါ။ အီရန်အစိုးရနဲ့ ရုရှားသမ္မတ Putin ကြား ဆက်ဆံရေးကောင်းပြီး အခွင့်အခါကြုံရင် ဆော်ဒီအစိုးရရဲ့သတင်းစကားကို အီရန်အစိုးရထံ ပို့ဆောင်းပေးနိုင်တယ်ဆိုတာမျိုး ရုရှားမီဒီယာက အရိပ်အမြွက် ရေးသားပါတယ်။

ဒီလအစောပိုင်းက တူရကီနိုင်ငံ မြို့တော် Ankara မှာလုပ်တဲ့ တူရကီသမ္မတ Recep Tayyip Erdogan ၊ အီရန်သမ္မတ Hassan Rouhani တို့နဲ့ ထိပ်သီးဆွေးနွေးပွဲအတွင်း ဆော်ဒီအာရေးဗျကို လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ရောင်းချရေး အဆင်သင့်ရှိနေခဲ့ဆိုပြီး ရုရှားသမ္မတ Putin က ဟာသလုပ်ပြီး ပြောပါတယ်။ ဟာသလုပ်တဲ့အနေနဲ့ အခုလို ကမ်းလှမ်းခဲ့တာပါလို့ အဲဒီအချိန်က ရုရှားမီဒီယာက ကာကွယ်ခဲ့ပါတယ်။ ဆော်ဒီနိုင်ငံအရှေ့ပိုင်းက ရေနံလုပ်ကွက်တွေ အပေါ် တိုက်ခိုက်ခံရမှု နောက်ပိုင်းမှာပဲ အခုလို ရုရှားကပြောခဲ့တာပါ။ မောင်းသူမဲ့ဒရုန်းယာဉ်တွေနဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေကို ယီမင်က ဟူသီသူပုန်တွေက သူတို့လက်ချက်လို့ ပြောဆိုထားပေမယ့် ဆော်ဒီဘက်ကတော့ အီရန်ရဲ့လက်ချက်လို့ ပြစ်တင်ပြောဆိုထားတာ ဖြစ်ပါတယ်။

ရုရှားသမ္မတ Putin ရဲ့ဆော်ဒီ ခရီးစဉ်ဟာဆိုရင် ဆော်ဒီနဲ့ အီရန်ကြား ကြားဝင်စေ့စပ်သူလုပ်ဖို့ ကြိုးစားနေကြောင်း ရုရှားဘက်က အချက်ပြလိုက်တာဖြစ်တယ်လို့ ဝါရှင်တန်အခြေစိုက် ပင်လယ်ကွေ့ဒေသဆိုင်ရာသုံးသပ်သူ Theodore Karasik က ပြောပါတယ်။ ဒါ့အပြင် နောက်လထဲကျင်းပမယ့် ဒူဘိုင်းလေကြောင်းဆိုင်ရပြပွဲမှာ ရုရှားဘက်က လက်နက်တွေ ရောင်းချမှုနဲ့ မောင်းသူမဲ့ဒရုန်းယာဉ်နဲ့ တခြား ခြိမ်းခြောက်မှုတွေကို တန်ပြန်နိုင်မယ့် အဆင့်မြင့်နည်းပညာတွေ ကမ်းလှမ်းနိုင်ခြေ ရှိတယ်ဆိုတဲ့ ရုရှားရဲ့ရည်ရွယ်ချက်ကို ပြသလိုက်တာလို့လည်း သူက ထပ်လောင်းပြောပါတယ်။

ဒေသတွင်းမှာ သြဇာအာဏာစုစည်းနိုင်အောင် ရုရှားသမ္မတ Putin နဲ့ ရုရှားဘက်က သွက်သွက်လ

က်လက် ဆောင်ရွက်လာတာလို့အမေရိကန် အမျိုးသား ကာကွယ်ရေး တက္ကသိုလ် ပါမောက္ခ ဒေါက်တာ Paul Sullivan က ဗွီအိုအေကို ပြောပါတယ်။ ရုရှားသမ္မတ Putin ဟာဆိုရင် အီဂျစ်မှာ နျူးကလီးယား ဓာတ်အားပေး စက်ရုံတွေ တည်ဆောက်မှု၊ ဆီးရီးယားမှာ စစ်ရေးအရ ဝင်ရောက်မှုနဲ့ ဆော်ဒီအာရေးဗျနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုတို့မှာ သဘောတူညီချက်တွေနဲ့ ဒေသတွင်းမှာ လူမိုက်ခေါင်းဆောင် ဖြစ်လာနေတယ်လို့လည်း သူက ပြောပါတယ်။ ဒေသတွင်း အရေးမှာ အမေရိကန်ရဲ့ အစီအစဉ်မကျ၊ ပရမ်းပတာနဲ့ ဗျူဟာမြောက် တန်ပြန်ဆောင်ရွက်ချက်တွေလို့ သူက ပြောပြီး အဲဒီအပေါ်မှာ ရုရှား သမ္မတ Putin က အမြတ်ထုတ်နေတာ ရှင်းတယ်လို့လည်း သူက ပြောပါတယ်။ ဆော်ဒီအာရေးဗျမှာ နျူးကလီးယား ဓာတ်အားပေး စက်ရုံ တည်ဆောက်ရေးမှာ အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ရုရှားက ကမ်းလှမ်းထားတယ် ဆိုပြီးလည်း Jeruslem Post က တနလာင်္နေ့မှာ တွစ်တာ လူမှုကွန်ယက်မှာ ရေးသားပါတယ်။ ဒါပေမယ့် ဒီပြောဆိုချက် အပေါ်မှာတော့ ဗွီအိုအေ အနေနဲ့ သီးခြား အတည်ပြုချက် မရှိပါဘူး။

႐ု႐ွားသမၼတ Putin ရဲ႕ ေဆာ္ဒီအာေရးဗ် ခရီး
please wait

No media source currently available

0:00 0:05:07 0:00
တိုက္႐ိုက္ လင့္ခ္

XS
SM
MD
LG