သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီယားကို စစ်ရေးအရပါ အရေးယူဖို့ ကန်စဉ်းစား


အမေရိကန် ကာကွယ်ရေး ဝန်ကြီး Jim Mattis
အမေရိကန် ကာကွယ်ရေး ဝန်ကြီး Jim Mattis

ဆီးရီးယား အပေါ် စစ်ရေးအရ အရေးယူဖို့ ဆိုတဲ့ ကိစ္စကို အမေရိကန်တို့ ပစ်ပယ်မထားဘူးလို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး Jim Mattis က ပြောဆိုထားပါတယ်။ အမေရိကန် သမ္မတ Donald Trump က အဆင်အခြင်မဲ့ ဓာတုလက်နက်နဲ့ တိုက်ခိုက်မှုလို့ ပြောဆိုခဲ့ပြီး တန်ဖိုးကြီးကြီး ပေးဆပ်ရမယ်လို့ တွစ်တာ လူမှုကွန်ယက်မှာ ရေးသားခဲ့ပြီးနောက်မှာ ကာကွယ်ရေး ဝန်ကြီးက အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဒီကိစ္စကို ကိုင်တွယ်ဖို့ အတွက် အမေရိကန်က NATO - မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့၊ ကာတာ နောက် ကမ္ဘာတလွှားက မဟာမိတ်တွေနဲ့ အတူဆောင်ရွက်နေတယ်လို့ ဝန်ကြီး Mattis က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

ဓာတုလက်နက်အားလုံး ရှင်းလင်းပစ်ရေး လုပ်ငန်းစဉ်မှာ ရုရှားက အာမခံထားတဲ့ ကြားကဘဲ ဓာတုလက်နက်တွေ ဘာကြောင့် ဆက်ပြီး သုံးနေလဲ ဆိုတာကို အရင်ဆုံး ကြည့်ကြရမယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး Mattis က ပြောဆိုခဲ့ပါတယ်။ ကာတာ စော်ဘွား Sheikh Tamim bin Hamad al-Thani နဲ့လည်း အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်မှာ တနလာၤနေ့ တွေ့ဆုံခဲ့ပါတယ်။

ဆီးရီးယား နိုင်ငံတွင်းက ဓာတုလက်နက်နဲ့ တိုက်ခိုက်မှုတွေကို အပြင်းအထန် ရှုတ်ချကြောင်း၊ ဆီးရီးယား သမ္မတ Bashar al-Assad အစိုးရ အနေနဲ့ လူ့အခွင့်အရေး ချုးဖောက်မှုတွေကို တာဝန်ခံရမယ်ဆိုတဲ့ အပေါ် အမေရိကန် သမ္မတ Donald Trump နဲ့ ပြင်သစ် သမ္မတ Emmanuel Macron တို့ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ အိမ်ဖြူတော်က မနေ့ တနင်္ဂနွေနေ့ နှောင်းပိုင်းမှာ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG