သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားဓါတုတိုက်ခိုက်မှု တုံ့ပြန်ဖို့ ကန် ၂၄ နဲ့ ၄၈ နာရီအတွင်း ဆုံးဖြတ်မည်


ဆီးရီးယားတိုက်ပွဲတခု
ဆီးရီးယားတိုက်ပွဲတခု

ဆီးရီးယားမှာ ရက်စက်ကြမ်းကြုတ်တဲ့ ဓာတုလက်နက်နဲ့ တိုက်ခိုက်မှုကို အမေရိကန် သမ္မတ Donald Trump က တနင်္လာနေ့မှာ ပြစ်တင်ရှုတ်ချလိုက်ပြီး တိုက်ခိုက်မှုကို အမေရိကန်က ဘယ်လို တုံ့ပြန်သွားမလဲ ဆိုတဲ့ အဓိကဆုံးဖြတ်ချက်တွေကိုလည်း ၂၄ နာရီနဲ့ ၄၈ နာရီအတွင်း ချမှတ်သွားမယ်လို့ဆိုပါတယ်၊၊

ဒီတိုက်ခိုက်မှုမှာ တာဝန်ရှိသူဟာ ဆီးရီးယားလား၊ ရုရှားလား ၊ အီရန်လား ဒါမှမဟုတ် အားလုံး ပေါင်းလုပ်တာလားဆိုတာကို အမေရိကန်က ဖော်ထုတ်သွားမယ်လို့ အိမ်ဖြူတော် အစည်းအဝေးမှာ သမ္မတ Trump က ဝန်ကြီးအဖွဲ့ကိုပြောပါတယ်၊၊

စနေနေ့က လူ၄၀သေဆုံး ခဲ့တဲ့ သူပုန်တို့သိမ်းပိုက်ထားတဲ့ Damascus မြို့ဆင်ခြေဖုံးဒေသတခုမှာ ဓာတုလက်နက်နဲ့ တိုက်ခိုက်မှုအတွက် ဆီးရီးယား အပေါ် စစ်ရေးအရ အရေးယူဖို့ ကိစ္စကို အမေရိကန်တို့ ပစ်ပယ်မထားဘူးလို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး Jim Mattis က စောစောပိုင်းက ပြောဆိုထားပါတယ်။ အမေရိကန် သမ္မတ Donald Trump က အဆင်အခြင်မဲ့ ဓာတုလက်နက်နဲ့ တိုက်ခိုက်မှုလို့ ပြောဆိုခဲ့ပြီး တန်ဖိုးကြီးကြီး ပြန်လည်ပေးဆပ်ရမယ်လို့ တွစ်တာ လူမှုကွန်ယက်မှာ ရေးသားခဲ့ပြီးနောက်မှာ ကာကွယ်ရေး ဝန်ကြီး Jim Mattis က အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဆီးရီးယားက ၂၀၁၁ ခုနှစ် ပဋိပက္ခစတင်ခဲ့ ချိန်ကတည်းက စပြီး ဆီရီးယားအပေါ် သံသယရှိနေကြတဲ့ အခုလတ်တလော တိုက်ခိုက်မှုအဆုံး ဓာတုလက်နက်အသုံးခြင်းမရှိခဲ့ပါဘူးလို့ ငြင်းဆိုထားပါတယ်၊၊ ဆီရီးယား က တိုက်ခိုက်တယ်လို့ ပြောဖို့ အထောက်အထားမရှိဘူးလို့ ရုရှားကပြောပါတယ်၊၊

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG