သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီယားက ကန်တပ်ဖွဲ့ အီရတ်နိုင်ငံထွက်ခွာ


ဆီးရီးယား အရှေ့မြောက်ပိုင်းကနေ ရုပ်သိမ်းလိုက်တဲ့ အမေရိကန်တပ်တွေရဲ့ စစ်ယာဉ်တန်းတခုဟာ ဆီးရီးယားကနေ အီရတ်နိုင်ငံကို ဒီကနေ့ တနင်္လာနေ့ မနက်မှာ ဝင်ရောက်လာခဲ့ပါတယ်။

Erbil မြို့ကို ဦးတည်သွားနေတဲ့ အမေရိကန်စစ် သုံးယာဉ်တွေနဲ့ တပ်ဖွဲ့ဝင်တွေ အီရတ်နိုင်ငံထဲက Kurd လူမျိုးအများစု နေထိုင်တဲ့ ဒေသကို ဖြတ်သွားစဉ်မှာ ဒေါသထွက်နေကြတဲ့ ဒေသခံတွေက အားလူးပုတ်တွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။

ဆီးရီးယား အရှေ့မြောက်ပိုင်းမှာ တပ်စွဲထားတဲ့ အမေရိကန်တပ်တွေကို ရုပ်သိမ်းဖို့ အမေရိကန်သမ္မတ Donald Trump အမိန့်ထုတ်ခဲ့ပြီးနောက် ဆီးရီးယားကနေ အမေရိကန်တပ်တွေ ထွက်ခွာလာကြတာ ဖြစ်ပါတယ်။

အရင်ဆီးရီးယားမှာ ဖြန့်ချထားတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေကို အီရတ်နိုင်ငံအနောက်ပိုင်းမှာ ပြန်လည်ဖြန့်ချထားမှာ ဖြစ်ကြောင်းနဲ့ ဒါမှ IS စစ်သွေးကြွတွေအပေါ် ဆက်လက် တိုက်ခိုက်နိုင်မှာဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး Mark Esper က ပြောကြားခဲ့ပါတယ်။

ဆီးရီးယားမြောက်ပိုင်းမှာ အမေရိကန်တပ်တွေ အများဆုံးချထားတဲ့ အကြီးဆုံးအခြေစိုက်စခန်းကနေ တပ်တွေ ရုပ်သိမ်းလိုက်တာပါ။ တပ်ဖွဲ့ဝင် ၇၀၀ ကျော်ကို အမေရိကန်ပြန်ခေါ်တာ မဟုတ်ဘဲ အီရတ်မှာ ပြောင်းရွှေ့နေရာချတာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး Esper ကပြောပါတယ်။

သမ္မတ Donald Trump ကတော့ အမေရိကန်စစ်သည်တွေ အိမ်ပြန်လာကြမယ်လို့ ပြောကြားထားတာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ဆီးရီးယားမြောက်ပိုင်းကို ဝင်တိုက်နေတဲ့ တူရကီတပ်တွေနဲ့ Kurd တပ်ဖွဲ့တွေကြား ၅ ရက် တိုက်ခိုက်မှုရပ်မယ်လို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က သဘောတူထားတဲ့အတိုင်း အပစ်အခတ်ရပ်နေပုံရတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

ဆီးရီးယားမြောက်ပိုင်း Ras al-Ayn မြို့ကနေ သူတို့တပ်ဖွဲ့ဝင်တွေ ထွက်ခွာသွားပြီလို့ SDF Kurd တပ်ဖွဲ့က ပြောပါတယ်။ တူရကီဘက်ကလည်း Kurd တပ်ဖွဲ့တွေ နောက်ဆုတ်သွားတာကို အနီးကပ်စောင့်ကြည့်နေပြီး Kurd တပ်တွေအနေနဲ့ တူရီနဲ့ ဆီးရီးယားနယ်စပ်ကနေ တော်တော်ဝေးတဲ့အထိ နောက်ဆုတ်သွားဖို့ လိုလားတယ်လို့ ပြောကြားခဲ့ပါတယ်။

[Unicode Version]








တိုက်ရိုက် လင့်ခ်
XS
SM
MD
LG