သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဆီးရီးယားက ႐ုပ္သိမ္းတဲ့ ကန္တပ္ဖြဲ႔ အီရတ္ေျမာက္ပိုင္းမွာ ျဖန္႔ခ်မည္


ဆီးရီးယားရွိ အေမရိကန္တပ္ဖြဲ႔ဝင္တဦး။ (ေအာက္တုိဘာ ၂၀၊ ၂၀၁၉)

ဆီးရီးယားႏုိင္ငံတြင္းက အေမရိကန္ရဲ႕ အႀကီးဆံုး အေျခစိုက္စစ္စခန္းက အေမရိကန္ တပ္ဖြဲ႔ေတြ တနဂၤေႏြေန႔မွာ ႐ုပ္သိမ္းလိုက္ပါၿပီ။

ဆီးရီးယားကေန ႐ုပ္သိမ္းလာတဲ့ အေမရိကန္တပ္ဖြဲ႔ေတြကို အီရတ္ႏုိင္ငံ အေနာက္ပိုင္းမွာ တပ္ခ်မွာျဖစ္ၿပီး ေဒသတြင္းက အစၥလာမၼစ္ အစြန္းေရာက္ IS တိုက္ခိုက္ေရးသမားေတြကို ေခ်မႈန္းမယ့္ အၾကမ္းဖက္၀ါဒ တိုက္ဖ်က္ေရးကို ဆက္လက္ ေဆာင္ရြက္သြားမယ္လို႔ ကာကြယ္ေရး၀န္ႀကီး Mark Esper က ေျပာပါတယ္။

ကာကြယ္ေရး၀န္ႀကီး Esper ရဲ႕ အေျပာအရေတာ့ အေမရိကန္တပ္ဖြဲ႔၀င္ ၇၀၀ ေက်ာ္ကို အီရတ္ကို ေရႊ႕ေျပာင္းတပ္ခ်မွာျဖစ္ၿပီး တပ္ဖြဲ႔၀င္ေတြ ေလာေလာဆယ္မွာေတာ့ အေမရိကန္ကို ျပန္လာႏုိင္ဦးမွာ မဟုတ္ပါဘူး။ သမၼတ Donald Trump ကေတာ့ အေမရိကန္တပ္ဖြဲ႔၀င္ေတြ ဌာေနျပန္လာႏုိင္မယ္ဆိုတဲ့ သေဘာမ်ိဳး ေျပာထားတာပါ။

အီရတ္ႏုိင္ငံကေန ဆီးရီးယားႏုိင္ငံတြင္း သြားၿပီး အေမရိကန္အေနနဲ႔ အၾကမ္းဖက္၀ါဒ တန္ျပန္ေခ်မႈန္းေရး အလားအလာကိုေတာ့ ကာကြယ္ေရး၀န္ႀကီးက မျငင္းပါဘူး။ ဒါေပမယ့္လည္း အစီအစဥ္ေတြကို အခ်ိန္ယူ ေဆာင္ရြက္မွာျဖစ္ၿပီး လာမယ့္ ရက္ပိုင္းေတြအတြင္း NATO ေျမာက္အတၱလႏၱိတ္ စစ္စာခ်ဳပ္အဖြဲ႔ ေဆြးေႏြးပြဲမွာ မဟာမိတ္ေတြနဲ႔လည္း ညႇိႏိႈင္းမယ္လို႔ ေျပာပါတယ္။

အေမရိကန္တပ္ဖြဲ႔ေတြ ဆီးရီးယားႏုိင္ငံထဲ ျပန္သြားရမယ္ဆိုရင္လည္း အေမရိကန္ ေလယာဥ္ေတြနဲ႔ ကာကြယ္ေပးမွာ ျဖစ္တယ္လို႔လည္း ကာကြယ္ေရး၀န္ႀကီးက ေျပာပါတယ္။ လက္ရွိမွာေတာ့ အေမရိကန္နဲ႔ အီရတ္ၾကား သေဘာတူညီခ်က္အရ အီရတ္ႏုိင္ငံတြင္းမွာ အေမရိကန္တပ္ဖြဲ႔၀င္ ၅၀၀၀ ေလာက္ ရွိေနပါတယ္။

----------------------------------

(Unicode)

ဆီးရီးယားက ရုပ်သိမ်းတဲ့ ကန်တပ်ဖွဲ့ အီရတ်မြောက်ပိုင်းမှာ ဖြန့်ချမည်

ဆီးရီးယားနိုင်ငံတွင်းက အမေရိကန်ရဲ့ အကြီးဆုံး အခြေစိုက်စစ်စခန်းက အမေရိကန် တပ်ဖွဲ့တွေ တနင်္ဂနွေနေ့မှာ ရုပ်သိမ်းလိုက်ပါပြီ။

ဆီးရီးယားကနေ ရုပ်သိမ်းလာတဲ့ အမေရိကန်တပ်ဖွဲ့တွေကို အီရတ်နိုင်ငံ အနောက်ပိုင်းမှာ တပ်ချမှာဖြစ်ပြီး ဒေသတွင်းက အစ္စလာမ္မစ် အစွန်းရောက် IS တိုက်ခိုက်ရေးသမားတွေကို ချေမှုန်းမယ့် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးကို ဆက်လက် ဆောင်ရွက်သွားမယ်လို့ ကာကွယ်ရေးဝန်ကြီး Mark Esper က ပြောပါတယ်။

ကာကွယ်ရေးဝန်ကြီး Esper ရဲ့ အပြောအရတော့ အမေရိကန်တပ်ဖွဲ့ဝင် ၇၀၀ ကျော်ကို အီရတ်ကို ရွှေ့ပြောင်းတပ်ချမှာဖြစ်ပြီး တပ်ဖွဲ့ဝင်တွေ လောလောဆယ်မှာတော့ အမေရိကန်ကို ပြန်လာနိုင်ဦးမှာ မဟုတ်ပါဘူး။ သမ္မတ Donald Trump ကတော့ အမေရိကန်တပ်ဖွဲ့ဝင်တွေ ဌာနေပြန်လာနိုင်မယ်ဆိုတဲ့ သဘောမျိုး ပြောထားတာပါ။

အီရတ်နိုင်ငံကနေ ဆီးရီးယားနိုင်ငံတွင်း သွားပြီး အမေရိကန်အနေနဲ့ အကြမ်းဖက်ဝါဒ တန်ပြန်ချေမှုန်းရေး အလားအလာကိုတော့ ကာကွယ်ရေးဝန်ကြီးက မငြင်းပါဘူး။ ဒါပေမယ့်လည်း အစီအစဉ်တွေကို အချိန်ယူ ဆောင်ရွက်မှာဖြစ်ပြီး လာမယ့် ရက်ပိုင်းတွေအတွင်း NATO မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ ဆွေးနွေးပွဲမှာ မဟာမိတ်တွေနဲ့လည်း ညှိနှိုင်းမယ်လို့ ပြောပါတယ်။

အမေရိကန်တပ်ဖွဲ့တွေ ဆီးရီးယားနိုင်ငံထဲ ပြန်သွားရမယ်ဆိုရင်လည်း အမေရိကန် လေယာဉ်တွေနဲ့ ကာကွယ်ပေးမှာ ဖြစ်တယ်လို့လည်း ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ လက်ရှိမှာတော့ အမေရိကန်နဲ့ အီရတ်ကြား သဘောတူညီချက်အရ အီရတ်နိုင်ငံတွင်းမှာ အမေရိကန်တပ်ဖွဲ့ဝင် ၅၀၀၀ လောက် ရှိနေပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG