သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား ဓါတုတိုက်ခိုက်မှု တုံ့ပြန်ဖို့ ကန် မဟာမိတ်တွေနဲ့တိုင်ပင်


ဆီရီးယားနိုင်ငံက သူပုန်တွေထိန်းချုပ်ထားတဲ့ မြို့တမြို့အပေါ် ဆီးရီးယားအစိုးရတပ်တွေက ဓါတုလက်နက်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ သံသယရှိပြီးနောက် ဆီးရီးယားအပေါ် စစ်ရေးဆောင်ရွက်မှုတွေကို ဘယ်လို တိုးမြှင့်လုပ်မလဲဆိုတာကို အမေရိကန်က မဟာမိတ်နိုင်ငံတွေနဲ့ အင်္ဂါနေ့က တိုင်ပင်ဆွေးနွေးခဲ့ပါတယ်။

အားလုံးပူးပေါင်းတုံ့ပြန်နိုင်မယ့် နည်းလမ်းတွေကို စဉ်းစားနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Heather Nauert ကပြောကြားခဲ့ပါတယ်။ စနေနေ့တုန်းက လူ ၄၀ ထက်မနည်းသေဆုံးခဲ့တဲ့ အရှေ့ Ghouta အပေါ် တိုက်ခိုက်ခိုက်မှုအတွက် တာဝန်ရှိသူတွေ အကြီးအကျယ်ပေးဆပ်ရလိမ့်မယ်လို့ သမ္မတ Donald Trump က သတိပေးခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုကို တုံ့ပြန်ဖို့အတွက် ပြီးခဲ့တဲ့ရက်တွေက သမ္မတ Turmp ဟာ ဗြိတိန်၊ ပြင်သစ်ခေါင်းဆောင်တွေနဲ့ အကြိမ်ကြိမ် ဆွေးနွေးခဲ့ပါတယ်။ ဓါတုတိုက်ခိုက်မှုတွေအတွက် ဆီးရီးယားသမ္မတ Bashar al-Assad နဲ့ ဆီးရီးယားအစိုးရကို ထောက်ခံနေတဲ့ အီရန်နဲ့ ရုရှားတို့ကို သမ္မတ Trump ကအပြစ်တင်ခဲ့ပါတယ်။ သမ္မတ Assad ကတော့ စွပ်စွဲမှုတွေကို ငြင်းဆန်ပါတယ်။

ဖြစ်ပျက်ခဲ့တာတွေကို စုံစမ်းဖို့ စုံစမ်းရေးအဖွဲ့တဖွဲ့ကို စေလွှတ်မယ်လို့ ကမ္ဘာမှာ ဓါတုလက်နက်သုံးစွဲမှု ရှိမရှိ စောင့်ကြည့်နေတဲ့ အဖွဲ့က အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။ တိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အမေရိကန်တင်ပြခဲ့တဲ့ အစီအစဉ်မူကြမ်းကို ရုရှားနိုင်ငံက အင်္ဂါနေ့က Veto အာဏာသုံးပယ်ချခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG