သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သမၼတ Trump နဲ႔ ေဆြးေႏြးပြဲက ဒီမိုကရက္ေတြ ႐ုတ္တရက္ထြက္ခြာ


အေမရိကန္ သမၼတ ေဒၚနယ္လ္ဒ္ ထရမ့္ပ္နဲ႔ အိမ္ျဖဴေတာ္မွာ တူရကီ-ဆီးရီးယား နယ္စပ္အေရး ေတြ႔ဆံုေဆြးေႏြးပြဲကေန ေအာက္လႊတ္ေတာ္ ဒီမိုကရက္အမတ္ေတြ ႐ုတ္တရက္ ျပန္ထြက္သြားၾကပါတယ္။ သမၼတက ေအာက္လႊတ္ေတာ္ဥကၠ႒ ဒီမုိကရက္အမတ္ Nancy Pelosi ကို “တတိယတန္းစား ႏုိ္င္ငံေရးသမား” လို႔ ေခၚတဲ့အေၾကာင္း တက္ေရာက္သူေတြကေျပာပါတယ္။

ဆီးရီးယားက အေမရိကန္တပ္ဖြဲ႔ေတြကို ႐ုပ္သိမ္းဖို႔ သမၼတထရမ့္ပ္က ဆံုးျဖတ္ခဲ့တာကို ကန္႔ကြက္တဲ့ ဆံုးျဖတ္ခ်က္တခုကို ေအာက္လႊတ္ေတာ္မွာ ပါတီႏွစ္ရပ္စလံုးက အမတ္အမ်ားစုရဲ႕ ေထာက္ခံခ်က္နဲ႔ ဗုဒၶဟူးေန႔က အတည္ျပဳလိုက္ၿပီးတဲ့ေနာက္ သမၼတနဲ႔ ေအာက္လႊတ္ေတာ္ ဒီမိုကရက္ေတြၾကား ေတြ႔ဆံုေဆြးေႏြးဖို႔ စီစဥ္တာပါ။

ဒီဆံုးျဖတ္ခ်က္ကို ရီပတ္ဘလီကန္အမတ္ေတြကပါ ေထာက္ခံတဲ့အတြက္ သမၼတက မေက်မနပ္ျဖစ္ေနတာလို႔ မစၥစ္ Pelosi က သတင္းေထာက္ေတြကို ေျပာပါတယ္။
ေအာက္လႊတ္ေတာ္ လူမ်ားစုေခါင္းေဆာင္ Steny Hoyer ကလည္း “က်ေနာ္တို႔ အေတာ့္ကိုပဲ ေစာ္ကားခံခဲ့ရပါတယ္၊ တိုင္းျပည္ အုပ္ခ်ဳပ္ေရးမွာ တန္းတူညီမွ်အဆင့္ရွိတဲ့ မ႑ိဳင္ႀကီးတခုကို သမၼတတေယာက္က ဒီေလာက္ မေလးမစား ျပဳမူဆက္ဆံတာမ်ဳိး က်ေနာ္ ဘယ္တုန္းကမွ မျမင္ဖူးပါဘူး” လို႔ အိမ္ျဖဴေတာ္ အေနာက္ဘက္ျခမ္းမွာ သတင္းေထာက္ေတြကို ေျပာပါတယ္။

ေအာက္လႊတ္ေတာ္ကဆံုးျဖတ္ခ်က္ထဲမွာ ထိုးစစ္ဆင္ေနတာကို ခ်က္ျခင္းရပ္ဖို႔ တူရကီသမၼတ Erdogan ကိုေတာင္းဆုိထားသလို ကာ့ဒ္ေတြကို အေမရိကန္က ဆက္ၿပီး ကူညီေထာက္ပံ့သြားဖို႔လည္း ေတာင္းဆိုထားပါတယ္။
ISIS အစြန္းေရာက္အဖြဲ႔ကို အၿပီးျပတ္ႏွိမ္နင္းေရး ရွင္းလင္းတိက်တဲ့ အစီအစဥ္တခု ခ်ျပဖို႔လည္း အစိုးရအဖြဲ႔ကို ေတာင္းဆိုထားပါ တယ္။

