သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆီးရီးယားအေရွ႕ေျမာက္ပိုင္းထဲ အေမရိကန္စစ္တပ္ယာဥ္ေတြ ဝင္သြား


ဆီးရီးယားေျမာက္ပိုင္းမွ ဆုတ္ခြာခ်ိန္က ေတြ႔ခဲ့ရသည့္ အေမရိကန္ စစ္တပ္ယာဥ္တန္းတခု။ ေအာက္တိုဘာ ၂၁၊ ၂၀၁၉။

(Zawgyi/Unicode)

အေမရိကန္ စစ္တပ္ေမာ္ေတာ္ယာဥ္တန္းတခုဟာ စေနေန႔က အီရတ္ႏုိင္ငံကေန ဆီးရီးယားႏုိ္င္ငံ အေရွ႕ေျမာက္ပိုင္း Qamishli ၿမိဳ႕ေလးထဲ ဝင္လာတာကို အာရပ္ 24 ႐ုပ္သံသတင္းမွာ ျပသခဲ့ပါတယ္။

ေလေၾကာင္းအကာအကြယ္ေပးထားတဲ့ အေမရိကန္ စစ္ယာဥ္ ၁၃ စင္းဟာ အီရတ္နဲ႔ ဆီးရီးယားၾကားက al-Waleed နယ္စပ္ ကင္းစခန္းကိုျဖတ္ၿပီး ဝင္လာတယ္လို႔လည္း ေဖာ္ျပထားပါတယ္။

ဒါဟာ ဆီးရီးယားအေရွ႕ေျမာက္ပိုု္င္းကေန အေမရိကန္တပ္သား ၁,၀၀၀ ကို ျပန္ေခၚယူ ခဲ့ၿပီးတဲ့ေနာက္ ရက္အေတာ္ၾကာမွာ ျပန္ဝင္လာတာလည္း ျဖစ္ပါတယ္။

ဆီးရီးယားအေရွ႕ပိုင္းေဒသမွာ တပ္ေတြတိုးျမႇင့္ၿပီး ဆက္လက္ ေနရာခ်ထားဖို႔ အေမရိကန္ျပည္ေထာင္စုက စီစဥ္ေနပါတယ္။

ဆီးရီးယားက ေရနံလုပ္ကြက္ေတြ အိုင္အက္စ္ စစ္ေသြးႂကြေတြလက္ထဲ မေရာက္ေစဖို႔ အဲဒီေနရာကို အေမရိကန္တပ္သားေတြနဲ႔ သံခ်ပ္ကာကားေတြ ေစလႊတ္မယ္လို႔ အေမရိကန္ကာကြယ္ေရးဝန္ႀကီး Mark Esper က ေသာၾကာေန႔က ေျပာခဲ့တာပါ။

အေမရိကန္တပ္ေတြ ဆီးရီးယားကေန ႐ုပ္သိမ္းလိုက္တာနဲ႔ အိုင္အက္စ္စစ္ေသြးႂကြေခ်မႈန္းေရးမွာ အေမရိကန္နဲ႔ အတူလက္တြဲတိုက္ခဲ့တဲ့ YPG Kurds ျပည္သူ႔စစ္ေတြကို တူရကီက ခ်က္ခ်င္းလိုလို ဆီးရီးယားနယ္စပ္ျဖတ္ က်ဴးေက်ာ္ၿပီး ပစ္မွတ္ထား တိုက္ခိုက္ခဲ့တာျဖစ္ပါတယ္။

တခ်ိန္ထဲမွာပဲ တူရကီနဲ႔ ႐ုရွားတို႔ၾကား ဒီသီတင္းပတ္အေစာပိုင္းက ရရွိခဲ့တဲ့ သေဘာတူညီ ခ်က္အရ YPG Kurds တပ္ေတြ ဖယ္ေပးရမယ့္ သတ္မွတ္ထားခ်ိန္အတိုင္း ဖယ္မေပးရင္ တူရကီနယ္စပ္၊ ဆီးရီးယားေျမာက္ပိုင္းက Kurds အၾကမ္းဖက္သမားေတြကို တူရကီ စစ္တပ္က ရွင္းလင္းရလိမ့္မယ္လို႔ တူရကီသမၼတ Recep Tayyip Erdogan က စေနေန႔ က ေျပာၾကားခဲ့ပါတယ္။