အပစ္ရပ္ဖို႔ အေမရိကန္က ေတာင္းဆိုေနတဲ့ၾကားမွာပဲ သမၼတ Erdogan ကေတာ့ ဆက္တိုက္သြားမယ္လုိ႔ ေျပာထားပါတယ္။ သမၼတထရမ့္ပ္ကေတာ့ ဆီးရီးယားေတာင္ပိုင္းကို တူရကီက က်ဴးေက်ာ္တိုက္ခိုက္မႈအတြက္ သူ႔မွာ တာဝန္ရွိတယ္လို႔ ေဝဖန္ ေျပာဆိုၾကတာကို အျပင္းအထန္ တုန္႔ျပန္ ပယ္ခ်ပါတယ္။
သူနဲ႔ တူရကီသမၼတ Recep Tayyip Erdogan တို႔ၾကား ထိစပ္မႈေတြမွာ ကာ့ဒ္ေတြကို ထိုးစစ္ဆင္ဖို႔ လမ္းဖြင့္ေပးခဲ့သလားလို႔ ဗုဒၶဟူးေန႔ သတင္းစာရွင္းလင္းပြဲအတြင္း ေမးတဲ့အေပၚ သမၼတထရမ့္ပ္က “က်ေနာ္ သူ႔ကို မီးစိမ္းျပခဲ့တာမဟုတ္ဘူး” လို႔ ျပန္ေျဖ ပါတယ္။

ဒါေပမယ့္ ရီပတ္ဘလီကန္ အမတ္ေတြကေရာ ဒီမိုကရက္အမတ္ေတြကပါ တူရကီက ထိုးစစ္ဆင္ႏုိင္ေအာင္ သမၼတက လမ္းဖြင့္ ေပးလိုက္တာလို႔ စြပ္စြဲေျပာဆုိေနၾကတာပါ။ သမၼတကေတာ့ “တူရကီနဲ႔ ဆီးရီးယားၾကား ျဖစ္တဲ့စစ္မွာ က်ေနာ္ ဝင္ပါမွာမဟုတ္ ဘူး” လို႔ ေျပာေနပါတယ္။

(Unicode)

သမ္မတ Trump နဲ့ ဆွေးနွေးပွဲက ဒီမိုကရက်တွေ ရုတ်တရက်ထွက်ခွာ

သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်နဲ့ အိမ်ဖြူတော်မှာ တူရကီ-ဆီးရီးယား နယ်စပ်အရေး တွေ့ဆုံဆွေးနွေးပွဲကနေ အောက်လွှတ်တော် ဒီမိုကရက်အမတ်တွေ ရုတ်တရက် ပြန်ထွက်သွားကြပါတယ်။ သမ္မတက အောက်လွှတ်တော်ဥက္ကဋ္ဌ ဒီမိုကရက်အမတ် Nancy Pelosi ကို “တတိယတန်းစား နိုင်ငံရေးသမား” လို့ ခေါ်တဲ့အကြောင်း တက်ရောက်သူတွေကပြောပါတယ်။
ဆီးရီးယားက အမေရိကန်တပ်ဖွဲ့တွေကို ရုပ်သိမ်းဖို့ သမ္မတထရမ့်ပ်က ဆုံးဖြတ်ခဲ့တာကို ကန့်ကွက်တဲ့ ဆုံးဖြတ်ချက်တခုကို အောက်လွှတ်တော်မှာ ပါတီနှစ်ရပ်စလုံးက အမတ်အများစုရဲ့ ထောက်ခံချက်နဲ့ ဗုဒ္ဓဟူးနေ့က အတည်ပြုလိုက်ပြီးတဲ့နောက် သမ္မတနဲ့ အောက်လွှတ်တော် ဒီမိုကရက်တွေကြား တွေ့ဆုံဆွေးနွေးဖို့ စီစဉ်တာပါ။
ဒီဆုံးဖြတ်ချက်ကို ရီပတ်ဘလီကန်အမတ်တွေကပါ ထောက်ခံတဲ့အတွက် သမ္မတက မကျေမနပ်ဖြစ်နေတာလို့ မစ္စစ် Pelosi က သတင်းထောက်တွေကို ပြောပါတယ်။
အောက်လွှတ်တော် လူများစုခေါင်းဆောင် Steny Hoyer ကလည်း “ကျနော်တို့ အတော့်ကိုပဲ စော်ကားခံခဲ့ရပါတယ်၊ တိုင်းပြည် အုပ်ချုပ်ရေးမှာ တန်းတူညီမျှအဆင့်ရှိတဲ့ မဏ္ဍိုင်ကြီးတခုကို သမ္မတတယောက်က ဒီလောက် မလေးမစား ပြုမူဆက်ဆံတာမျိုး ကျနော် ဘယ်တုန်းကမှ မမြင်ဖူးပါဘူး” လို့ အိမ်ဖြူတော် အနောက်ဘက်ခြမ်းမှာ သတင်းထောက်တွေကို ပြောပါတယ်။
အောက်လွှတ်တော်ကဆုံးဖြတ်ချက်ထဲမှာ ထိုးစစ်ဆင်နေတာကို ချက်ခြင်းရပ်ဖို့ တူရကီသမ္မတ Erdogan ကိုတောင်းဆိုထားသလို ကာ့ဒ်တွေကို အမေရိကန်က ဆက်ပြီး ကူညီထောက်ပံ့သွားဖို့လည်း တောင်းဆိုထားပါတယ်။
ISIS အစွန်းရောက်အဖွဲ့ကို အပြီးပြတ်နှိမ်နင်းရေး ရှင်းလင်းတိကျတဲ့ အစီအစဉ်တခု ချပြဖို့လည်း အစိုးရအဖွဲ့ကို တောင်းဆိုထားပါ တယ်။
အပစ်ရပ်ဖို့ အမေရိကန်က တောင်းဆိုနေတဲ့ကြားမှာပဲ သမ္မတ Erdogan ကတော့ ဆက်တိုက်သွားမယ်လို့ ပြောထားပါတယ်။
သမ္မတထရမ့်ပ်ကတော့ ဆီးရီးယားတောင်ပိုင်းကို တူရကီက ကျူးကျော်တိုက်ခိုက်မှုအတွက် သူ့မှာ တာဝန်ရှိတယ်လို့ ဝေဖန် ပြောဆိုကြတာကို အပြင်းအထန် တုန့်ပြန် ပယ်ချပါတယ်။
သူနဲ့ တူရကီသမ္မတ Recep Tayyip Erdogan တို့ကြား ထိစပ်မှုတွေမှာ ကာ့ဒ်တွေကို ထိုးစစ်ဆင်ဖို့ လမ်းဖွင့်ပေးခဲ့သလားလို့ ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲအတွင်း မေးတဲ့အပေါ် သမ္မတထရမ့်ပ်က “ကျနော် သူ့ကို မီးစိမ်းပြခဲ့တာမဟုတ်ဘူး” လို့ ပြန်ဖြေ ပါတယ်။
ဒါပေမယ့် ရီပတ်ဘလီကန် အမတ်တွေကရော ဒီမိုကရက်အမတ်တွေကပါ တူရကီက ထိုးစစ်ဆင်နိုင်အောင် သမ္မတက လမ်းဖွင့် ပေးလိုက်တာလို့ စွပ်စွဲပြောဆိုနေကြတာပါ။ သမ္မတကတော့ “တူရကီနဲ့ ဆီးရီးယားကြား ဖြစ်တဲ့စစ်မှာ ကျနော် ဝင်ပါမှာမဟုတ် ဘူး” လို့ ပြောနေပါတယ်။

တိုက္႐ိုက္ လင့္ခ္
XS
SM
MD
LG