---------------------------------------

(Unicode)

ဆီးရီးယားအရှေ့မြောက်ပိုင်းထဲ အမေရိကန်စစ်တပ်ယာဉ်တွေ ဝင်သွား

အမေရိကန် စစ်တပ်မော်တော်ယာဉ်တန်းတခုဟာ စနေနေ့က အီရတ်နိုင်ငံကနေ ဆီးရီးယားနို်င်ငံ အရှေ့မြောက်ပိုင်း Qamishli မြို့လေးထဲ ဝင်လာတာကို အာရပ် 24 ရုပ်သံသတင်းမှာ ပြသခဲ့ပါတယ်။

လေကြောင်းအကာအကွယ်ပေးထားတဲ့ အမေရိကန် စစ်ယာဉ် ၁၃ စင်းဟာ အီရတ်နဲ့ ဆီးရီးယားကြားက al-Waleed နယ်စပ် ကင်းစခန်းကိုဖြတ်ပြီး ဝင်လာတယ်လို့လည်း ဖော်ပြထားပါတယ်။

ဒါဟာ ဆီးရီးယားအရှေ့မြောက်ပိုု်င်းကနေ အမေရိကန်တပ်သား ၁,၀၀၀ ကို ပြန်ခေါ်ယူခဲ့ပြီးတဲ့နောက် ရက်အတော်ကြာမှာ ပြန်ဝင်လာတာလည်း ဖြစ်ပါတယ်။

ဆီးရီးယားအရှေ့ပိုင်းဒေသမှာ တပ်တွေတိုးမြှင့်ပြီး ဆက်လက် နေရာချထားဖို့ အမေရိကန်ပြည်ထောင်စုက စီစဉ်နေပါတယ်။

ဆီးရီးယားက ရေနံလုပ်ကွက်တွေ အိုင်အက်စ် စစ်သွေးကြွတွေလက်ထဲ မရောက်စေဖို့ အဲဒီနေရာကို အမေရိကန်တပ်သားတွေနဲ့ သံချပ်ကာကားတွေ စေလွှတ်မယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Mark Esper က သောကြာနေ့က ပြောခဲ့တာပါ။

အမေရိကန်တပ်တွေ ဆီးရီးယားကနေ ရုပ်သိမ်းလိုက်တာနဲ့ အိုင်အက်စ်စစ်သွေးကြွချေမှုန်းရေးမှာ အမေရိကန်နဲ့ အတူလက်တွဲတိုက်ခဲ့တဲ့ YPG Kurds ပြည်သူ့စစ်တွေကို တူရကီက ချက်ချင်းလိုလို ဆီးရီးယားနယ်စပ်ဖြတ် ကျူးကျော်ပြီး ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။။

တချိန်ထဲမှာပဲ တူရကီနဲ့ ရုရှားတို့ကြား ဒီသီတင်းပတ်အစောပိုင်းက ရရှိခဲ့တဲ့ သဘောတူညီချက်အရ YPG Kurds တပ်တွေ ဖယ်ပေးရမယ့် သတ်မှတ်ထားချိန်အတိုင်း ဖယ်မပေးရင် တူရကီနယ်စပ်၊ ဆီးရီးယားမြောက်ပိုင်းက Kurds အကြမ်းဖက်သမားတွေကို တူရကီစစ်တပ်က ရှင်းလင်းရလိမ့်မယ်လို့ တူရကီသမ္မတ Recep Tayyip Erdogan က စနေနေ့က ပြောကြားခဲ့ပါတယ်။

တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG